နန်းမတော်မယ်နု: တည်းဖြတ်မှု မူကွဲများ

1.47.64.193 (ဆွေးနွေး) ၏ တည်းဖြတ်မူ 660736 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲများ: နောက်ပြန် ပြန်ပြင်ခြင်း မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
ရင်းမြစ် 0 ခုကို ကယ်ဆယ်ပြီး 1 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8
စာကြောင်း ၃၈ -
တစ်ခါသော် အလှူ၌ဝတ်ရန် ပိုးစစ်ထဘီကို နေရောင်ပြရန် တန်း၌ လှန်းသည်။ စွန်တစ်ကောင်က အသားမှတ်ကာ ထိုထဘီကို သုတ်တော့သည်။ စွန်လည်း ထဘီကိုယူကာ တောင်ညာစံ မိဖုရားခေါင်ကြီး အဆောင်တော်၌ဝဲကာ ဝဲဆောင်ပေါ် ချရစ်သည်။ ထူးနိမိတ်ဖြစ်ခြင်းကြောင့် အရာခံတို့က မင်းအား သံတော်ဦးတင်သည်။ ချီးမြှင့်ထိုက်သူဟု မိန့်ကာ ထဘီရှင်ကို ရှာစေသည်။ ဗဒုံမင်းလည်း ရှေ့မှောက်ရောက် မယ်နုအား မျိုးရိုးနှင့် ဥပဓိတို့ကို စစ်ဆေးကာ အပျိုတော်အဖြစ် ခစားစေသည်။ မယ်နုအား ထိန်းသိမ်းရန် အနောက်ဝန်အား အပ်သည်။ ဤသို့ဖြင့် တောင်နန်းအပျိုတော် ဖြစ်လာသည်။
 
၁၁၇၀ ပြည့်၊ တန်ခူးလပြည့်ကျော် ၇ ရက်တွင် စစ်ကိုင်းမင်းသား (မောင်မောင်စိန်) အိမ်ရှေ့စံအရာ ရသည်။ ရင်းနှီးသော အပျိုတော် ခင်ဖြူစင်အား မယ်နုနှင့်စပ်လျဉ်းကာ တိုးတီးတိုင်ပင်သည်။ မယ်ဖြူစင် အကြံပေးသည့်အတိုင်း [https://en.wikisource.org/wiki/%E1%80%A1%E1%80%AD%E1%80%99%E1%80%BA%E1%80%9B%E1%80%BE%E1%80%B1%E1%80%B7%E1%80%85%E1%80%B6_%E1%80%85%E1%80%85%E1%80%BA%E1%80%80%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%99%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80% သဖြန်]{{Dead link|date=August 2021 }}ရေးပို့သည်။ ပတ္တမြားလက်စွပ် ဆုချထားရာ အကြောင်းသင့်သလို တောင်နန်းသို့သွား၍ မယ်ဖြူစင်က မယ်နုအား နှဲ့သည်။ အတန်တန်စဉ်းစားပြီးနောက် အရီးတော် <ref group="fn">မယ်နု၏ အဘွား မယ်မွန်နှင့် ညီအစ်မတစ်ဝမ်းကွဲဖြစ်၍ အဘွားဝမ်းကွဲသာ ဖြစ်သည်။ သို့သော် အရီးဟုပင် ခေါ်သည်။ ပြည်မင်းသားကြီး သီရိမဟာဓမ္မရာဇာ၏ ကိုယ်လုပ်တော် သီရိသုနန္ဒာဝတီ (မယ်ပု) ဖြစ်သည်။</ref> ထံ ချဉ်းကပ်တောင်းယူပါဟု စကားပြန်လိုက်သည်။ မကြာမီပင် အိမ်ရှေ့မင်း၏ ကောက်ယူခြင်း ခံရသည်။
 
အိမ်ရှေ့မင်း၌ မင်းသားဘဝက လက်ဆက်ပေးထားသော အိမ်ရှေ့မိဖုရား ဆင်ဖြူရှင်မယ် ရှိနှင့်ပြီဖြစ်သည်။ ဆင်ဖြူရှင်မယ်မှာ [[ညောင်ရမ်းမင်းသား(စကြာမင်းသား)]]အား ဖွားမြင်ပြီး ၇ ရက်အကြာတွင် ကံကုန်သည်။ သို့ဖြင့် မယ်နုမှာ အိမ်ရှေ့မိဖုရားအရာ ရောက်လာသည်။ အိမ်ရှေ့မိဖုရားအတွက် ရွာ ၄ ရွာ၊ မြင်း အစီး ၃၀၊ ပယ် ၃၀၀၀ နှင့် ဆားတောင်မငါး ရွာ၊ အိတ်တည်ပွဲကင်း ကူးတို့ခွန်များကို ဗဒုံမင်းက စားစေသည်။