အမေရိကန်ပြည်ထောင်စု ကာပီတယ်လ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၂၇ -
၁၉၇၀ တွင် [[ဂျော့ချ် ဝါရှင်တန်|သမ္မတ ဝါရှင်တန်]]က နိုင်ငံ၏ မြို့တော်အဖြစ် တည်ဆောက်ရန် ယခု ကိုလံဘီယာခရိုင် (District of Columbia) ရှိ နေရာကိုရွေးချယ်ခဲ့သည်။ ပြင်သစ်အင်ဂျင်နီယာ ပရဲယား ချားလ်စ် အယ်လ် အန်ဖန့်က မြို့တော်အသစ်အတွက် အစီစဉ်ရေးဆွဲပေးခဲ့ကာ ကာပီတယ်လ်အဆောက်အအုံနေရာကို ကုန်းမြင့်တစ်ခု၌ ရာထားပေးခဲ့ကာ ထိုကုန်းမြင့်ကို ထိုခေတ်က ဂျက်ကင်စ်ကုန်း (Jenkins' Hill) ဟု ခေါ်တွင်ခဲ့သည်။ ယခု၌ ကာပီတယ်လ်ကုန်းဟူ၍ ရည်ညွှန်းခေါ်ဝေါ်ကြသည်။<ref>[https://www.aoc.gov/explore-capitol-campus/buildings-grounds/history Architect of the Capitol,History of Capitol Hill]</ref>
 
မူလအဆောက်အအုံကို ၁၇၉၃ တွင် စတင်တည်ဆောက်ခဲ့ကြကာ အဆောက်အအုံကို ၁၈၀၀ ပြည့်နှစ်တွင် ပြီးစီးခဲ့သည်။ ၁၈၁၄ ဝါရှင်တန်မြို့တိုက်ခိုက်ခံရမှုတွင် တစ်စိတ်တစ်ပိုင်းပျင်စီးသွားခဲ့၍ ငါးနှစ်အတွင်း ပြည်လည် ကောင်းမွန်စေရန် ပြုပြင်ခဲ့ကြရသည်။ ယင်းနောက်ပိုင်း၌ အဆောက်အအုံကို ထမ်မံတိုးချဲ့ခဲ့ကြရာ အလွန်ကြီးမားသော ခေါင်မိုးအခုံး၊ တိုးချဲ့ဘေးထုတ်ဆောင်များဖြင့် ကြီးမားကျယ်ပြန့်လာခဲ့သည်။ တိုးချဲ့ဘေးထုတ်ဆောင်များတွင် ကျယ်ဝန်းသော အဆောင်ကြီးနှစ်ခုလည်းပါရှိရာ ၎င်းတို့မှာ တောင်ဘက်အဆောင်သည် [[အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်|အောက်လွှတ်တော်]] (House of Representatives) နှင့် မြောက်ဘက်ဆောင်သည် [[အမေရိကန်ပြည်ထောင်စု ဆီးနိတ်|အထက်လွှတ်တော်]{] (Senate) တို့အတွက် ဖြစ်ကြသည်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်များ၏ အဆောက်အဦများကဲ့သို့ ကာပီတယ်လ်ကို ဂန္ထဝင်ခေတ်သစ်ပုံစံအသွင်ဖြင့် တည်ဆောက်ခဲ့၍ အပြင်ဖက်ပိုင်း၌ အဖြူရောင်သုတ်လိမ်းထားသည်။ အရှေ့ဖက်နှင့် အနောက်ဖက်နှစ်ခုစလုံးသည် အဆောက်အအုံ၏ မျက်နှာစာများဖြစ်ကြပြီး အရှေ့ဖက်မျက်နှာစာတစ်ခုကိုသာလျှင် ဧည့်သည်များနှင့် ဂုဏ်သိက္ခာရှိသောသူများအတွက် ဝင်ရောက်ရန်ထားရှိသည်။
 
==ကိုးကား==