ဘုရင်ထွေး: တည်းဖြတ်မှု မူကွဲများ

"'''ဘုရင်ထွေး''' (ကောဇာ ??? - ၈၉၄) သည် ပြည်မြို့နှင့် မြို့ရံ မြို့ကျေးများကို စိုးအုပ်သော ပဒေသရာဇ်မင်းတပါး ဖြစ်သည်။ <ref>မှန်နန်းမဟာ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၁:၀၇၊ ၁၀ ဩဂုတ် ၂၀၂၁ ရက်နေ့က မူ

ဘုရင်ထွေး (ကောဇာ ??? - ၈၉၄) သည် ပြည်မြို့နှင့် မြို့ရံ မြို့ကျေးများကို စိုးအုပ်သော ပဒေသရာဇ်မင်းတပါး ဖြစ်သည်။ [၁]

ငယ်ဘဝ

သာယာဝတီ ဆင်ဖြူရှင် သတိုးမင်းစောက နောင်တော် ပြည် ဆင်များရှင် မင်းကြီးစွာ မိဖုရား မရီးဖြစ်သူကို နန်းဆက်တင်ရာ ဘုရင်ထွေးကို မြင်သည်။

နန်းစံကာလ

၈၈၈ ခု၌ အဝပျက်ကာ ရှမ်းတို့လက်အောက် ရောက်သည်တွင် ပြည်မှာလည်း သတိုးမင်းစော လွန်သည်။ ထိုနှစ်တွင် ဘုရင်ထွေး နန်းတက်သည်။

အဝမှ ရှမ်းတို့ စစ်ချီလာခြင်း

၈၉၄ ခုတွင် မိုးညှင်း စလုံနှင့် သား အဝ သိုဟန်ဘွားတို့ ပြည်သို့ စစ်ချီလာသည်။ အင်အားများသဖြင့် လက်ဆောင်ပဏ္ဏာဆက်ကာ အချေအငံဆိုရသည်။ မိုးညှင်း စလုံက မင်းနှင့် လက်ဆောင်တို့ကို ယူကာ ပြန်သည်။ ကနဦးက ဘုရင်ထွေးကို အဝတွင်ထားရန် စီမံသည်။ သို့သော် တပဲယင်းရောက်လျှင် အခြွေအရံနှင့်တကွ ပြန်စေသဖြင့် ပြည်သို့ ပြန်လာသည်။

ကြင်ဘက်နှင့် သားသမီးများ

အမည်မသိ မိဖုရား

  1. သား ဘိုးတော်သခင်၊ နရပတိ အမည်ခံ၍ ပြည်၌ မင်းပြုသူ

အမည်မသိ မိဖုရား

  1. သမီး နရပတိမယ်တော်၊ စလင်း စည်သူကျော်ထင် မိဖုရား။ စလင်းပျက်သည်တွင် ဟံသာဝတီသို့ ပါသည်။ မင်းတရားရွှေထီးက ကျော်ထင်နော်ရထာ ညီ (နောက် ပြည် သတိုးဓမ္မရာဇာ ဖြစ်လာမည့်) နန္ဒယော်ဓါနှင့် လက်ဆက်ပေးသည်။

ဘိုးတော်ချစ်မိ

ကလေး မင်းရဲကျော်စွာနှင့် ပြည် မင်းကြီးစွာ သမီး ခင်ဘုန်းထွတ်တို့ သမီး ဘိုးတော်ချစ်မိနှင့် စုံဖက်ရာ သားသမီး ၄ ဦး ရသည်။

  1. သား ရှင်သရက်၊ မင်းခေါင် အမည်ခံ၍ ပြည်၌ မင်းပြုသူ
  2. နှမ၊ မင်းခေါင် မင်းပြုစဉ် တပင်ရွှေထီးသို့ ဆက်ကာ လေးကျွန်းမိဖုရား အမည်ခံသူ၊ နောက် မင်းတရားရွှေထီးက ကျော်ထင်နော်ရထာ ညီ ဇေယနန္ဒနှင့် စုံဖက်ပေးသည်။
  3. ညီမ ငယ်ကလွန်
  4. မောင် ငယ်ကလွန်

ဘဝနိဂုံး

၈၉၄ ခုတွင် ရှမ်းတို့လက်မှ ပြန်လွတ်လာသည်။ သို့သော် သား ဘိုးတော်သခင်မှာ နရပတိနာမံခံကာ မင်းပြုနှင့်ပြီ ဖြစ်သည်။ ၅ လမျှကြာသည်နောက် ဘုရင်ထွေး ပြန်ရောက်လာရာ ခမည်းတော်ကို မြို့သို့ အဝင်မခံ။ ဘုရင်ထွေးကား မြို့ပြင် နဝင်းချောင်းဘေးတွင် တဲနန်းထိုး၍ နေသည်။ ၁ လမျှအကြာတွင် နာမကျန်းဖြစ်ကာ လွန်သည်။

ကိုးကား

  1. မှန်နန်းမဟာရာဇဝင်