မောင်မောင်တင် (မဟာဝိဇ္ဇာ): တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၀ -
၁၉၂၆-ခုနှစ်တွင် မန္တလေးမြို့၊ အေဘီအမ် မိန်းကလေးကျောင်းတွင် ကျောင်းအိပ်ကျောင်းစားနေ၍ လေးတန်းအထိပညာသင်ကြားသည်။ အဆိုပါကျောင်းသို့ တက်ရောက်သောအခါ မောင်သိန်းဖေဟု အမည်ပြောင်းခဲ့သည်။
 
၁၉၃၀-ပြည့်နှစ်တွင် ကယ်လီအထက်တန်းကျောင်းသို့ ပြောင်းရွေ့ကာ ကျောင်းအိပ် ကျောင်းစား နေရင်း ပညာဆက်လက်သင်ကြားရာ ၁၉၃၆-ခုနှစ်တွင် ဆယ်တန်းအောင်မြင်သည်။ ဆယ်တန်းအောင်ပြီး မန္တလေးမြို့၊ ဥပစာကောလိပ်တွင် ဆက်လက်ပညာသင်ကြားသည်။ ၁၉၃၉-ခုနှစ်တွင် ဥပစာအပိုင်း(ခ)ကို အောင်မြင်သည်။ ထိုအချိန်မှစ၍ မြန်မာစာပေ မြန်မာ့သမိုင်းနှင့် မြန်မာ့အနုပညာရပ်များကို စိတ်ဝင်စား၍ ထိုပညာရပ်များနှင့် နီးစပ်ရင်းနှီးမှု ရှိစေရန် စတင်လေ့လာလိုက်စားသည်။ ထိုစဉ်မှစ၍ ဆရာကြီးသည် စာပေ၊ သမိုင်း၊ အနုပညာနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ စာအုပ်များ၊ စာတမ်းများ၊ ပေစာ၊ ပုရပိုက်စာ အထောက်အထား အချက်အလက်များကို စတင်စုဆောင်းသည်။ ဂျပန်ခေတ်တွင် ဂျပန်စာ၊ ဂျပန်စကားသင်ယူသည်။
 
==လုပ်ငန်းခွင်သို့ဝင်ခြင်း==