ဝီကီပီးဒီးယား ဆွေးနွေးချက်:ဂျပန်အမည်များ: တည်းဖြတ်မှု မူကွဲများ

→‎Proposal for အသံဖလှယ်ခြင်း: အကြောင်းပြန်ခြင်း
စာကြောင်း ၁၄ -
# For 'e': e သည် နောက်ဆုံးမှာရှိနေပြီး နောက်ပိုင်းကိုအသံမြှင့်ရသည့် accent ပါပါက အဲ ဟု ထွက်ပါသည်။ သာဓက ချိုချဉ်ဟု အဓိပ္ပာယ်ရသည့် 飴 (ame) ကို အာမဲ ဟု ထွက်ရသည်။ (မိုး ဟု အဓိပ္ပာယ်ရသည့် 雨 (ame) ကမူ အရှေ့ကိုအသံမြှင့်ရသည့်အတွက် အာ့မယ် ဟု ထွက်သည်။)
# For 'ei': ရုပ်ရှင် 映画 (eiga) ကို အဲအိဂါ့ ဟုသာ ထွက်ကြပါသည်။ တစ်ဖန် 先生 (sensei) ကို ဂျပန်တို့ကိုယ်တိုင် sense ဆဲန်းဆဲ ဟု ထွက်ကြသည်လည်း ရှိသည်။ ~ [[အသုံးပြုသူ:Htanaungg|ထနောင်း]] ([[User talk:Htanaungg|🔔]] • [[Special:Contributions/Htanaungg|📝]]) ၁၅:၂၇၊ ၂၆ ဩဂုတ် ၂၀၂၁ (UTC)
#:အက္ခရာဖလှယ်နေတာမဟုတ်လား။ အသံကို တိတိကျကျ ဖလှယ်ချင်လို့လား။ a ကို အ သို့ အာ ထားခိုင်းတာက နာမည်တခုမှာ a ဆယ်လုံးပါရင် ဗမာက ာ့ ဆယ်ခါ ရေးနေရမှာ စိုးလို့လေ။ ခုက ဂျပန်လို မတတ်တဲ့ လူတွေအတွက် name convention ဆိုလား လုပ်နေတာဆို တသမတ်တည်းနဲ့ အသုံးများတာ သတ်မှတ်ပေးထားရမှာပေါ့။ ခု ပြောတာ ချိုချဉ်ဆို ဒီလိုပြန်၊ မိုးဆို ဒီလိုရေး၊ ဘာသာပြန်မယ့်သူက ဂျပန်စာ တတ်သူမဟုတ်ဘူးဆိုရင် သူက သိပါ့မလား။ အသုံးအများဆုံး အသံတခုပဲ ပင်တိုင်ထားပေးလိုက်တာပေါ့။ ခုနင်က အဲအိင ဆိုတာ မှန်တယ် အဲလိုထွက်တဲ့ အသံထွက်က သိပ်မရှိဘူး။ သူတို့ကျတော့ ခြွင်းချက်ပေါ့။ စဲန်းစေးကို ဂျပန်တွေ ဘယ်လို ထွက်ထွက်လေ အသုံးများဆုံး အသံထွက် ယူမှာမဟုတ်လား။ မြန်မာမှာ ဘာနဲ့ တူလဲဆိုရင် လျှာဖျားဆွတ်လိုက်သလို အပြည့်အစုံ မခေါ်တော့ပုံ။ ဥပမာ ဟေ့ကောင် ကို ဟယောင်။ ဂျပန်တွေက ဒီလိုအသံထွက်တာကို ဒီအတိုင်း ရေးနိုင် ပြန်နိုင်ရင်တော့ အကောင်းဆုံးပေါ့ ဒါမဲ့ vachira မှာတော့ ဝဆီရ ဆိုပြီး အသံအတိုင်း မလိုက်ဘဲ ပြန်ထားတယ်နော်။ ထိုင်းအတွက် name convention ဆိုတာ ရှိရင် ch ကို ချ ထားဖို့ ပြောလိုပါတယ်။ ဒါမှ အကို ပြောတဲ့အတိုင်း သူတို့ ထွက်တဲ့ အသံတိုင်း ရမှာလေ။ ထပ်ထည့်ရန် တခု ရှိသေးတယ်။ g ကို အစမှာ ဂသံ၊ အလယ်နဲ့ အဆုံးမှာ ငသံ ထွက်ရမယ်ဆိုတာလေး ထပ်ထည့်လိုက်ပါဦး။ Gakkō ဂတ်ခိုး၊ eiga အေးင၊ အေးင ရေးပေမယ့် အဲယိငလို့ ဖတ်ပါတယ်။ ဂျပန်နာမည်တွေမှာ ခြွင်းချက်တွေ ပါမှာ မဟုတ်လောက်ပါ။ [[User:Bhone.bm|<span style="font-variant:small-caps;color:yellow;font-family:Calibri;">Bhone<span style="color:red"> d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸</span>BM</span>]] <sup><span style="color:Red;font-size:85%;">«[[User talk:Bhone.bm|☎]]»</span></sup> ၁၆:၀၃၊ ၂၆ ဩဂုတ် ၂၀၂၁ (UTC)
ပရောဂျက်စာမျက်နှာ "ဂျပန်အမည်များ" သို့ ပြန်သွားရန်။