ရေးမြို့: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၆၄ -
 
== စီးပွားရေး ==
ရေးမြို့တွင် ရာဘာစိုက်ပျိုးရေး၊ ငါးဖမ်းခြင်းနှင့်ရေလုပ်ငန်း၊ ကွမ်းသီးခြံလုပ်ငန်း၊အခြားစားဖွယ် သီးနှံ စိုက်ပျိုးရေး၊ ဆားလုပ်ငန်းတို့မှာ နာမည်ကျော် အောင်မြင်သောလုပ်ငန်းများဖြစ်ကာ အခြားစီးပွားရေးလုပ်ငန်းများလည်း လုပ်ကိုင်ကြသည်။ ဆားလုပ်ငန်းမှာ အခုအခါ ဆားဈေးမကောင်းသောကြောင့် တောင်သူများခေတ္တရပ်နားထားကြသည်။ ရေးမြို့မှထွက်သော ဒူးရင်းသီး၊ ဒူးရင်းယို မင်းဂွတ်သီး၊ သံပုရာသီးတို့မှာ နာမည်ကြီးလှပေသည်။ နယ်စပ်ဒေသနှင့်နီးကပ်ပြီး ဒေသထွက် သီးနှံများ အခြားသောကုန်များလည်းရောင်းဝယ်ဖောက်ကားမှု အချက်အခြာကျရာ ဒေသ ဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် [[အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန]]မှ ထုတ်ပြန်သောအစီအရင်ခံစာတွင် မြန်မာနိုင်ငံတွင်းရှိ တစ်ဦးချင်းဝင်ငွေအကောင်းဆုံးမြို့ဟု သတ်မှတ်ဖော်ပြခဲ့ပါသည်။ ရောင်းဝယ်ဖောက်ကားရာ မြသီတာဈေးမှာ အဓိကစည်းကားပြီး ယခင်ရွာကလေးဈေး (ယခုအောင်မင်္ဂလာရပ်ရှိ အောင်သီတာဈေး)နှင့် ဖာလဇေတဝန်ဘုန်းတော်ကြီးကျောင်းအနီးတွင်ရှိသောကြောင့် ဖာလဈေးဟုခေါ်သော ဗိုလ်ချုပ်ဈေးတို့လည်း တည်ရှိသည် ။ ထို့အပြင် ရေးမြို့ရှိ ပုဂ္ဂလိက ရွှေလုပ်ငန်းရှင်များမှ စုပေါင်းတည်ထောင်ထားသော ဝင်းသုခ ရွှေဈေးကြီးသည်လည်း ကမ်းနားလမ်း(ဘုရင့်နောင်လမ်း)တွင် တည်ရှိသည်။ အစင်ကျေးရွာနှင့် ဇီးဖြူသောင်ကျေးရွာတို့တွင် ရေလုပ်ငန်းများ ထွန်းကားပါသည်။
 
 
ရေးမြို့သို့ လာရောက်လည်ပတ်ပါက '''တည်းခိုနိုင်သော ဟိုတယ်နှင့် တည်းခိုခန်း'''များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-