ဟိုက်ဒရိုဂျင်ဗုံး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာသား
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၈ -
ပရိုတွန် အရေအတွက်ချင်း မတူညီသော အက်တမ်များသည် ဒြဗ်စင်ကွဲများ ဖြစ်ကြလေသည်။ အက်တမ်များ၌ အရေအတွက်တူညီသည့် ပရိုတွန်များ ပါရှိသော်လည်း နျူထရွန် အရေအတွက်တွင် မတူညီလျှင် ယင်းတို့ကို အိုက်ဆိုတုပ်များဟု ခေါ်လေသည်။
 
ဖော်ပြပါ ဟိုက်ဒရိုဂျင် အိုက်ဆိုတုပ်မျိုးကို ဟဲရိုးယူရီက ၁၉၃၂ ခုနှစ်တွင် တွေ့ရှိခဲ့လေသည်။ ရေ၏ အဆပေါင်း ၅ဝဝဝ အနက်မှ ဟိုက်ဒရိုဂျင်တဆကို ခွဲထုတ်ယူနိုင်သည်။ ထိုအိုက်ဆိုတုပ်ကိုလေးသော ဟိုက်ဒရိုဂျင်ဟု ခေါ်သည်။ ထိုဟိုက်ဒရိုဂျင်မျိုးသည် ရိုးရိုးဟိုက်ဒရိုဂျင်မျိုးထက် နှစ်ဆပိုလေး၍ ယင်းကို ဒျူတီရီယမ်ဟုလည်း ခေါ်သည်။ ၁၉၃၄ ခုနှစ်က လက်တွေ့ စမ်းခန်းအတွင်း၌စမ်းသပ်ခန်းအတွင်း၌ ပြုလုပ်ခဲ့သည့် ဟိုက်ဒရိုဂျင်တစ်မျိုး ရှိသေးသည်။ ထိုဟိုက်ဒရိုဂျင်မျိုးသည် ရိုးရိုးဟိုက်ဒရိုဂျင်ထက် သုံးဆပိုလေး၍ ယင်းကို ထရစ်တီယမ်ဟုခေါ်သည်။ လစ်သီယမ်သတ္တုကို နျူထရွန်များနှင့်ပစ်ခွင်းလျှင် ထရစ်တီယမ် ဖြစ်ပေါ်လာသည်။ ဖြစ်ပေါ်ပုံမှာ လစ်သီယမ်အက်တမ်တစ်ခုကို နျူထရွန်တစ်ခုက ထိမှန်တိုင်း ဟီလီယမ်အက်တမ်တစ်ခုနှင့် ထရစ်တီယမ် အက်တမ်တစ်ခု ဖြစ်ပေါ်လေ့ရှိသည်။ ထရစ်တီယမ်ကို အချိန်အကန့်အသတ်မရှိ သိမ်းဆည်း၍ကား မထားနိုင်ချေ။
 
အဘယ်ကြောင့်ဆိုသော် ၁၂ နှစ်ကြာတိုင်း ရေဒီယိုသတ္တိကြွမှု ပျက်စီးသွားသဖြင့် သိမ်းဆည်းထားသော ထရစ်တီယမ်တဝက်မျှ ဆုံးပါးသွားခြင်းကြောင့်ဖြစ်သည်။ ဟိုက်ဒရိုဂျင်ဗုံး ပြုလုပ်ရာတွင် လေးသော ဟိုက်ဒရိုဂျင်(ဒျူတီရီယမ်)အက်တမ်များကိုသော်လည်းကောင်း၊ သာ၍လေးသော ဟိုက်ဒရိုဂျင် (ထရီတီယမ်)အက်တမ်များကိုသော်လည်းကောင်း အသုံးပြုနိုင်သည်။ လစ်သီယမ်ကိုလည်း အသုံးပြုနိုင်သည်ဟု အချို့ သိပ္ပံပညာရှင်များက ယုံကြည်ကြသည်။
စာကြောင်း ၁၇ -
 
၁၉၅၆ ခု မေလအတွင်း၌ အမေရိကန်ပြည်ထောင်စုက အင်နီဝီတုတ်ကျွန်းအနီးတွင် စမ်းသပ်ဖောက်ခွဲသော ဟိုက်ဒရိုဂျင်ဗုံးတစ်လုံး၏ စွမ်းအင်သည် တီအင်တီခေါ် ပေါက်ကွဲစရာပစ္စည်းတန်ချိန် ၁၅ဝဝဝဝဝဝ (တကုဋေခွဲ) နှင့် ညီမျှ၍ ပထမဆုံး အသုံးပြုခဲ့သော အက်တမ်၏စွမ်းအင်သည် တီအင်တီ တန်ချိန် ၂၂ဝဝဝ နှင့် ညီမျှသည်ဟု ဆိုလေသည်။ ၁၉၆၇ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကလည်း ဟိုက်ဒရိုဂျင်ဗုံးစမ်းသပ် ဖောက်ခွဲပြီးကြောင်း ကြေညာသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>
 
== ကိုးကား ==
<references/>