မော်လမြိုင်မြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၂၃၆ -
=== မော်လမြိုင် စက်မှုဇုန် ===
မော်လမြိုင်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများအဖြစ် အကြီးစား ၄၃ ခု၊ အလတ်စား ၁၃၀ ခု၊ အငယ်စား ၁၅ ခု စုစုပေါင်း ၁၈၈ ခု အား နိုင်ငံတော် အစိုးရထံတွင် မှတ်ပုံတင်ထားပြီးဖြစ်သည်။ ၂၀၁၀ ခုနှစ် ဇွန်လကုန်အထိ ရင်းနှီးမြုပ်နှံမှု တန်ဖိုး ကျပ် ၁၉⁠၉၈.၉၆ သန်း ရှိပြီး ထုတ်လုပ်မှု တန်ဖိုး ကျပ် သန်း ၉၆၅၈.၉၆ သန်း ရှိပြီးဖြစ်သည်။ ရော်ဘာပြား ကြိတ်စက်လုပ်ငန်း၊ သံရည်ကျိုလုပ်ငန်း၊ သံအမာတင်ခြင်း လုပ်ငန်း၊ ဓာတ်မြေဩဇာ ထုတ်လုပ်မှု လုပ်ငန်း၊ ရေလုပ်ငန်းသုံး ဘော့သီးလုပ်ငန်း၊ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း စသည်တို့ကို အဓိက လုပ်ကိုင်လျက် ရှိကြသည်။ ရော်ဘာစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်သော မြို့ဖြစ်သည့်အားလျော်စွာ ရော်ဘာစိုက်ပျိုးမှု အခြေခံလျက် ရော်ဘာလုပ်ငန်းသုံး စက်ကိရိယာများအပြင် လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများကို လည်းကောင်း၊ စပါးခွံလောင်စာဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်သော စပါးခွံဓာတ်ငွေ့သုံး အသေးစား ဓာတ်အားပေးစက်ရုံများကို လည်းကောင်း၊ အခြားစက်မှု အထွေထွေသုံး စက်ကိရိယာများကိုလည်းကောင်း ဒေသအခြေအနေနှင့် လိုက်ဖက်ညီမည့် နည်းပညာတို့ဖြင့် ပေါင်းစပ်ဖလှယ်ကာ ထုတ်လုပ်ပေးနေလေသည်။ <ref>{{Cite web |title=Myanmar.com<!-- Bot generated title --> |url=http://www.myanmar.com/newspaper/myanmarahlin/Sep16.pdf |accessdate=18 September 2010 |archivedate=29 September 2011 |archiveurl=https://web.archive.org/web/20110929045023/http://www.myanmar.com/newspaper/myanmarahlin/Sep16.pdf }}</ref>
 
==သစ်ပင်ပန်းမန်==
<gallery>
File:Mawlamyine pomelo.JPG|မော်လမြိုင်ကျွဲကော
File:Mawlamyine durians.jpg|မော်လမြိုင်ဒူးရင်း
File:Mawlamyine rubber.jpg|ရော်ဘာ
File:Mawlamyine Vegetation.jpg|ဒူးရင်းစိုက်ခင်း
File:Moulmein rosewood.jpg|မော်လမြိုင် rosewood
File:Mafai1619.JPG|ကနစိုးသီး
</gallery>
 
== ယဉ်ကျေးမှု ==
Line ၂၄၃ ⟶ ၂၅၃:
မော်လမြိုင်မြို့၏ သင်္ကြန်ရေသဘင်ပွဲတော်သည် မြန်မာနိုင်ငံတွင် ကျော်ကြားသည်။ ပွဲတော်ရက်များတွင် အနယ်နယ်မှ လာရောက်၍ ရေသဘင်ဆင်နွဲကြသည်။ နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လတွင် ကျင်းပလေ့ရှိသော သံဃာ ၁ဝ⁠ဝဝ ကျော်ပါဝင်သည့် မောင်ငံဆွမ်းတော်ကြီးလောင်းပွဲသည် မော်လမြိုင်မြို့တွင် အလွန်စည်ကား၍ ထင်ရှားသော ပွဲတော်ကြီးဖြစ်သည်။ ခရစ်သက္ကရာဇ် ၁၈၄၄ (မြန်မာသက္ကရာဇ် ၁၂ဝ၄) ခုနှစ်မှ စ၍ မောင်ငံရပ်ကို အုပ်ချုပ်သော မင်းမောင်ငံက ဦးစီးပြုလုပ်ခဲ့ရာ ယနေ့တိုင် မပျက်မကွက် တည်တံ့လျက်ရှိသည်။ (မောင်ငံသည် မွန်လူမျိုးစစ်ကဲကြီး [[မောင်ထော်လေး၊ စစ်ကဲ|မောင်​ထော်​လေး]]၏ တပည့် [[ကင်းဝန်]] ဖြစ်သည်)။
 
[[မန္တလေး စကား၊ ရန်ကုန် အကြွား၊ မော်လမြိုင် အစား]] ဟူသော မြန်မာ စကားပုံတစ်ခု အဖြစ်ကျန်ရစ်အောင်ပင် မော်လမြိုင်သူ မော်လမြိုင်သားသည် အစားအစာကို အရသာရှိရှိ စီမံချက်ပြုတ်စားတတ်သည်။ မော်လမြိုင်ရွှေရင်အေး၊ မွန်ရိုးရာ မော်လမြိုင်[[သင်္ကြန်ထမင်း|သင်္ကြန်ထမင်း၊]] [[မုန့်ဟင်းခါးအစို|မော်လမြိုင်မုန့်ဟင်းခါး]] ခေါ် (မုန့်ဟင်းခါးအစို) အစရှိသည်တို့ သည်ကျော်ကြားသည်။
 
== ပညာရေး ==