လှည်းကူးမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သြ +ဩ)
စာကြောင်း ၂၉ -
 
== သမိုင်းကြောင်း ==
လှည်းကူးသည် ၁၈၅၃ ခုနှစ် အင်္ဂလိပ်လက်အောက်သို့ ကျရောက်စက ဟံသာဝတီခရိုင်၊ ဘောင်းလင်းစီရင်စု *(ပေါင်းလင်မြို့နယ်)<ref>မှတ်တမ်းသမိုင်း ဒဂုံ ဧရာ တနင်္သာတိုင်း၊ လွင်မောင် ရေး၊ ၁၉၇၈၊ သြဂုတ်လ၊ဩဂုတ်လ၊ စာ - ၁၈၀</ref> အတွင်းမှ ကျေးရွာကြီး တရွာ ဖြစ်သည်။ လှည်းကူးရွာသည် ယခု ရွာမပိုင်း နေရာ ဖြစ်သည်။ ယင်းရွာနှင့် ဘောင်းလင်းမြို့(ယခု မြို့ကြီးကုန်း)တို့ကို လမ်းမကြီးဖြင့် ဆက်သွယ်ထားပြီး ကုန်စည်ကူးသန်း ရောင်းဝယ် သွားလာသည်။ ကုန်သည်ခရီးသွားများသည် ဇီးပင်ဆိပ် (ယခု လှည်းကူးဈေးနှင့် သောင်ခုံပိုင်းအကြား)တွင် တထောက်နားခိုပြီး ထိုမှတဆင့် ငမိုးရိပ်ချောင်းအတိုင်း ဒဂုန်၊ ဥက္ကလာပတို့သို့ ခရီးဆက်ကြသည်။ သို့ဖြင့် ဇီးပင်ဆိပ်မှာ တစတစ စည်ကားလာသည်။ ရွာမပိုင်းနှင့် ဘောင်းလင်းလမ်းမကို ရိုးချောင်းငယ်ကလေးတခု ခြားထားရာ၊ နွားလှည်းများ ရိုးချောင်းကို ကူးသန်း သွားလာသည်။ နောက်တွင် ဇီးပင်ဆိပ်ကို လှည်းကူးဆိပ်ဟု ပြောင်းလဲ ခေါ်သည်။ ဗြိတိသျှခေတ် မြေစာရင်း မြေပုံတွင် လှည်းကူးဆိပ်ကွင်းဟု ဖော်ပြထားသည်။
 
၁၈၈၄ တွင် လှည်းကူးသည် ပဲခူးခရိုင်အတွင်း ရုံးစိုက်ရာ ကျေးရွာကြီး ဖြစ်လာသည်။ ၁၉၀၁ တွင် လှည်းကူးရွာ၌ လူဦးရေ ၁၆၆၆ ဦး နေသည်။ ဗြိတိသျှဘုရင်ခံ၏ ၁၅ ဖေဖော်ဝါရီ ၁၉၀၄ ရက်စွဲပါ သိမ်သမုတ်ရန် မြေပေးအမိန့်တွင် ပဲခူးစီရင်စု၊ လှည်းကူးမြို့နယ်ဟု ဖော်ပြထားရာ ၁၉၀၄ မတိုင်မီကပင် လှည်းကူးသည် မြို့နယ်အဆင့် ဖြစ်လာကာ ကိုလိုနီခေတ်တလျှောက် စည်ကားသည်။