ဘုရားပင့်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်, -ံု +ုံ)
စာကြောင်း ၃၄ -
၀ဇိရာဝ ဝိရောစန္တိ ၊ ဇိနော မေ ဌာတု သီသကေ ။
 
အင်္ဂီရသဿ-အယုတ်အလတ် အမြတ်ပိုင်းခြား လွန်ကြီးမားသည့် သုံးပါးဆယ်လီ ပါရမီတော်အဟုန် စာဂီတော်ဂုဏ်တို့ကြောင့် ခြောက်ရောင်စုံကွန့်မြူးလျက် အင်္ဂီရသဆိုတဲ့ ဘွဲ့ထူးကို ချီးကျူးခံ့ခိုင် ဘက်မပြိုင်နိုင်အောင် လက်ကိုင်ရရှိတော်မူသော ငါးမာရ်အောင်ပြီး ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏။ ဘမုကန္တရေ-မျက်ခံုးတော်နှစ်သွယ်မျက်ခုံးတော်နှစ်သွယ် အလယ်ဗဟိုတည့်တည့်၌။ သဉ္ဇာတာယ-နုဖြူထွားထွား ကောင်းစွာပေါက်ဖွား ဖြစ်ပေါ်၍နေသော။ ဥဏ္ဏာယစ-ဆွဲလို့ ဆန့်လျှင် နှစ်တောင်ခန့်ရှည်လျားသဖြင့် စိန်သားနှစ်အသွင် ငွေနန်းချည်အမျှင်ကဲ့သို့ ဖြူစင်ဝင်းသစ် လက်ယာရစ်ခွေရုံ စိန်ကြယ်ပွင့်အနေပုံလို ဥဏ္ဏလုံခေါ် မွေးရှင်တော်ဓာတ် လွန်ထူးမြတ်သည့် အရပ်တော်မှ၎င်း။ ဒါဌာဟိစ-ပတ္တမြား ခေါင်ရန်း နှင်းဆီပန်းကဲ့သို့ နီမြန်းသော နှုတ်ခမ်းတော်တို့ဖြင့် မပေါ်အောင် ဖုံးပိတ်၍ထားအပ်သော သွားတော်လေးဆယ် စွယ်တော်လေးဆူ ဖြူရာရာဓါတ်တော်ထူးတို့မှ၎င်း။ဖြူရာရာဓာတ်တော်ထူးတို့မှ၎င်း။ သေတရံသိယော-ပုလဲအနှစ် စိန်စစ်နမူ ဘော်ဖြူငွေရွက် ဖြန့်ကြက်စီခြယ် ငွေကြယ်ရောင်သန်း ကေလာသငွေတောင်ကို နေအရောင်လွှမ်းဘိသကဲ့သို့ မြလေးပန်းစပယ်ငုံ ကြာဖြူပွင့်ဝတ်မှုန်လို ပုံပမာကပ် စိန်တောင်ကို တိမ်ရောင်ဟပ်ဘိသကဲ့သို့ တလျှပ်လျှပ် တဖိတ်ဖိတ် တရိပ်ရိပ် တလည်လည် ထိန်ပြောင်ကြည်သည့် စိန်ရောင်ခြည်ဓာတ် ဖြူဖွေးသောအဆင်းတော်မြတ် တို့သည်။ ဝဇိရာဝ-စိန်နှစ်စိန်သွေး ဖြူဖွေးတောက်ပြောင်စိန်သားတောင်ကြီးကဲ့သို့။ ဝိရောစန္တိ-ဖူးမြင်ရသူတို့၏ စိတ်ဝယ်အထူး ဘဝင်မှာကြည်နူးလောက်အောင် ရွှင်မြူးတက်ကြွ ဘက်မမျှသဖြင့် လှပဆန်းကြယ် တင့်တယ်တော် မူကြပါပေကုန်၏။ သော ဇိနော-ထူးထွေဆန်းလည် စိန်ရောင်ခြည်တို့ကြောင့် အင်္ဂီရသံ ဘွဲ့ထူးခံသည့် ငါးမာရ်အောင်ပြီး ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီး သည်။ မေ-မမ-ရုပ်နှင့် နမ်သာ ထိုနှစ်ဖြာကို အတ္တသမုတ် အကျွန်ုပ်၏။ သီသကေ-လေးထွေ ဘူတ ကာယကိုယ်တွင် အမြတ်တင်သည့် ဦးပြင်ထိပ်၌။ ဌာတု- ခိုင်ခိုင်မတ်မတ် တန့်ရပ်တည်တော်မူပါ့ စိန်ရောင်ခြည် နေတနှုန်းကဲ့သို့ ရွှေဘုန်းတော်သခင် အရှင်မြတ်ကြီးဘုရား။
 
==အစိန္တေယျ ဘုရားပင့်==