စစ်ကိုင်းနရပတိစည်သူ: တည်းဖြတ်မှု မူကွဲများ

transferring the text from the page စလင်း စည်သူကျော်ထင်
စာကြောင်း ၁၈ -
၉၀၆ ခုတွင် လုလင်ကျော်မှူး ခေါင်းဆောင်သော စည်သူကျော်ထင်၏ တပည့်တပန်းများက စည်သူကျော်ထင် ရှင်သီဟကို လုပ်ကြံသည်။ စည်သူကျော်ထင် ရှင်သီဟက ပြည်သို့ ပြန်ပြေးသည်။ ထို့နောက် အင်းဝ၌ စစ်ရှောင်နေသော စည်သူကျော်ထင်ကို ပြန်ခေါ်ကာ တပည့်များက မြို့ကိုအပ်သည်။ မကြာမီပင် စည်သူကျော်ထင် ရှင်သီဟက ဆင်မြင်းအလုံးအရင်းနှင့် ချီလာပြန်၍ ဆင်တစီးနှင့် ကိုယ်ထီးပြေးရသည်။ စလင်း အနောက်မြောက်ဘက် လောင်းရှည်မှာသည် ချင်းတောင်တိုင်အောင် ကြောက်လန့်တကြား ပြေးသည်။ နောက် မုန်ယိုကာ ဆင် တောဝင်သွားသဖြင့် တောထဲ၌ နေနေသည်။ ချင်းများက ဖမ်းကာ မိုးညှင်း စလုံငယ်သို့ အပ်သည်။
 
=== မိုးညှင်းစော်ဘွား၏ မြှောက်ပေးမှု ===
မိုးညှင်း စလုံငယ်မှာ အစ်ကို သိုဟံဘွားကို ဗမာများက လုပ်ကြံထားသဖြင့် အင်းဝကို အစာမကျေ။ သို့သော် မင်းကြီးရန်နောင်၏ အကွက်ကျမှုကြောင့် နောက်တက်မင်း အုန်းဘောင် ခုံမှိုင်းမှာ ရှမ်းဖြစ်နေသည်။ လူအား လက်ညှိုးထိုးမရပြီဖြစ်၍ နန်းကို လက်ညှိုးထိုးလိုသော မိုးညှင်း စလုံက ယခင်မိတ်ဖြစ်ဖူးသည့် စလင်းစားကို အင်အားတချို့ပေးကာ စစ်ကိုင်း၌ ဗိုလ်ဝင်ခံစေသည်။ ၉၀၇ ခုတွင် စည်သူကျော်ထင် စစ်ကိုင်း၌ မြို့တည်ကာ လူသူစုသည်။<ref>ကုလား(ဦး) မဟာရာဇဝင်တော်ကြီး၊ ဒုတိယအုပ်၊ နှာ-၁၄၂−၁၄၃၊</ref> ထိုနှစ်ပင် ခုံမှိုင်းသေကာ သားကြီး မိုးဗြဲစား နန်းတက်သည်။