ရေးမြို့: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၅၇ -
|ကသိုင်ဘေးမဲ့တောရ||ဘဒ္ဒန္တပညာသာမိ||တူးမြောင်းအုပ်စု
|}
 
 
 
 
ရေးမြို့တွင် ဗမာနှင့်မွန်လူမျိုးများအများဆုံးနေထိုင်ကြပြီး အများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ မူစလင် ၊ ခရစ်ယာန်နှင့် ဟိန္ဒူ ဘာသာဝင် အနည်းငယ်မျှသာရှိပါသည်။ ရေးမြို့တွင် ရပ်ကွက် အားဖြင့် ၁ဝ ရပ်ကွက်ရှိပြီး ထင်ရှားပြီး လူစည်ကားရာ ရပ်ကွက်များမှာရန်ကြီးအောင်ရပ်ကွက်၊ ရန်မျိုးအောင်ရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်တို့ ဖြစ်သည်။ ၁၉၆၉-ခုနှစ် ဒီဇင်ဘာလတွင် ရေးမြို့တစ်မြို့လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး အားလုံးပြာပုံအတိဖြစ်ခဲ့ရသည်။ ထို့နောက် ၁၉၇၂ ခုနှစ်တွင် မြို့ကိုမူလအနေအထားအကျယ်အဝန်းထက် ၅ဆပိုတိုးချဲ့ခဲ့ပြီး စနစ်တကျပြန်လည် တည်ထောင်ခဲ့သည်။ ရေးမြို့သည် မြို့နယ်အဆင့် ရုံးစိုက်ရာမြို့ဖြစ်ပြီး မြသီတာဈေးမှာထင်ရှားပါသည်။ ထို့အပြင် ယခင်ရွာကလေးဈေး (ယခုအောင်မင်္ဂလာရပ်ရှိ အောင်သီတာဈေး)နှင့် ဖာလဇေတဝန်ဘုန်းတော်ကြီးကျောင်းအနီးတွင်ရှိသောကြောင့် ဖာလဈေးဟုခေါ်သော ဗိုလ်ချုပ်ဈေးဖြစ်သည် ။ ထို့အပြင် ရေးမြို့ရှိ ပုဂ္ဂလိက ရွှေလုပ်ငန်းရှင်များမှ စုပေါင်းတည်ထောင်ထားသော ဝင်းသုခ ရွှေဈေးကြီးသည်လည်း ထင်ရှားသည်။ ရေးမြို့တွင် အစည်းအကားဆုံးနေရာမှာ မြို့လူထုမှ ကမ်းနားလမ်းဟုခေါ်သော ဘုရင့်နောင်လမ်းမကြီးဖြစ်သည်။ ၎င်းလမ်း၏တစ်ဖက်တွင် ရေးမြစ် တည်ရှိပြီး ၎င်းလမ်းပေါ်တွင် မြသီတာဈေး ဝင်းသုခရွှေဈေး ဈေးဆိုင်ခန်းများ တည်ရှိပါသည်။ လည်ပတ်စရာအဖြစ် ရေးမြို့မှ ၆-မိုင် ခန့်အကွာ ဘုရားတောင်ပင်လယ်ဝအပန်းဖြေစခန်း၊ ရေးမြို့မှ မိုင် ၂၀ ခန့်အကွာကဗျာဝ ကမ်းခြေအပန်ဖြေစခန်း၊ လမိုင်းမြို့အနီး ကော့ဒွပ် ပင်လယ်ဝအပန်းဖြေစခန်း၊ ('''ကျိုက်ဒေးတမော့ဗရတ်''')သာသနာပြုစခန်း စသည်တို့ ဖြစ်သည်။