လွှတ်တော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး minor adjustment of format
စာကြောင်း ၁ -
'''လွှတ်တော်''' ဆိုသည်မှာ [[တိုင်းပြည်]] တစ်ခု အတွက် [[ဥပဒေပြုရေး အာဏာ]]ကို ကျင့်သုံးရာ နေရာဌာန ဖြစ်သည်။ [[ဒီမိုကရေစီ]] စနစ်ကျင့်သုံးသည်ဖြစ်စေ၊ မကျင့်သုံးသည်ဖြစ်စေ [[ဖွဲ့စည်းပုံ အခြေခံဥပဒေ]] ပြဌာန်းထားသည့် နိုင်ငံတိုင်းတွင် လွှတ်တော်ကို ဖွဲ့စည်းရမြဲ ဖြစ်သည်။
[[File:mm-parliament.jpg|thumb|နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ (ဓာတ်ပုံ-အေပီ)]]
 
[[File:5000_Kyats.jpg|thumb|၅၀၀ဝ ကျပ် (၂၀၀၉) စက်တင်ဘာ၂၅ ရက်နေ့ ၊ဆင်ဖြူတော် နှင့် လွှတ်တော်အဆောက်အဦး]]
'''လွှတ်တော်''' ဆိုသည်မှာ [[တိုင်းပြည်]] တစ်ခု အတွက် [[ဥပဒေပြုရေး အာဏာ]]ကို ကျင့်သုံးရာ နေရာဌာန ဖြစ်သည်။ [[ဒီမိုကရေစီ]] စနစ်ကျင့်သုံးသည်ဖြစ်စေ၊ မကျင့်သုံးသည်ဖြစ်စေ [[ဖွဲ့စည်းပုံ အခြေခံဥပဒေ]] ပြဌာန်းထားသည့် နိုင်ငံတိုင်းတွင် လွှတ်တော်ကို ဖွဲ့စည်းရမြဲ ဖြစ်သည်။
 
==နောက်ခံ သမိုင်းကြောင်း ==
သမိုင်းမှတ်တမ်းများအရ လွှတ်တော်တို့၏ အစ မှာ ဒီမိုကရေစီ စနစ်နှင့် အတူ မွေးဖွားလာခြင်း ဖြစ်သည်။ အေသင် မြို့ပြနိုင်ငံတွင် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးစဉ်က လွှတ်တော်အဖြစ် ရွေးကောက်ခံ နိုင်ငံသား ကိုယ်စားလှယ်များက တက်ရောက်ပြီး နိုင်ငံ့ ရေးရာများကို ဆွေးနွေး အဖြေရှာသည့် နေရာအဖြစ် သတ်မှတ်သည်။ မူလအစက တည်နေရာ အတည်တကျ မရှိဘဲ မြို့တွင်း ဈေးထိပ်ရှိ မြေကွပ်လပ်ကြီးတွင် ဆွေးနွေးကြသည်။ ထို့ကြောင့် ဆွေးနွေးပွဲ ([[ဖိုရမ်]]) ဆိုသည့် အသုံးအနှုံးမှာ [[ဂရိဘာသာ]] အားဖြင့် မြေကွပ်လပ် ဖြစ်သည်။ နောင်တွင် ခေတ်သစ် ကမ္ဘာ၌ ဒီမိုကရေစီ ပြန်လည် ထွန်းကားလာခြင်းနှင့်အတူ တိုင်းပြည်၏ ဥပဒေပြုရေး အာဏာအတွက် ပြည်သူ့ ကိုယ်စားလှယ်များဖြင့် လွှတ်တော်များ ဖွဲ့စည်းလာခဲ့သည်။ လွှတ်တော်ကို [[အင်္ဂလိပ်ဘာသာ]]အားဖြင့် ပါလီမန် ဟုခေါ်ပါသည်။
 
== ဖွဲ့စည်းပုံ ==
[[File:5000_Kyats.jpg|thumb|၅၀၀ဝ ကျပ် (၂၀၀၉) စက်တင်ဘာ၂၅ ရက်နေ့ ၊ဆင်ဖြူတော် နှင့် လွှတ်တော်အဆောက်အဦး]]
[[ပါလီမန်ဒီမိုကရေစီစနစ်]] ကျင့်သုံးသည်ဖြစ်စေ၊ [[သမ္မတစနစ်]]ကျင့်သုံးသည်ဖြစ်စေ နိုင်ငံအတော်များများတွင် လွှတ်တော် နှစ်ရပ် ထားရှိကြသည်။
 
Line ၁၂ ⟶ ၁၄:
သို့သော် လူဦးရေ နည်းပါးပြီး နယ်မြေဧရိယာ ကျဉ်းမြောင်းသည့် နိုင်ငံများနှင့် [[တစ်ပါတီစနစ်]] ကျင့်သုံးသည့် နိုင်ငံများတွင်မူ လူဦးရေ အချိုးအစား အလိုက် သတ်မှတ်သည့် မဲဆန္ဒနယ်မြေများမှ ရွေးကောက်သည့် ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော် တစ်ရပ်တည်းသာ ရှိတတ်ကြသည်။ မြန်မာနိုင်ငံ တွင်လည်း ၁၉၈၈ မတိုင်မှီ မ.ဆ.လ ပါတီမှ အုပ်ချုပ်စဉ် ကာလက ပြည်သူ့လွှတ်တော်ဟူ၍ လွှတ်တော်တစ်ရပ်သာ ရှိခဲ့သည်။
 
== အာဏာခွဲဝေမှု ==
လွှတ်တော် နှစ်ရပ်အတွက် အာဏာများ ခွဲဝေပေးပုံ၊ လုပ်ငန်းတာဝန်နှင့် သက်တမ်း မှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အနည်းနှင့် အများ ကွဲပြားသဖြင့် ပုံသေပြော၍မရနိုင်ပေ။ ထိုသို့ဖြစ်ရသည်မှာ သက်ဆိုင်ရာနိုင်ငံတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေများအရ အာဏာ ခွဲဝေ ပေးထားခြင်းကြောင့် ဖြစ်သည်။ သို့သော် နိုင်ငံအများစုတွင်မူ ပြည်သူတို့နှင့် ပိုနီးစပ်ခြင်း၊ ရွေးကောက်ခံ ကိုယ်စားလှယ် ပိုများခြင်း တို့ကြောင့် အောက်လွှတ်တော်မှာ အာဏာ ပိုကြီးလေ့ရှိသည်။
 
ဥပမာအားဖြင့် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးသည့် [[ဂျပန်နိုင်ငံ]]၏ အောက်လွှတ်တော်သည် ဝန်ကြီးချုပ်ရွေးကောက်ရာတွင် အဆုံးအဖြတ်ပေးနိုင်သည်အထိ အာဏာရှိသည်ကိုတွေ့ရသည်။
 
== လုပ်ငန်းတာဝန်များ ==
လွှတ်တော်များ၏ လုပ်ငန်းတာဝန်များမှာ ယေဘုယျအားဖြင့် ဥပဒေများကို ပြဌာန်းခြင်း၊ လုပ်ငန်း ကော်မတီများ ဖွဲ့စည်းပြီး သတ်ဆိုင်ရာ ကော်မတီ အလိုက် ထိန်းသိမ်းရေး၊ စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း (ဥပမာအားဖြင့် လွှတ်တော်၏ နိုင်ငံခြားရေး ကော်မတီ၊ ကာကွယ်ရေး ကော်မတီ၊ စီးပွားရေး ကော်မတီ)၊ [[အစိုးရ]] ဝန်ကြီးဌာနများနှင့် စီးပွားရေး လုပ်ငန်းများ၏ အားနည်းချက်နှင့် အဂတိလိုက်စားမှုများကို စစ်ဆေး ဖော်ထုတ် တားဆီးခြင်းတို့တွင် တူညီမှုရှိကြပါသည်။
 
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဌာန်းထားသေးလျှင် လွှတ်တော်သည် သမ္မတ၊ ဝန်ကြီးချုပ်များကို ရွေးကောက်ပေးရန် တာဝန်ရှိသည်။ ထို သမ္မတ၊ ဝန်ကြီးချုပ်တို့က တင်သွင်းလာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို စိစစ်၍ အဆုံးအဖြတ် မဲပေးကာ ထောက်ခံခြင်း၊ ကန့်ကွက်ပယ်ချခြင်းတို့ကို ပြုလုပ်ပေးရသည်။
 
== သက်တမ်း ==
လွှတ်တော်တစ်ရပ်၏ သက်တမ်းမှာ လွှတ်တော်ပေါ်တွင် သတ်မှတ်ခြင်းမျိုး မဟုတ်ပဲ [[လွှတ်တော်အမတ်]]များ၏ သက်တမ်းသာ ဖြစ်သည် ဟုဆိုနိုင်သည်။ နိုင်ငံအများစုတွင် လွှတ်တော်၏ သက်တမ်းမှာ ၄ နှစ်ဖြစ်ပြီး ထိုထက်လည်း ပို၍ရှိတတ်သည်။ လွှတ်တော်အမတ် တစ်ဦးအနေဖြင့် အကြိမ် အရေအတွက် အကန့်အသက်မရှိ ပြည်သူတို့ လက်ခံ ယုံကြည် နေသ၍ ရွေးကောက်ခံနိုင်သည်။
 
== လွှတ်တော် ဖျက်သိမ်းခြင်း ==
လွှတ်တော်သည် သမ္မတ (သို့) ဝန်ကြီးချုပ် ကတင်သွင်းလာသည့် ဥပဒေမူကြမ်းကို မဲပေးကာ ၃ ကြိမ်တိုင်တိုင် ပယ်ချနိုင်သည်။ ထို့ကြောင့် လွှတ်တော်သည် သမ္မတ (သို့) ဝန်ကြီးချုပ်များနှင့် မသင့်မြတ်သော အခြေအနေ ရောက်လာလျှင် သမ္မတ (သို့) ဝန်ကြီးချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်းထားသည့် အခွင့်အာဏာအရ လွှတ်တော်ကို ဖျက်သိမ်းပြီး လွှတ်တော် အသစ် ပြန်လည် ဖွဲ့စည်းရန်အတွက် ရွေးကောက်ပွဲများကို ကျင်းပရသည်။
 
== နိုင်ငံအချို့မှ ထင်ရှားသည့် လွှတ်တော်အမည်များ ==
* [[အမေရိကန်ပြည်ထောင်စု]]-ကွန်ဂရတ်
* [[ရုရှား]]-ဒူးမား
Line ၃၅ ⟶ ၃၇:
တို့ဖြစ်ကြသည်။
 
==လွှတ်တော်အစ ပုဂံက==
[[File:HT.jpg|thumb|left|ရတနာပုံခေတ် လွှတ်တော်]]
=လွှတ်တော်အစ ပုဂံက=
[[နရပတိစည်သူ]]မင်းသည် ဘိုးတော် [[အလောင်းစည်သူ]] ဘကြီးတော် [[မင်းရှင်စော]] ခမည်းတော် [[နရသူ]]နှင့် နောင်တော် [[နရသိင်္ခ]]တို့၏ ထီးနန်းစိုးစံစဉ် ကြောက်မက်ဖွယ်ရာ ဖြစ်ပွားလာခဲ့သည့် အာဏာနှင့် စိတ်ဝမ်းကွဲပြားမှုတို့ လုပ်ကြံသတ်ဖြတ်မှုများကို ကောင်းစွာ သုံးသပ်မိဟန်ရှိလေသည်။ နရပတိစည်သူမင်း မကွယ်လွန်မီကပင် နိုင်ငံရေးအာဏာ ခွဲဝေမှုဖြင့် လွှတ်တော်သဖွယ် [[အုပ်ချုပ်ရေး]]ကို စတင်လုပ်ဆောင်ခဲ့သည်။
 
Line ၄၅ ⟶ ၄၇:
ထိုအချိန်မှစ၍ [[ကုန်းဘောင်ခေတ်]] [[သီပေါမင်း]] ပါတော်မူသည် အထိ မြန်မာရာဇဝင် တစ်လျှောက်လုံး ဆက် လက် ထိမ်းသိမ်း ကြသည် ကို တွေ့ရှိရသည်။ လွှတ်တော်တွင် ဝန်ကြီးလေးပါး ခန့်၍ အုပ်ချုပ်သော [[ပုဂံခေတ်]] နာရပတိစည်သူမင်း လက်ထက်မှ အစပြု၍ အုပ်မြစ်ချခဲ့သည် ဟု ဆိုရမည်ဖြစ်သည်။
 
မြန်မာနိုင်ငံ လွတ်တော် အုပ်ချုပ်ရေး ရာဇဝင်ကို ပြန်လည် လေ့လာ ကြည့်သောအခါ လွတ်တော်အားကောင်း သောအခါများတွင် ဘုရင်၏ တန်ခိုးအာဏာကိုပင် ထိန်းသိမ်းဟန့်တားခြင်း ပြုနိုင်ရုံမျှမက ဘုရင်ကို ရွေးချယ်နိုင်သည်အထိ လွှတ်တော်အာဏာရှိသည်ကို တွေ့ရသည်။ တခါတရံလွှတ်တော် အင်အား နည်းပါးသောအချိန်တွင် လွှတ်တော်သည် ဘုရင်၏ လက်ပါးစေကလေးသဖွယ် ဖြစ်လာခဲ့သည်။ <ref>ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်</ref><ref>အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅မြန်မာရာဇဝင် (ဟာဗေး ၁၉၂၅)</ref><ref>မဟာ မြန်မာရာဇဝင်တော်ကြီး ( ဦးကုလား )မှန်နန်းရာဇဝင် သုံးတွဲ</ref>
 
<ref>အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅မြန်မာရာဇဝင် (ဟာဗေး ၁၉၂၅)</ref>
<ref>မဟာ မြန်မာရာဇဝင်တော်ကြီး ( ဦးကုလား )မှန်နန်းရာဇဝင် သုံးတွဲ</ref>
==ကိုးကား==
<references/>