မိုက်ကယ်အိန်ဂျလို: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး +cleanup
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရုပ်ထု +ရုပ်တု)
 
စာကြောင်း ၈ -
[[ရောမမြို့]]တွင်ရှိသော စစ္စတင်းဘုရားကျောင်းကြီး (Sistine Chapel) ၏ မျက်နှာကြက်ဆီသို့ မော့၍ကြည့်သည်ရှိသော် ဆရာကြီး မိုက်ကယ်အန်ဂျလို၏ အကောင်းဆုံးသော ပန်းချီလက်ရာကို တွေ့ရပေမည်။ ထိုပန်းချီကားမှာ အင်္ဂတေဆေးကားဖြစ်၍ စတုရန်းပေ ၁ဝဝဝဝ ခန့်ရှိသော အင်္ဂတေမျက်နှာပြင်ပေါ်တွင် ရေးဆွဲထားလေသည်။ ထိုကားထဲတွင် လူရုပ်ပေါင်း ၃၄၃ ရုပ် ပါရှိသည့်အနက် အရုပ် ၂ဝဝဝ လောက်မှာ ၁ဝ ပေမှ ၁၈ ပေအထိ အမြင့်ရှိလေသည်။ ဆရာကြီးသည် ထိုကမ္ဘာကျော် ပန်းချီကား ချပ်ကြီးကို ၄ နှစ်တိတိ ရေးဆွဲခဲ့ရ၏။ ထိုသို့ ရေးဆွဲခဲ့ရာတွင် သူသည် ငြမ်းစင်တစ်ခုပေါ်တွင် ပက်လက်နေလျက် ရေးဆွဲခဲ့ရသည်က များလေသည်။
 
မိုက်ကယ်အန်ဂျလိုကို [[အီတလီနိုင်ငံ|အီတလီ]]ပြည် တပ်စကန္နီမြို့ (Tuscany) ၌ ၁၄၇၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် ဖွားမြင်သည်။ သူ၏ ဖခင်မှာ ထိုနယ်၏ ဘုရင်ခံဖြစ်သည်။ သူသည် ဖလော်ရင့်မြို့ (Florence) ၌ ကြီးပြင်းလာခဲ့၏။ ငယ်ရွယ်စဉ်ကတည်းကပင် ပုံဆွဲဝါသနာပါခဲ့ရာ သူနေသောအိမ်၏ နံရံများပေါ်တွင် မီးသွေးခဲဖြင့် အရုပ်များကို ရေးဆွဲခဲ့လေသည်။ သားငယ်၏ ဝါသနာနှင့် ပညာအစွမ်းအစကို ရိပ်မိသိရှိသော ဖခင်ကြီးသည် မိုက်ကယ်အန်ဂျလိုအား ဂါလန်ဒါဂျို (Domenico Ghirlandaio) အမည်ရှိသော ပန်းချီဆရာကြီးတစ်ဦးထံ၌ အပ်နှံကာ ပန်းချီဆေးရေးပညာကို လေ့လာ ဆည်းပူးစေလေသည်။ ထိုနောက် တစ်နှစ်ခန့်ကြာသောအခါ မိုက်ကယ်အန်ဂျလိုသည် ရုပ်ထုပညာတွင်ရုပ်တုပညာတွင် ပို၍ စိတ်ဝင်စားလာသဖြင့် ဗာတောလဒို၏ ရုပ်ထုအတတ်သင်ကျောင်းသို့ရုပ်တုအတတ်သင်ကျောင်းသို့ ပြောင်းရွှေ့ပြီးလျှင် ရုပ်လုံးထုခြင်းကို သင်ယူခဲ့လေသည်။
 
များမကြာမီပင် အနုပညာဝါသနာပါသော မဲဒီချီ (Lorenzo de' Medici) အမည်ရှိ သူဌေးကြီးတစ်ဦး တည်ထောင်ထားသော သုခုမရိပ်သာသို့ ရောက်သွားလေသည်။ ထိုအချိန်ကစ၍ မိုက်ကယ်အန်ဂျလိုမှာ အီတလီယဉ်ကျေးမှု ပြန်လည်ဆန်းသစ်သည့် ဉာဏ်သစ်အရေးတော်ပုံခေတ်တွင် ထင်ရှားသော အနုပညာသည်ကြီးတစ်ဦးအဖြစ် ထင်ရှားကျော်ကြားလာခဲ့လေသည်။ အသက် ၂၄ နှစ်တွင် မိုက်ကယ်အန်ဂျလိုသည် မယ်တော်၏ရင်ခွင်ထက်၌ သေဆုံးနေသော ခရစ်ဘုရား၏ ရုပ်လုံးကိုထုလုပ်ခဲ့သည်။ ထိုနောက်တွင် ဒေးဗစ်အမည်ရှိ ကျောက်ရုပ်ကြီး (Statue of David) ကို ထုလုပ်ခဲ့လေသည်။ ထိုကျောက်ရုပ်ကြီးမှာ အမြင့် ၁၈ ပေရှိ၍ လေးလွန်းလှသဖြင့် ထိုကျောက်ရုပ်ကြီးကို အလုပ်ရုံမှ မြို့လယ်ရှိပန်းခြံသို့ ရောက်အောင် လူ ၄ဝ က လှိမ့်၍ ယူကြရလေသည်။