ရေးမြို့: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၅၉ -
|}
 
ရေးမြို့တွင် ဗမာနှင့်မွန်လူမျိုးများအများဆုံးနေထိုင်ကြပြီး အများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ မူစလင် ၊ ခရစ်ယာန်နှင့် ဟိန္ဒူ ဘာသာဝင် အနည်းငယ်မျှသာရှိပါသည်။ ရေးမြို့တွင် ရပ်ကွက် အားဖြင့် ၁ဝ ရပ်ကွက်ရှိပြီး ထင်ရှားပြီး လူစည်ကားရာ ရပ်ကွက်များမှာရန်ကြီးအောင်ရပ်ကွက်၊ ရန်မျိုးအောင်ရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်တို့ ဖြစ်သည်။ ၁၉၆၉-ခုနှစ် ဒီဇင်ဘာလတွင် ရေးမြို့တစ်မြို့လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး အားလုံးပြာပုံအတိဖြစ်ခဲ့ရသည်။ ထို့နောက် ၁၉၇၂ ခုနှစ်တွင် မြို့ကိုမူလအနေအထားအကျယ်အဝန်းထက် ၅ဆပိုတိုးချဲ့ခဲ့ပြီး စနစ်တကျပြန်လည် တည်ထောင်ခဲ့သည်။ ရေးမြို့သည် မြို့နယ်အဆင့် ရုံးစိုက်ရာမြို့ဖြစ်ပြီး ‌မြို့အနီး‌၆-မိုင် ခန့်အကွာ ဘုရားတောင်ပင်လယ်ဝအပန်းဖြေစခန်း၊ ရေးမြို့မှ မိုင် ၂၀ ခန့်အကွာ ကဗျာဝ ကမ်းခြေအပန်ဖြေစခန်း၊ လမိုင်းမြို့အနီး ကော့ဒွပ် ပင်လယ်ဝအပန်းဖြေစခန်း၊ ('''ကျိုက်ဒေးတမော့ဗရတ်''')သာသနာပြုစခန်းတို့မှာ ထင်ရှားသည်ထင်ရှားသည်။
 
ရေးမြို့၏ အရှေ့ဘက်တွင် တောင်ညိုတောင်တန်းနှင့် တနင်္သာရီရိုးမ၊ အနောက်ဘက်တွင် ဖာလိန်တောင်တန်းတို့ တည်ရှိသဖြင့် လေကြမ်းတိုက်ခတ်မှု၊ မုန်တိုင်းတိုက်ခတ်မှုဒဏ်မှ သဘာဝအားဖြင့် အထိုက်အလျောက် ကာကွယ်ခုခံမှုကို ရရှိပါသည်။ သို့သော် ရေးမြို့၏တောင်ဘက်မှ စီးဆင်းသော ရေးမြစ်၏ နှစ်စဉ် (မိုးရာသီ၊ ဩဂုတ်လဝန်းကျင်၌) မြစ်ရေကြီးမှုကို အနိမ့်ပိုင်းရပ်ကွက်များအနေဖြင့် ကြုံတွေ့ရလေ့ရှိပါသည်။ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လတွင် ရေးမြို့၏သမိုင်းတလျှောက် မြစ်ရေကြီးမှုဒဏ်ကို အဆိုးရွားဆုံးခံခဲ့ရပြီး ရေးမြစ်မှ မြစ်ရေသည် မြစ်ကမ်းပါးမှ မီတာ ၄၀၀ ခန့်အကွာအဝေးရှိသော ရွှေဆံတော်စေတီတော်၏ ခြေရင်းတိုင်အောင်သို့ ရောက်ရှိခဲ့ပါသည်။