ကယားပြည်နယ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၉၁ -
== ဒေသထွက်ကုန်များ ==
အဓိက စီးပွားရေးလုပ်ငန်းမှာ သစ်ထုတ်လုပ်ငန်းဖြစ်ရာ ကယားလူမျိုးတို့သည် များသောအားဖြင့် သစ်ထုတ်လုပ်ရေး၊ သစ်တောထွက်ပစ္စည်းများဖြစ်သော ရှား၊ ချိပ်၊ သစ်စေး စသည့်ပစ္စည်းများထုတ်လုပ်ရေးတို့ဖြင့် အသက်မွေး ဝမ်းကျောင်းကြသူများဖြစ်သည်။ ပြည်နယ်၏ အနောက်ပိုင်းဒေသ၌ မြေပြန့်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ကိုင် စားသောက်ကြသည်။ တူးမြောင်းတို့ဖြင့် ရေသွယ်ယူကာ စိုက်ပျိုးခြင်း၊ တောင်ယာစိုက်ပျိုးခြင်းတို့ကိုလည်း ပြုလုပ်ကြသည်။ ငွေတောင်နယ်၌ ရက်လုပ်သော ငွေတောင်လွယ်အိတ်တို့မှာ ထင်ပေါ်လှသည်။ ကယားတို့မှာ မိမိတို့ ဝတ်ဆင်ရန် ဝတ်စုံကို မိမိတို့ဖာသာ ရက်လုပ်ကြသူများဖြစ်သည်။ ကယားပြည်နယ်၏ ထူးခြားသော အထိမ်းအမှတ် ပစ္စည်းဖြစ်သည့် ဖားစည်ခေါ် ကြေးနက်စည်ကြီး များကိုလည်း ငွေတောင်နယ်တွင် သွန်းလုပ်ခဲ့ကြသည်။ ယခုအခါတွင် နိုးကြားလာပြီဖြစ်သော ကယားပြည်နယ်အမျိုးသားများသည် နိုင်ငံတော်၏ အခန်းကဏ္ဍအသီးသီး ဝင်ရောက်အမှုထမ်းလျက်ရှိသည်။
အလှအပ အနုအယဉ်ကို အဆန်းအကြယ်တို့ဖြင့် တန်ဆာဆင်ကာ ဖေါ်ပြသော ရှေးမြန်မာ ပျို့ကဗျာအချို့တို့တွင် ကယားပြည်နယ် ငွေတောင်နယ်ကို အခြေခံထား၍ ဇာတ်ကွက်ဆင်ထားသည်ကို တွေ့ရပေသည်။ ရှေးအခါက ငွေတောင်နယ်ဒေသမှာ ယွန်းထိုးခြင်း၊ မှန်စီရွှေချ၊ ရွှေဇဝါရေးခြင်း၊ သစ်စေးသားရိုးကိုင်းခြင်းစသော အနုပညာ လက်မှုပညာများ ထွန်းကားခဲ့သည်။ ကယားအမျိုးသား၊ အမျိုးသမီးတို့မှာ ခေတ်နှင့် ရင်ပေါင်တန်းလိုက်နိုင်ရန် အထူးလုံးပန်း ကြိုးစားလျက်ရှိခဲ့ရာ လူမျိုး၏ ပင်ရင်းယဉ်ကျေးမှုပေါ်တွင် အခြေတည်ကာ အရေးကြီးသော ယဉ်ကျေးမှုအချက်အလက်များ ဖြစ်သည့် ဝတ်စားဆင်ယင်မှု၊ ကိုးကွယ်ယုံကြည်မှု၊ စာပေတို့ကို ခေတ်မှီအောင် ပြုပြင်ပြောင်းလဲလျက်ရှိကြသည်။<ref>မြန်မာ့စွယ်စုံကျမ်း</ref> <ref>* မြန်မာပြည်ဖွားဂေၚရခါး၊ ရေး-မေမြို့ချစ်ဆွေ၊၂၀၀၀ခုနစ်ထုတ်</ref>
အောက်ပါဇယားမှာ မြန်မာနိုင်ငံတော်အစိုးရမှ တရားဝင် ထုတ်ပြန်ကြေငြားထား​သော ဖွံ့ဖြိုးမှုဆိုင်ရာများအား ဖော်ပြထားခြင်းဖြစ်သည်။
{| class="wikitable"
|-
! စဉ် !! အကြောင်းအရာ !! ရေတွက်ပုံ !! အရေအတွက်
|-
| ၁|| စိုက်ပျိုးမြေဧရိယာ || ဧက||၁၇၇, ၉၁၂
|-
| ၂|| ဆည်တမံ|| ခု|| ၃၂
|-
| ၃|| မြစ်ရေတင်လုပ်ငန်း|| ခု|| ၃
|-
| ၄|| ကြိုးဝိုင်းတော|| စတုရန်းမိုင် || ၂၇၀
|-
| ၅|| ကြိုးပြင်ကာကွယ်တော|| စတုရန်းမိုင် || ၂၁၈၀.၇၂
|-
| ၆|| ရထားလမ်း|| မိုင်|| ၁၀၁.၉၂
|-
| ၇|| ကားလမ်း|| မိုင်|| ၅၈၁
|-
| ၈|| ပေ ၁၈၀အထက် တံထား|| စင်း|| ၈
|-
| ၉|| စာတိုက်စခန်း|| ခု || ၁၄
|-
| ၁၀ || ကြေးနန်းရုံး|| ရုံး|| ၁၁
|-
| ၁၁|| တယ်လီဖုန်းရုံး|| ရုံး|| ၁၂
|-
| ၁၂|| မိုက္ကရိုဝေ့ဗ်စခန်း|| ခု|| ၂
|-
| ၁၃|| အခြေခံပညာကျောင်း|| ကျောင်း|| ၃၉၁
|-
| ၁၄|| တက္ကသိုလ်၊ ကောလိပ် || ခု|| ၃
|-
| ၁၅|| ဆေးရုံ/ကျန်းမာရေးဌာန|| ရုံ/ဌာန|| ၅၃
|-
|}<ref>http://www.myanmar.com/newspaper/myanmarahlin/Feb07.pdf</ref><ref>မြန်မာ့စွယ်စုံကျမ်း</ref><ref>* မြန်မာပြည်ဖွားဂေၚရခါး၊ ရေး-မေမြို့ချစ်ဆွေ၊၂၀၀၀ခုနစ်ထုတ်</ref>
 
== တွင်းထွက်များ ==