ဂျက်ဖရီ ချော်စာ: တည်းဖြတ်မှု မူကွဲများ

အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၁၀ လ
အရေးမကြီး
ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အကျိတ်အနယ် +အကြိတ်အနယ်)
အရေးမကြီး (lang template & intro sentence)
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အကျိတ်အနယ် +အကြိတ်အနယ်))
 
ပဲလမွန်နှင့် အာဆိုက်တို့လည်း မြို့စားကြီး၏အမိန့်ကို လိုက်နာရန် သဘောတူညီကြသည်။ မြို့စားကြီး ချိန်းဆိုသော နေ့တွင် ပြိုင်ပွဲကြီး ကျင်းပလေရာ အရပ်ရပ် အနယ်နယ်မှ သူရဲကောင်းများသည် အာဆိုက်နှင့် ပဲလမွန်တို့ လက်အောက်တွင် ၂ စုခွဲကာ ယှဉ်ပြိုင်ကြလေ၏။ အယ်မီလီမှာလည်း ထို ပြိုင်ပွဲကြီးသို့ လာရောက် ကြည့်ရှုသဖြင့် မိမိနှင့် ဖူးစာဖက်ရမည့်သူ မည်သူဖြစ်လာလိမ့်မည်ဟု အသည်းတထိတ်ထိတ်နှင့် စောင့်ကြည့် နေရှာလေသည်။ ပဲလမွန်နှင့် အာဆိုက်တို့သည်
အကျိတ်အနယ်ယှဉ်ပြိုင်ကြရာအကြိတ်အနယ်ယှဉ်ပြိုင်ကြရာ နောက်ဆုံးတွင် အာဆိုက်က တံခွန်စိုက် အနိုင်ရသဖြင့် အယ်မီလီနှင့် ထိမ်းမြားနိုင်ခွင့်ရသွားကြောင်း မြို့စားကြီးက ကျေညာသည်။
 
အာဆိုက်မှာ မိမိလိုလားလှသော ဆုလပ်ကြီးရပြီဖြစ်၍ အားရပျော်ရွှင်စွာ အယ်မီလီထံသို့ မြင်းစီးလာခဲ့၏။ သို့သော် ကံတရား၏ စီမံပုံကား ဆန်းကြယ်လှတော့၏။ အာဆိုက်စီး လာသော မြင်းသည် ရုတ်တရက် လန့်၍ခုန်ရာမှ ခြေချော်ပြီး လဲကျသွားသဖြင့် အာဆိုက်မှာလည်း မြင်းပေါ်မှ အရှိန်ပြင်းစွာ လိမ့်ကျကာ ဒဏ်ရာပြင်းထန်စွာ ရသွားလေသည်။ သူ၏ဒဏ်ရာမှာ မျှော်လင့်ချက်မရှိကြောင်း သိသာသောအာဆိုက်သည် ပဲလမွန်နှင့် အယ်မီလီတို့ကို ခေါ်စေပြီးသော် ပဲလမွန်သည် ရှာမှရှားသော ယောကျာ်းကောင်းတစ်ဦး ဖြစ်သည့်ပြင် အယ်မီလီအား အသက်နှင့်ထပ်တူ ချစ်သူငယ်ချင်းလည်း ဖြစ်ခဲ့သူ၊ သူတို့နှစ်ဦးမှာလည်း မိမိတို့၏ အပြစ်များအတွက် ယူကျုံးမရ ဖြစ်ရရှာလေသည်။ အာဆိုက်မှာ မကြာမီပင် ကွယ်လွန်သွားလေရာ ပဲလမွန်နှင့် အယ်မီလီတို့သာမက အက်သင် တစ်မြို့လုံးပင် သူ့အတွက် များစွာကြေကွဲဝမ်းနည်းခြင်း ဖြစ်ကြလေသည်။