အိမ်စောင့်အစိုးရ (၁၉၅၈): တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၃ -
 
==သမိုင်းကြောင်း==
အာဏာရ [[ဖဆပလ|ဖဆပလပါတီ]]သည် ၁၉၅၈ခုနှစ် ဧပြီလတွင် ''သန့်ရှင်း''နှင့် ''တည်မြဲ''ဟူ၍ နှစ်ခြမ်းပြိုကွဲပြီးနောက် နိုင်ငံရေး အခြေအနေများ ရှုပ်ထွေးနေခဲ့သည်။ ၁၉၅၈-ခုနှစ် စက်တင်ဘာ ၂၆ရက်နေ့ နံနက်တွင် တပ်မတော်မှ [[ဉီးအောင်ကြီးအောင်ကြီး|ဗိုလ်မှူးကြီးအောင်ကြီး]]၊ [[တင်ဖေ|ဗိုလ်မှူးချုပ်တင်ဖေ]]၊ [[ဗိုလ်မှူးကြီးမောင်မောင်]]တို့က ဦးနု၏ နေအိမ်သို့ လာရောက် တွေ့ဆုံခဲ့ကြသည်။ ညနေပိုင်းတွင် အာဏာရ သန့်ရှင်းဖဆပလ အလုပ်အမှုဆောင် အစည်းအဝေး၊ လက်ရှိ အစိုးရအဖွဲ့ ဝန်ကြီးများအစည်းအဝေးတို့ကို ဆက်တိုက် ကျင်းပခဲ့သည်။ ထိုအချိန်တွင် ဗိုလ်ချုပ်နေဝင်းမှ ခေတ္တလာရောက်တွေ့ဆုံခဲ့သည်။ ဝန်ကြီးများ အစည်းအဝေး ဆုံးဖြတ်ချက်အရ စက်တင်ဘာ (၂၈)ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဗိုလ်ချုပ်နေဝင်းကို ဝန်ကြီးချုပ်အဖြစ် တင်သွင်းရန် ဆုံးဖြတ်ခဲ့ကြသည်။<ref name="1stcg"/>အာဏာရ ဝန်ကြီးချုပ် ဦးနုက စစ်သေနာပတိချုပ် ဗိုလ်ချုပ်နေဝင်းထံသို့ ယာယီအိမ်စောင့်အစိုးရ ဖွဲ့စည်းပြီး တိုင်းပြည်အား ထိန်းသိမ်းရန် စာဖြင့် အကြောင်းကြားခဲ့သည်။ ထိုစာတွင် ၁၉၅၉-ခုနှစ် ဧပြီလ နောက်ဆုံးထား၍ ၆လအတွင်း ရွေးကောက်ပွဲကျင်းပရန် ပါဝင်ခဲ့သည်။
 
ထို့နောက် ၁၉၅၈-ခုနှစ် အောက်တိုဘာလတွင် အိမ်စောင့်အစိုးရဖွဲ့စည်းကာ ရန်ကုန်မြို့ရှိ သမ္မတအိမ်တော်၌ ကျမ်းကျိန်ခဲ့ကြသည်။ လွှတ်တော်များကို ဖျက်သိမ်းခြင်းမရှိခဲ့ပေ။ ဤအစိုးရအဖွဲ့တွင် တပ်မတော်မှ အနည်းငယ်သာ ပါဝင်ပြီး အရပ်သားဝန်ကြီးများနှင့် ဒေသခံခေါင်းဆောင်များ အများစု ပါဝင်ကြသည်။