မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရုပ်ထု +ရုပ်တု)
စာကြောင်း ၇၄ -
ကနောင်မင်းသားကို လုပ်ကြံခဲ့သော မြင်ကွန်းမင်းသားသည် တိုင်းတပါးသို့ ရောက်ရှိနေသော်လည်း အာဏာသိမ်းမည့်အကြံအစည်ကို မလျှော့ဘဲ ဆက်လက် အကောင်အထည် ဖော်နိုင်ရန် ကြိုးစားသည်။ ဗာရာဏသီရှိ အကျယ်ချုပ်ခံထားရသော စံအိမ်မှ မြင်ကွန်းမင်းသားသည် သူ၏ အဝတ်ဟောင်းများကို လာယူလျှော်ဖွတ် ပေးသော ဒိုဘီကြီးကို ဖမ်းစီး၍ ဒိုဘီကြီး၏ အဝတ်များကိုဝတ်ဆင်ပြီး အဝတ်ဟောင်းထုပ်ကို ခေါင်းတွင်ရွက်ကာ ထွက်ပြေးလွတ်မြောက် သွားလေသည်။ ထို့နောက် ကုန်သည်တစ်ယောက်၏ အခိုင်းအစေကူလီအဖြစ် ပြင်သစ်အပိုင် ချန္ဒရာနဂိုမြို့သို့ အရောက်သွားပြီး ပြင်သစ်အစိုးရထံ ခိုလှုံသည်။<ref>ကောင်းထက်၏ စုဖုရားလတ်ရှင်းတမ်းနှင့် ပါတော်မူဖြစ်ရပ်များ(၂၀၀၄၊ ဩဂုတ်လ၊ပအကြိမ်)</ref>
 
ဆရာတော် [[ဦးဥတ္တမ]]သည် ဂျပန်ပြည်မှအပြန် ကိုရီးယား၊ တရုတ်ပြည်တို့မှတစ်ဆင့် အင်ဒိုချိုင်းနားရှိ ဆိုင်ဂုံ (ယခု ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဟိုချီမင်းမြို့တော်)သို့ ဝင်ခဲ့သည်။ ဆိုင်ဂုံမြို့တွင် [[မင်းတုန်းမင်း]]တရားကြီး၏ သားတော် မြင်ကွန်းမင်းသားကြီးနှင့် ၎င်း၏ သားတော်နှစ်ပါးတို့ နေထိုင်လျက်ရှိသည်။ မြင်ကွန်းမင်းသားကြီးက ဆရာတော် ဦးဥတ္တမအကြောင်းကို သတင်းစာများမှတစ်ဆင့် ကြားသိပြီး ဖြစ်ရာ အလွန်တွေ့ချင်နေသည်။ ထို့နောက် ဆရာတော် ဦးဥတ္တမ ဆိုင်ဂုံမြို့သို့ ရောက်ရှိနေကြောင်း သိလျှင် သိချင်း မြင်ကွန်းမင်းသားကြီးက ဆရာတော်အားပင့်၍ ဆွမ်းကျွေးခဲ့သည်။ ဆရာတော် ဆွမ်းဘုဉ်းပေးနေစဉ် မြင်ကွန်းမင်းသားကြီးက '''အရှင်ဘုရား၊ တပည့်တော် ရာဇပလ္လင်ပေါ် ဖင်မထိုင်ရသမျှတော့ မြန်မာပြည်ကို မပြန်တော့ဘူး'''ဟု လျှောက်ထားရာ ဆရာတော်ကြီးက '''ဒကာကြီး၊ ခဲတစ်လုံးကို ရေထဲချက အသံမြည်ပါလိမ့်မည်၊ မြန်မာပြည်ကတော့ အသံမြည်တော့မည် မဟုတ်ပေ''' ဟု မိန့်တော်မူရာ မြင်ကွန်း မင်းသားကြီးမှာ မျက်ရည်များပင် ကျရှာခဲ့သည်ဟု ဆို၏။ <ref>သန်းဝင်းလှိုင်၏ ရုပ်ထုမှပြောသောရုပ်တုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ</ref>
 
== စိတ်နာကြပုံ ==