ဝီကီပီးဒီးယား ဆွေးနွေးချက်:ဂျပန်အမည်များ: တည်းဖြတ်မှု မူကွဲများ

→‎Proposal for အသံဖလှယ်ခြင်း: အကြောင်းပြန်ခြင်း
စာကြောင်း ၂၄ -
:::::::::: "အထက်တွင် ဆိုခဲ့သည့် "ဖြစ်တတ်တာ"ကို "ဖြစ်တတ်ထာ"ဟု အသံထွက်သည့် ဥပမာကို နားမလည်၍ထင်ပါသည်။ ကြိုက်တာ ကို ကြိုက်ထာ စသည့်အသံများကို အသက်အတန်ရ မြန်မာများ (ဒေါ်အောင်ဆန်းစုကြည်၊ ပါချုပ်ဆရာတော်ကြီး အပါအဝင်) ထွက်တတ်ကြသည်။ ယခင်ကတည်းက ထိုသို့ထွက်ကြဟန်တူသည်။ သို့သော် လူငယ်၊ လူရွယ်၊ လူလတ်များ ထို့သို့မထွက်ကြတော့ပါ။ ရေးထားသည့်အတိုင်း တ ကို တ ဟုသာ ထွက်ကြပါတော့သည်။ ဂျပန်ဘာသာ၌ ဂ နှင့် င သည်လည်း ထိုနည်းတူပင် ဖြစ်ကြောင်း ဆိုလိုပါသည်။ တိုကျိုတစ်ဝိုက်၌ ga ကို င ဟု ထွက်ပုံကို အဘိုးအဘွားများထံမှသာ ကြားရသောဟူ၏။ သို့သော် မိမိဆိုလျှင် က်၊ စ်၊ တ်၊ ပ် ​နောက်က သံညှင်း (က၊ စ၊ တ၊ ပ) ကို သံပြင်း (ဂ၊ ဇ၊ ဒ၊ ​ဗ) ထွက်ရကြောင်း ''လေ့လာမိသဖြင့် ထိုသို့ထွက်သည့်အခါလည်း ရှိပါသည်။'' ''ga ကိုလည်း ထိုနည်းတူပင် ဖြစ်ပါသည်။''" ~ [[အသုံးပြုသူ:Htanaungg|ထနောင်း]] ([[User talk:Htanaungg|🔔]] • [[Special:Contributions/Htanaungg|📝]]) ၀၉:၄၀၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)
:::::::::::ယာမငတ၊ မိုနိုငတရိ၊ ခိုင်းငိ၊ ဂေါ့ငေါ့၊ မန်းင ပါဗျ။ ဘယ်နှယ့် ပေါက်ေပါက်ရှာရှာ။ ထာ ပြောတာက အသံကို လုပ်ပြောတာ ပျော့ပျောင်းတယ်လို့ ယူဆကြတာ။ ခုမပြောတာမဟုတ်။ အချို့တွေက တခါတလေ လုပ်ပြောတာ ရှိတယ်။ ဟထိုးသံ ပါပြီး ပြောတာ ရှိတယ်။ ဟုတ်လှား။ ဟုတ်ထှာပေါ့။ တချို့က သူ့အရပ် ဒေသိယစကားနဲ့ နွယ်သွားလို့။ လူငယ်တွေ မထွက်တော့ပါ မဟုတ်ဘူး။ လုပ်ပြောတဲ့အခါ ထွက်တုန်းပဲ။ သင်ပြောတဲ့အတိုင်း ''ရွေးချယ်စရာပေးဖို့က ကိုယ့်အလုပ်၊ ရွေးချယ်ဖို့က သူတို့အလုပ်ဟု ဆိုချင်ပါသည်။'' ဆိုလျှင်၊ g မှာ ငသံရှိတယ်ဆိုတာ လက်ခံလျှင်၊ ဂ၊ င လို့ ထည့်သင့်တယ်။ [[:en:japanese phonology#consonant]] က weakening မှာ ရှု။ [[User:Bhone.bm|<span style="font-variant:small-caps;color:yellow;font-family:Calibri;">Bhone<span style="color:red"> d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸</span>BM</span>]] <sup><span style="color:Red;font-size:85%;">«[[User talk:Bhone.bm|☎]]»</span></sup> ၁၀:၄၃၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)
::::::::::::[[:en:Japanese phonology#Weakening]] မှာ ပြထားသည်ကို အပြည့်အစုံဖတ်ကြည့်ပါက အုပ်စုသုံးစား အပြားရှိကြောင်း သိသာပါသည်။ ဂ၊ င အဆင်ပြေရာ ထွက်သူ အများစု၊ င ဟုသာ ထွက်သူ အနည်းစု၊ အများအားဖြင့် ဂ ကိုသာ ထွက်သော အနောက်ပိုင်းသားအစု။ ဂျပန်တို့ကိုယ်တိုင် ထွက်သောအသံကို ​သေချာနားထောင်ကြည့်က ဂ နှင့် င ကြားက အသံဟုသာ ဆိုနိုင်ပါသည်။ (g မှာ င သံရှိကြောင်း လက်ခံ/ မခံ ဟိုးအစကတည်းက ဆိုခဲ့သည်ကို နားလည်က ထိုစကားဆိုမည်မဟုတ်ပါ။ ဘယ်နေရာမှာ လာရင် ဘယ်လိုလုပ် ဆိုသည်မှာ သဒ္ဒဗေဒနည်းကျ မဟုတ်သောကြောင့် အမြဲထိုသို့ဖြစ်နေမည်ဟု ယူဆ၍ မရနိုင်ပါ။ ထို့ကြောင့် တစ်ပွဲတိုးဟု ​ပြောပါသည်။) ထာ ဟု ​ပြောကြသည်က ​ပျော့ပျောင်းရုံမျှဖြင့် မဟုတ်ရပါ။ သဒ္ဒဗေဒနည်းအရ ဖြစ်ပါသည်။ ၎င်းပြောင်းပုံကို အထက်တွင် အကျဉ်းမျှ ဆိုပြီးပါပြီ။ ပြန်ဖတ်ပါလေ။ တစ်ဆက်တည်း ​မေးပါအံ့။ "ဆွမ်း" ကို /ဆွမ်း/ ဟု ထွက်ပါသလား၊ /ဆွန်း/ ဟု ထွက်ပါသလား။ မိမိ၏ g သံအဖြေ (အယူအဆ) သည် ၎င်း ဆွမ်း အတွက် ရသည့် အဖြေ (အယူအဆ) နှင့်အတူတူပင်။ PS: အထအနကောက်လိုပါက မိမိကဲ့သို့ တစ်ကြောင်းချင်းစီ တုံ့ပြန်သင့်ပါသည်။ ရှေ့တွင် アクセント အကြောင်း ​ပြောနေပါလျက် g ကိစ္စသာ တုံ့ပြန်ပြီး アクセント အကြောင်း တစ်ပါဒမျှ မပါတော့သည်မှာလည်း ထူးဆန်းလှသည်။ ~ [[အသုံးပြုသူ:Htanaungg|ထနောင်း]] ([[User talk:Htanaungg|🔔]] • [[Special:Contributions/Htanaungg|📝]]) ၀၇:၃၁၊ ၂၈ ဩဂုတ် ၂၀၂၁ (UTC)
: အသံဖလှယ်ခြင်းခေါင်းစဉ် အစမှာ "ယေဘုယျ"ဆိုတာ ထည့်လိုက်ပါတယ်။ ~ [[အသုံးပြုသူ:Htanaungg|ထနောင်း]] ([[User talk:Htanaungg|🔔]] • [[Special:Contributions/Htanaungg|📝]]) ၀၉:၃၇၊ ၂၇ ဩဂုတ် ၂၀၂၁ (UTC)
 
== Romaji redirects ==
ပရောဂျက်စာမျက်နှာ "ဂျပန်အမည်များ" သို့ ပြန်သွားရန်။