ဝီကီပီးဒီးယား ဆွေးနွေးချက်:ဂျပန်အမည်များ: တည်းဖြတ်မှု မူကွဲများ

→‎Romaji redirects: အပိုင်းသစ်
စာကြောင်း ၂၁ -
:::::::ဒီလိုသာ ပြောနေရင် အသံမှန် ရတော့မှာမဟုတ်ဘူး။ စာလုံးဖလှယ်ရ များလာပဲ အဖတ်တင်သွားလိမ့်မယ်။ yamagata, monogatari, kaigi, gogo အသံထွက်တွေ ရေးပြပါလား။ n,m သံ မလာဘူး။ လာတဲ့ စာလုံး manga ကို ထွက်ပြပါလား။ ei ပါတဲ့ စာလုံးတိုင်း ဖလှယ်နိုင်ခြေ သုံးမျိုး ထွက်လာမှာ ဖြစ်တယ်။ [[User:Bhone.bm|<span style="font-variant:small-caps;color:yellow;font-family:Calibri;">Bhone<span style="color:red"> d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸</span>BM</span>]] <sup><span style="color:Red;font-size:85%;">«[[User talk:Bhone.bm|☎]]»</span></sup> ၀၇:၄၄၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)
:::::::: n, m ဟု မဆိုဘဲ /n, m/ ဟု ဆိုသည်က စာလုံးထက် အသံကိုပြကြောင်း သဘောပေါက်သင့်သည်။ "/n, m/ ''စသည်''"ဟု ဆိုထားသည့်အတွက် /n, m/ သာမက တခြားလဲ ဖြစ်နိုင်သည်။ ပါးစပ်ကရော နှာခေါင်းကပါ လေထွက်သည့် နှာသံသရများလည်း ပါကြောင်းကို ဆိုလိုသည်။ kaigi တွင် ai ကို အများစု ဆိုကြသည့် အိုင်း သည် ၎င်းနှာသံသရဖြစ်သည်။ ခိုင်းဂိဟုဆိုလည်း မမှားပါချေ။ အထက်တွင် ဆိုခဲ့သည့် "ဖြစ်တတ်တာ"ကို "ဖြစ်တတ်ထာ"ဟု အသံထွက်သည့် ဥပမာကို နားမလည်၍ထင်ပါသည်။ ကြိုက်တာ ကို ကြိုက်ထာ စသည့်အသံများကို အသက်အတန်ရ မြန်မာများ (ဒေါ်အောင်ဆန်းစုကြည်၊ ပါချုပ်ဆရာတော်ကြီး အပါအဝင်) ထွက်တတ်ကြသည်။ ယခင်ကတည်းက ထိုသို့ထွက်ကြဟန်တူသည်။ သို့သော် လူငယ်၊ လူရွယ်၊ လူလတ်များ ထို့သို့မထွက်ကြတော့ပါ။ ရေးထားသည့်အတိုင်း တ ကို တ ဟုသာ ထွက်ကြပါတော့သည်။ ဂျပန်ဘာသာ၌ ဂ နှင့် င သည်လည်း ထိုနည်းတူပင် ဖြစ်ကြောင်း ဆိုလိုပါသည်။ တိုကျိုတစ်ဝိုက်၌ ga ကို င ဟု ထွက်ပုံကို အဘိုးအဘွားများထံမှသာ ကြားရသောဟူ၏။ သို့သော် မိမိဆိုလျှင် က်၊ စ်၊ တ်၊ ပ် ​နောက်က သံညှင်း (က၊ စ၊ တ၊ ပ) ကို သံပြင်း (ဂ၊ ဇ၊ ဒ၊ ​ဗ) ထွက်ရကြောင်း လေ့လာမိသဖြင့် ထိုသို့ထွက်သည့်အခါလည်း ရှိပါသည်။ ga ကိုလည်း ထိုနည်းတူပင် ဖြစ်ပါသည်။ တစ်ခုရှိသည်မှာ romaji ဖတ်တတ်သူတိုင်း ၎င်းတို့အသိဉာဏ်အရ ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်၍ သင့်လျော်ရာ အသုံးပြုနိုင်ကြရန် ဖြစ်ပါသည်။ ရွေးချယ်စရာပေးဖို့က ကိုယ့်အလုပ်၊ ရွေးချယ်ဖို့က သူတို့အလုပ်ဟု ဆိုချင်ပါသည်။ PS: ယာမာ့ဂါ့တ၊ မိုနိုဂါ့တာရိ၊ ခိုင်းဂိ၊ ဂေါ့ဂေါ့၊ မန်းဂါ့။ ~ [[အသုံးပြုသူ:Htanaungg|ထနောင်း]] ([[User talk:Htanaungg|🔔]] • [[Special:Contributions/Htanaungg|📝]]) ၀၈:၄၃၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)
 
== Romaji redirects ==
 
[[:en:NCKO]] မှာ "Please be sure to create redirects from both romanizations and any other likely romanizations and common misspellings." ရေးထားတာတွေ့မိလို့ ဒီမှာရော ဒီအချက်ထည့်ရင် အဆင်ပြေမလား ဆွေးနွေးပေးကြစေလိုပါတယ်။ ~ [[အသုံးပြုသူ:Htanaungg|ထနောင်း]] ([[User talk:Htanaungg|🔔]] • [[Special:Contributions/Htanaungg|📝]]) ၀၉:၂၀၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)
ပရောဂျက်စာမျက်နှာ "ဂျပန်အမည်များ" သို့ ပြန်သွားရန်။