ဆစ်ဂမန် ဖရွိုက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး 202.191.106.144 (ဆွေးနွေး) ၏ တည်းဖြတ်မူ 667222 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အိမ်မက် +အိပ်မက်)
စာကြောင်း ၆ -
ထိုနောက် ဗီယင်းနားမြို့တော်သို့ ပြန်လာပြီးလျှင်၊ နာဗ်ကြောရောဂါဆိုင်ရာ ပါမောက္ခအဖြစ် ဆောင်ရွက်ယင်း၊ စိတ္တဇရောဂါကုသနည်းကို သင်ကြားပို့ချ၍၊ စိတ်ပညာကို သုတေသနပြုလုပ်ကာ လေ့လာ ဆည်းပူးခဲ့သည်။ ဂျာမန်တို့ ဩစတြီးယားနိုင်ငံကို ချဉ်းနင်းဝင်ရောက်လာသော ၁၉၃၉-ခုနှစ်၌ ဖရွိုက်သည် လန်ဒန်မြို့၌ နေစဉ်၊ တော်ဝင်အသင်းကြီးမှ သူ့အား အသင်းဝင် လူကြီးအဖြစ် အသိအမှတ်ပြုလေသည်။ ၁၉၃၉-ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့၌ ဖရွိုက် အနိစ္စရောက်လေသည်။
 
ဖရွိုက်သည် စိတ်ဓာတ်ခွဲနည်းဖြင့် စိတ္တဇရောဂါကုထုံးနည်းကို ကြံဆခဲ့သည်။ ထိုနည်းကို အသုံးပြုရာ၌ ဝေဒနာရှင်ကို စိတ်ရောကိုယ်ပါ လွတ်လွတ်လပ်လပ်နေစေသည်။ သို့မှသာ ဝေဒနာရှင်သည် သူမမှတ်မိသော နောက်ကြောင်းတို့ကို ပြန်လည်သတိရ၍၊ ကုသသူဆရာဝန်အား ရောဂါလက္ခဏာကို ဆန်းစစ်ရာ၌ အကူအညီပေးနိုင်လိမ့်မည်ဖြစ်၏။ ထိုပြင် ဖရွိုက်သည် လူ့စိတ်နှင့် အိပ်မက်တို့ကို သေချာစွာ လေ့လာလေသည်။ ဖရွိုက်၏ အလို၌ အိမ်မက်မက်ခြင်းဟူသည်မှာအိပ်မက်မက်ခြင်းဟူသည်မှာ လူတို့၏ အကယ်တန္တု မပြုလုပ်နိုင်ခြင်းကြောင့်သော်လည်းကောင်း၊ မပြုလုပ်အပ်ခြင်းကြောင့်လည်းကောင်း၊ ချုပ်တည်းထားရသည့် ဆန္ဒများကို အိပ်မက်မက်ခြင်းသာ ဖြစ်သည်ဟု ယူဆသည်။ ဖရွိုက်၏ အရေးပါဆုံးသော ရှာဖွေတွေ့ချက်မှာ စိတ်တို့တွင် မသိစိတ်ဟူ၍လည်းရှိသည် ဟူသော အချက်ပင်ဖြစ်၏။ ဖရွိုက်၏ ကာမစ္ဆန္ဒစိတ်ဆိုင်ရာ အယူအဆတို့မှာ စိတ်ပညာရှင်တို့အဖို့ ဝိဝါဒဖြစ်ပွားစေခဲ့သ်။ ဖရွိုက်သည် ကျမ်းအမျိုးမျိုးကို ဂျာမန်ဘာသာ၊ အင်္ဂလိပ်ဘာသာ တို့ဖြင့် ပြုစုခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် အနိစ္စမရောက်မီ နောက်ဆုံးပြုစုသွားသော ကျမ်းမှာ '' စိတ်ဓာတ်ခွဲနည်း အခြေပြကျမ်း '' ဖြစ်သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )</ref>