ဝီကီပီးဒီးယား ဆွေးနွေးချက်:ဂျပန်အမည်များ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
→Proposal for အသံဖလှယ်ခြင်း: အကြောင်းပြန်ခြင်း |
|||
စာကြောင်း ၁၄ -
# For 'e': e သည် နောက်ဆုံးမှာရှိနေပြီး နောက်ပိုင်းကိုအသံမြှင့်ရသည့် accent ပါပါက အဲ ဟု ထွက်ပါသည်။ သာဓက ချိုချဉ်ဟု အဓိပ္ပာယ်ရသည့် 飴 (ame) ကို အာမဲ ဟု ထွက်ရသည်။ (မိုး ဟု အဓိပ္ပာယ်ရသည့် 雨 (ame) ကမူ အရှေ့ကိုအသံမြှင့်ရသည့်အတွက် အာ့မယ် ဟု ထွက်သည်။)
# For 'ei': ရုပ်ရှင် 映画 (eiga) ကို အဲအိဂါ့ ဟုသာ ထွက်ကြပါသည်။ တစ်ဖန် 先生 (sensei) ကို ဂျပန်တို့ကိုယ်တိုင် sense ဆဲန်းဆဲ ဟု ထွက်ကြသည်လည်း ရှိသည်။ ~ [[အသုံးပြုသူ:Htanaungg|ထနောင်း]] ([[User talk:Htanaungg|🔔]] • [[Special:Contributions/Htanaungg|📝]]) ၁၅:၂၇၊ ၂၆ ဩဂုတ် ၂၀၂၁ (UTC)
:::: အသံဖလှယ်နေကြောင်း ခေါင်းစီးတပ်ထားပြီး ဖြစ်ပါသည်။ တစ်ယောက်နှင့်တစ်ယောက် အသံထွက်ပုံမတူသဖြင့် ကြားပုံလည်း မတူသောကြောင့် ဖြစ်နိုင်ခြေများကို ထည့်သွင်းစဉ်းစားရခြင်း ဖြစ်ပါသည်။ ဂျပန်စာတ်သူဖြစ်စေ မတတ်သူဖြစ်စေ မိမိတို့ကြားရာကို သင့်လျော်သလို ဖော်ပြနိုင်ကြရန် ရွေးချယ်စရာများ ထားခြင်းဖြစ်ပါသည်။ (မည်သည်ကို မည်သို့ရေးဆိုသည်မှာ ရှင်းလင်းအောင် သာဓကဆောင်ခြင်း ဖြစ်ပါသည်။ ထိုသို့သာ ဖြစ်ရမည်ဟု သတ်မှတ်ခြင်းမဟုတ်ပါ။) ဂျပန်မတတ်သူများအတွက် လုပ်ခြင်းမဟုတ်ဘဲ ဂျပန်နှင့် ပတ်သက်သည့် ဆောင်းပါးများ ရေးသားလိုသူတိုင်းအတွက် ဖြစ်ပါသည်။ ''ဝီကီပီးဒီးယား တည်းဖြတ်သူတိုင်းသည် ဂျပန်ဘာသာစကားကို နားလည်ရန် မဖြစ်နိုင်သည့်အတွက်''ဟု နိဒါန်းချီသည်မှာ [[:en:WP:ROMAJI|Romaji]] ကိုပါ အသုံးပြုဖော်ပြထားကြောင်း ဆိုလိုရင်းဖြစ်ပါသည်။ eiga ကဲ့သို့ အသံမျိုး များများစားစား မရှိသော်လည်း ထိုကဲ့သို့ အသံရှိကြောင်း eiga က ပြနေသည်ကို သတိချပ်စေလိုပါသည်။ အနည်းငယ်မျှပင် ဖြစ်စေကာမူ ရှိနေသည့်အတွက် ထည့်ပေးရန် လိုအပ်ပါသည်။ sensei အတွက်မူ ''ဂျပန်တွေ ဘယ်လိုထွက်ထွက်''ဟု ဆိုနိုင်သော်လည်း アクセント (accent) သဘောတရား နားလည်သော သူများက ရှေ့ဆံုး se နှင့် နောက်ဆံုး i တို့ကို နှိမ့်ပြီး၊ အလယ်က nse ကို မြှင့်ပြောပါသည်။ ထို့ကြောင့် i သံ မထင်ရှားခြင်း ဖြစ်ပါသည်။ ထိုသို့ နားလည်သူများလည်း မြန်မာဝီကီပီးဒီးယားတွင် တစ်ယောက်မျှမရှိဟု အတပ်မပြောနိုင်ပါ။ ထိုင်းကိစ္စကိုတော့ ထိုင်းအလှည့်ရောက်မှ ပြောပါမည်။ ''g ကို အစမှာ ဂသံ၊ အလယ်နဲ့ အဆုံးမှာ ငသံ ထွက်ရမယ်'' ဆိုသည်မှာ တစ်ပွဲတိုးမှတ်နည်းမျှသာ ဖြစ်ပါသည်။ အမြဲတမ်းထိုသို့ ထွက်ရမည်ဟု ယူဆ၍ မရနိုင်ပါ။ ထို င သံမှာ "ဖြစ်တတ်တာ" ကို "ဖြစ်တတ်ထာ" ဟု အသက်ကြီးပိုင်း မြန်မာများ အသံထွက်ပုံနှင့် ဆင်ပါသည်။ (ဆိုလိုသည်ကို သဘောပေါက်မည်ဟု ယူဆပါသည်။) eiga တွင် ဂါ့ ဟုသာ ထွက်ရကြောင်း အဘိဓာန်က ပြပါသည်။ စည်းမျဉ်းအရ မှတ်မည်ဆိုသော် /n, m/ စသည် နှာသံပေါ်မှ င ထွက်ရသည်ဟူလို။ a အတွက် အ တစ်လုံး ထပ်တိုးလိုက်ပါသည်။ ဆွေးနွေးပေးမှုအတွက် များစွာကျေးဇူးတင်ပါသည်။ ~ [[အသုံးပြုသူ:Htanaungg|ထနောင်း]] ([[User talk:Htanaungg|🔔]] • [[Special:Contributions/Htanaungg|📝]]) ၀၃:၃၆၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)
|