မော်လမြိုင်မြို့: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
|||
စာကြောင်း ၂၃၆ -
=== မော်လမြိုင် စက်မှုဇုန် ===
မော်လမြိုင်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများအဖြစ် အကြီးစား ၄၃ ခု၊ အလတ်စား ၁၃၀ ခု၊ အငယ်စား ၁၅ ခု စုစုပေါင်း ၁၈၈ ခု အား နိုင်ငံတော် အစိုးရထံတွင် မှတ်ပုံတင်ထားပြီးဖြစ်သည်။ ၂၀၁၀ ခုနှစ် ဇွန်လကုန်အထိ ရင်းနှီးမြုပ်နှံမှု တန်ဖိုး ကျပ် ၁၉၉၈.၉၆ သန်း ရှိပြီး ထုတ်လုပ်မှု တန်ဖိုး ကျပ် သန်း ၉၆၅၈.၉၆ သန်း ရှိပြီးဖြစ်သည်။ ရော်ဘာပြား ကြိတ်စက်လုပ်ငန်း၊ သံရည်ကျိုလုပ်ငန်း၊ သံအမာတင်ခြင်း လုပ်ငန်း၊ ဓာတ်မြေဩဇာ ထုတ်လုပ်မှု လုပ်ငန်း၊ ရေလုပ်ငန်းသုံး ဘော့သီးလုပ်ငန်း၊ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း စသည်တို့ကို အဓိက လုပ်ကိုင်လျက် ရှိကြသည်။ ရော်ဘာစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်သော မြို့ဖြစ်သည့်အားလျော်စွာ ရော်ဘာစိုက်ပျိုးမှု အခြေခံလျက် ရော်ဘာလုပ်ငန်းသုံး စက်ကိရိယာများအပြင် လယ်ယာလုပ်ငန်းသုံး စက်ကိရိယာများကို လည်းကောင်း၊ စပါးခွံလောင်စာဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်သော စပါးခွံဓာတ်ငွေ့သုံး အသေးစား ဓာတ်အားပေးစက်ရုံများကို လည်းကောင်း၊ အခြားစက်မှု အထွေထွေသုံး စက်ကိရိယာများကိုလည်းကောင်း ဒေသအခြေအနေနှင့် လိုက်ဖက်ညီမည့် နည်းပညာတို့ဖြင့် ပေါင်းစပ်ဖလှယ်ကာ ထုတ်လုပ်ပေးနေလေသည်။ <ref>{{Cite web |title=Myanmar.com<!-- Bot generated title --> |url=http://www.myanmar.com/newspaper/myanmarahlin/Sep16.pdf |accessdate=18 September 2010 |archivedate=29 September 2011 |archiveurl=https://web.archive.org/web/20110929045023/http://www.myanmar.com/newspaper/myanmarahlin/Sep16.pdf }}</ref>
== ယဉ်ကျေးမှု ==
|