မိတ္ထီလာခရိုင်: တည်းဖြတ်မှု မူကွဲများ

Update
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၁၀၆ -
===ရာသီဥတု===
မိတ္ထီလာခရိုင်၏ ရာသီဥတုသည် ပူပြင်းခြောက်သွေ့သည်။
==လူဦးရေ==
၂၀၁၄ သန်းခေါင်စာရင်းအရ ၂၀၁၄ခုနှစ်တွင် မိတ္ထီလာခရိုင်၏ လူဦးရေမှာ ၈၈၁,၅၃၀ ဖြစ်ကာ ကျား ၄၀၈,၀၄၅နှင့် မ ၄၇၃,၄၈၅ဖြစ်သည်။မိတ္ထီလာမြို့နယ်သည် လူဦးရေအများဆုံးဖြစ်ကာ မလှိုင်မြို့နယ်သည် လူဦးရေအနည်းဆုံး ဖြစ်သည်။ခရိုင်လူဦးရေ၏ ၂၀.၂ရာခိုင်နှုန်းသည် မြို့ပြတွင် နေထိုင်ကြသည်။ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြသည်။
==စီးပွားရေး==
မိတ္ထီလာခရိုင်သည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ စီးပွားရေး ဖွံ့ဖြိုးသော ခရိုင်တစ်ခုဖြစ်သည်။အဓိကအားဖြင့် မိထီလာမြို့နယ်သည် စီးပွားရေး ဖွံ့ဖြိုးသည်။စပါး၊ ပြောင်း၊ ပဲ၊ နှမ်း၊ မြေပဲ၊ ချည်မျှင်နှင့် အဝတ်အထည်များကို နိုင်ငံအနှံ့ တင်ပို့သည်။
==ပို့ဆောင်ဆက်သွယ်ရေး==
မိတ္ထီလာခရိုင်သည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းသည် မိတ္ထီလာနှင့် ဝမ်းတွင်း မြို့များကို ဖြတ်သန်းသွားသည်။မိတ္ထီလာမြို့သည် မြန်မာပြည်အရှေ့ပိုင်းသို့ ဆက်သွယ်သည့် မိတ္ထီလာ-တောင်ကြီးလမ်း၏ အစဖြစ်သည်။ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ခရိုင်အတွင်းမှ ဖြတ်သန်းသွားကာ မိတ္ထီလာမြို့ အနောက်ဘက်မှ လမ်းပေါ်သို့ တက်ရောက်နိုင်သည်။
==ပညာရေး==
မိတ္ထီလာခရိုင်တွင် အခြေခံပညာကျောင်းများသာမက အဆင့်မြင့်ပညာကျောင်းများစွာပါ တည်ရှိသည်။ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များ၊ နည်းပညာ၊ ကွန်ပျူတာ၊ စီးပွားရေး၊ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ် စသည့်ကျောင်းများ တည်ရှိသည်။
==ကျန်းမာရေး==
မိတ္ထီလာခရိုင်တွင် ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံများအပြင် ခုတင်(၅၀၀) တပ်မတော်ဆေးရုံလည်း တည်ရှိသည်။
== ကိုးကား ==
{{reflist}}