မျိုးမြင့်ညိမ်း: တည်းဖြတ်မှု မူကွဲများ

added Infobox with signature.
added Myo Myint Nyein Photo, corrected typo information.
စာကြောင်း ၁ -
{{Infobox writer|name=မျိုးမြင့်ညိမ်း|birth_date={{birth date|1952|6|28|df=y}}|birth_place=မန္တလေးမြို့|occupation=[[အယ်ဒီတာ]]၊ [[စာရေးဆရာ]]|signature=Myo Myint Nyein's Signature.jpg|image=Myo Myint Nyein.jpg}}
 
 
စာကြောင်း ၁၇ -
[[File:Editor of Independent Journal.jpg|thumb|270x270px|အင်ဒီပဲန်ဒင့်ဂျာနယ်တိုက်တွင် တွေ့ရသော မျိုးမြင့်ညိမ်း(ထိုင်နေသူ)ဖြစ်သည်။]]
 
[[ပဲန်မြန်မာ]]စင်တာကို မြန်မာနိုင်ငံတွင်ကို ပေါ်ပေါက်လာစေရန်ထူထောင်ရန် အဓိကကြိုးပမ်းခဲ့ကြသူများမှ ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်ပြီးတစ်ဦးအပါအဝင်ဖြစ်ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် [[ပဲန်မြန်မာ]] စင်တာကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ပထမအကြိမ်နှစ်ပတ်လည် ညီလာခံတွင် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ သက်တမ်း(၃)နှစ်ပြည့်မြောက်သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ထပ်မံရွေးကောက်ခံခဲ့ရပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။
 
စာပေညီလာခံ ကျင်းပရေး ကော်မတီ အတွင်းရေးမှူးအဖြစ် တာဝန်ယူ၍ နှစ်ပေါင်းများစွာ အတွင်း စာပေညီလာခံကို ပထမအကြိမ်အဖြစ် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၃ - ၁၇ အထိ ပြန်လည် ကျင်းပနိုင်ခဲ့သည်။ ယင်းစာပေညီလာခံ ကျင်းပရာတွင် စာပေအဖွဲ့အစည်း (၁၁) ခု ပူးပေါင်း လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ထိုမျှသာမက တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူတကွ စုပေါင်းနေထိုင်သည့် ဖယ်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေးအတွက် ဖယ်ဒရယ် စနစ်ဆိုင်ရာ သိကောင်းဖွယ်ရာများကို စာရေးဆရာ ၊ ကဗျာဆရာ ၊ အနုပညာရှင်များစွာဖြင့် ပူးပေါင်း၍ တိုင်းနှင့် ပြည်နယ် များတွင် အသိပညာပေး ၊ ဗဟုသုတ ဖြန့်ဝေသည့် ရသပြည်ထောင်စုသစ် ဟူသော လှုပ်ရှားမှုတစ်ခု ကို အကောင်အထည်ဖော်ခဲ့သည်။
 
ပဲန်မြန်မာ အနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မြှင့်တင်သည့် ၊ အသိပညာပေးသည့် အလုပ်ရုံဆွေးနွေးပွဲများကို အရပ်ဘက်အဖွဲ့အစည်းများ ၊ မီဒီယာအသင်းအဖွဲ့များ ဖြင့်လည်းကောင်း ၊တိုင်းနှင့် ပြည်နယ်အသီးသီးသို့ သွားရောက်၍ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များတွင် ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွတ်လပ်ပွင့်လင်းသည့် အသိပညာဖလှယ် ဆွေးနွေးပွဲများ လုပ်ဆောင်နိုင်ခဲ့သည်။