ရှေးဟောင်းမြိုလူမျိုး: တည်းဖြတ်မှု မူကွဲများ

ဆောင်းပါးအသစ်အတွက် ထည့်ရန်။
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အိမ်မက် +အိပ်မက်, -၄င်း +၎င်း)
စာကြောင်း ၇ -
 
[[မြိုကရာမာ ဘာသာ]]|related_groups=[[ချင်းလူမျိုး ]]|total_year=၂၀၂၀}}
[[တိဗက်-မြန်မာ|တိဗက်- မြန်မာ]] အစုမှ ရခိုင်အုပ်စုခွဲတွင် ပါဝင်သော တိုင်းရင်းသား လူမျိုးများအနက် [[ရှေးဟောင်းမြိုလူမျိုး]]တို့သည် စစ်တွေခရိုင် ဘူးသီးတောင် ဒေသနှင့် ယခင် ရခိုင်တောင်တန်းဒေသ၊ ယခု ချင်းဝိသေသတိုင်း ပီးချောင်း၊ မီးချောင်း တလျှောက်တွင် နေထိုင်ကြသည်။ ထို့ပြင် အရှေ့ပါကစ္စတန်ပြည်၊ [[စစ်တကောင်းတောင်တန်းဒေသ|စစ်တကောင်း တောင်တန်း]]၊ ဗိုလ်မင်းထောင် တောင်တန်းနယ် အစွန်အဖျားတွင်လည်း မြိုလူမျုတို့ နေထိုင်ကြသည်။ ၁၉၃၁ ခုနှစ် သန်းကောင်စာရင်းအရ မြိုလူမျိုးတို့၏ ဦးရေမှာ ၁၃,၇၆၆ ခန့်ရှိသည်။ မြိုလူမျိုးတို့သည် မြို့ကြီးပြကြီးနှင့်မနီး၊ တောတောင် ချောင်းမြောင်း ထူထပ်သော အရပ်များတွင် ရှေးဓလေ့အတိုင်း တောင်ယာပဲခင်း လုပ်ကိုင်စားသောက်လျက် ရှိကြသည်။ ယောက်ျားတို့မှာ အနံ တဝါးလောက် အပြာရောင် အဝတ်ရှည်ကို ခါးတောင်ကျိုက်၍ ဝတ်ကြပြီးလျှင်၊ မိန်းမများမှာ အင်္ကျီဝတ်ကြရိုး ထုံးစံမရှိဘဲ၊ နက်ပြာရောင် အဝတ်စ အနံတထွာလောက်ကို ဒူးဆစ်အထိ ဆီးစပ်အောက် ရှော၍ ပတ်ရစ်ဝတ်ဆင်ကြသည်။ ထိုအဝတ်စ ခါးတွင် မြဲနေစေရန် ပုတီးစေ့လုံးကြီးများ သီထားသော ကြိုးများဖြင့် ရစ်ပတ်စည်းနှောင်၍သော်လည်း ထားတတ်၏။ သို့မဟုတ် ကြေးနီခွေများကိုသော်လည်း စွပ်ထားတတ်၏။ ရိုးသားစွာ နေထိုင်လေ့ရှိသည်။ လူအိုလူမင်းများကို လုပ်ကိုင် ကျွေးမွေးမည့် သားသမီးမရှိလျှင် ကာလသားများသည် စု၍ အပိုသက်သက် တောင်ယာလုပ်ပြီးလျှင် ဝမ်းစာထည့်ပေးကြ၏။ ခေါင်းကိုက်၊ ဝမ်းနာ၊ ဖျားနာခြင်းမှစ၍ နတ်ဖမ်းစားသည်ဟု အယူရှိပြီးလျှင် ကျွဲနွားဝက်တို့ကို သတ်၍ နတ်တင်လေ့ရှိသည်။ တောင်ပေါ် ယာခင်းတွင် မျိုးကြဲခါနီး၌ ကြက်ကို အကောင်များစွာ သတ်၍၊ ကြက်သွေးဖြင့် ယာခင်းကို ပက်ဖျန်းကာ ယာခင်းကောင်းစေရန်လည်း နတ်တင်လေ့ရှိသည်။မြိုလူမျိုးတို့သည် တချိန်က ရခိုင်ပြည်တွင် မင်းဧကရာဇ်များအဖြစ် နန်းတက်၍ “မြို” မင်းဆက် နှစ်ဆက်ကိုပင် တည်ထောင်ခဲ့ဘူးလေသည်။ ထိုသို့ [[မြိုမင်းဆက်]] နန်းတက်ခဲ့သည်မှာ သက္ကရာဇ် ၁၃၁ ခုနှစ်မှ ၁၅၆ ခုနှစ်အထိ ၂၅ နှစ်ခန့် ကြာခဲ့လေသည်။ဤသို့မြိုမင်းဆက်နှစ်ဆက်ထူထောင်ခဲ့ဖူသော မြိုလူမျိုးတို့မှာ ယခုအခါ မထင်မရှားသော လူမျိုးအနေဖြင့် တည်ရှိကာ၊ အခြား မြန်မာနိုင်ငံ တိုင်းရင်းဘွားတို့ကပင် မြိုလူမျိုးတို့အကြောင်းကို မသိရှိကြပေ။<ref>မြန်မာ့စွယ်စုံကျမ်း အတွဲ (၉) အပိုင်း (ခ) စာ-၄၂၅-၄၂၆။</ref>ဤဆောင်းပါးတွင်ဖော်ပြသည့်မြိုလူမျိုးများဆိုရာတွင် ရခိုင်လူမျိုးတို့က မြို(mro) ဟုလည်းကောင်း၊ မီဇိုးချင်းတို့က မီရီယား (Miria) ဟုလည်းကောင်း၊ ခူမီးချင်းတို့က လောင်ဟူး(Lawnghu) ဟုလည်းကောင်း၊ ရခိုင်ပြည်နယ်မှခမီတို့က ဒါက်(Dak) ဟုခေါ်ဆို သောလူမျိုးများဖြစ်သည်။ ဘင်္ဂလီတို့က မူရုန်,မြုံ(Murung) ဟုလည်းကောင်းခေါ်ဆိုပြီး ၄င်းတို့ကိုယ်တိုင်၏၎င်းတို့ကိုယ်တိုင်၏ မိခင်ဘာသာစကားဖြင့် မရူ၊ မရူစား (Mru, Mrucha) အဖြစ်ခေါ်ကာ စာပေရေးသားရာတွင်လည်း မြို နှင့် [[မြူလူမျိုး|မြူ]] ([[Mro]] and Mru) နှစ်မျိုးစလုံးဖြင့်အသုံးပြုရေးသားသည့် လူမျိုးများကိုဆိုလိုခြင်းဖြစ်သည်။ ချင်းပြည်နယ်မီးချောင်းနှင့် ရခိုင်ပြည် နယ်အတွင်းမှ အခြားလူမျိုးများနှင့်ကွဲပြား စွာ သိနိုင်ပေသည်။ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်ထောင်စုသန်ခေါင်စာရင်း ကောက်ယူရာ၌ ကုတ်နံပတ်တွင် (၇၀၆) အဖြစ်ဖော်ပြထားသော မြိုတိုင်း ရင်းသားလူမျိုးစုဖြစ်သည်။
 
== ပထဝီနယ်မြေ ==
စာကြောင်း ၈၂ -
မြိုတိုင်းရင်းသား တို့သည် တောတောင်ကိုနှစ်သက် သူများဖြစ်ကြသည် တောတောင်များကိုငါတို့ ကျေနပ်စွာ အုပ်စိုးမည် လွတ်လွတ်လပ်လပ် နေထိုင်စားသောက်မည်ဟု ခံယူထားကြပြီး တောတောင်များကို အုပ်စိုးသည့် တောင်မင်း'' ဟု ဆိုရမှာပါ။ ကျေးရွာတည်ဆောက်ရတောမည်ဆိုလျှင် တောင်ယာ စို်က်ပျိုးရန်၊ အမဲလိုက် အသားငါး ဖမ်းရန်၊ ရေ၊ သီးနှံ ဆွတ်ခူးစုဆောင်းရန် နှင့် အေးချမ်းသာ ယာမှု ရှိသည့် အရပ် ကို စလေ့လာရသည်။ ပြီးနောက် မြို တို့၏ ရိုးရာ ဓလေ့အရ ကျေးရွာ ကိုတည်ထောင်ရန် မြေနေရာ ကို စနစ်တကျရွေးချယ်လေ့ရှိသည်။ ရွေးချယ် ကြပုံမှာ ''ရွာတည်ထောင်လိုသည့် မြေကွက်တွင် ဆန်စေ့ သို့မဟုတ် ငရုတ်ကောင်းစေ့ ကို မြှပ်နှံပြီး မြေနေရာကောင်း ၊မကောင်းသိရှိနိုင်ရန် မြေစောင့်နတ်ကို တိုင်တည်၍ ဆုတောင်းရသည်။ နောက်တစ်နေ့ နံနက် တွင် မြှပ်နှံထားသည့် ဆန်စေ့၊ [[ငရုတ်ကောင်းပင်|ငရုတ်ကောင်း]]စေ့ များကို တူးဖော်ကြည့်ကြသည်။ မကျိုးမပဲ့ အကောင်းအတိုင်း ရှိပါက မြေကွက်တွင် ရွာတည်ထောင်ရန် သင့်သည်ဟု ယူဆကာ ကျေးရွောတည်ထောင်ကြသည်။ အကယ်၍ မြှပ်နှံထားသည့် ဆန်စေ့ သို့မဟုတ် ငရုတ်ကောင်းစေ့ များကျိုးပဲ့နေပါက ထိုနေရာတွင် ကျေးရွာတည်ထောင်ရန်မသင့်ဟု နတ်က ညွန်ပြခြင်းဖြစ်သည်ဟု ခံယူကြသည်။
ပြီးနောက် ရွာတည်မည့် မျိုးနွယ်အကြီးအကဲ သို့မဟုတ် ကျေးရွာလူကြီးခေါင်းဆောင်က အိပ်မက်ခြင်းအားဖြင့်လည်း ရွေးချယ်ကြသည်။ [[အိပ်စက်ခြင်း|အိပ်မက်]] တွင် ငါး ၊ရေကြည် ပြင် ၊ မြင်မက်က ကောင်း၏။ထိုနေရာ တွင် ရွာတည်ကောင်း၏ စီးပွားဖြစ်ထွန်းမည်၊ ငွေရေးကြေးရေး အဆင်ပြေမည် ယူဆကြသလို ပန်းနီ ၊ မြွေ ၊မီး ၊မိုး မြင် မက်ပါက လူသေများမည်၊ ပြဿနာများမည် စီးပွားဖြစ်ထွန်းမှုနည်းပါးနည်ဟု ယူဆကြလေသည်။<ref>THE BRITISH BURMA GAZETTEER IN TWO VOLUMES. VOZi. II PRINTED AT THE GOVERNMENT PRESS. 1879: Rangoon,p, 425.</ref>
အိုးအိမ် တည်ဆောက်ရာမှာလည်း ရိုးရာဓလေ့ အိမ်သစ်တည်ဆောက်ရာမှာလည်း မိမိ အိမ်တည်ဆောက်လိုသည့် မြေကွက် ၌ ဝါးခြမ်းတိုများဖြင့် စိုက်ပြီး မြေစောင့်နတ် ကို ကြက်ကလေး အဖြူ ၊ကြက်နီ ဖြင့် ပူဇော်ပသ တိုင်တည်၍ အိမ်ဆောက်လုပ်ရန်ကောင်း မကောင်း ကို အိပ်မက်တောင်းကာ ဆုတောင်းရသည်။ ထိုည၌ အိမ်မက်ကောင်းမြင်မက်ပါကအိပ်မက်ကောင်းမြင်မက်ပါက ထိုနေရာတွင် အိမ်တည်ဆောက်ရန် စီစဉ်ကြသည်။ အိမ်မက်တွင်အိပ်မက်တွင် မီး ၊ မိုး ၊ ပန်းနီ ၊လေယဉ် မြင်မက်ပါ က လုံးဝ အိမ်တည်ဆောက်ရန်မကောင်းဟု ယူဆလေ့ရှိသည်။ ကောက်ယူသည့် အနက်က မီး မြင်မက်က ပြဿနာများမည်၊ မိုးမြင်မက် က၊ မျက်ရည်ကျမည်၊ ပန်းနီမြင်မက် က အစိမ်းသေ၊ လေယဉ်မြင်မက်က လူသေအလောင်း …စသည့် အနက်ကို ကောက်ယူကာ မကောင်းဟု မှတ်ယူကြသည်။
ရိုးရာအိမ်ကို သစ်ဝါးကို အခြေခံ ကာ တည်ဆောက်ကြသည်။ သို့သော် များသောအားဖြင့် ဝါးဖြင့် ခြေတံရှည်အိမ်များ ကို တည်ဆောက်ကြသည်။ <ref>https://www.researchgate.net/publication/226498628_Housing_pattern_and_food_habit_of_theMro-tribe_community_in_Bangladesh_A_forest_dependence_perspective မြိုလူမျိုးတို့ ရိုးရာအိမ်တည်ဆောက်ပုံအကြောင်းတရား။</ref>အိမ်မဆောက်မီ လိုအပ်သော ဝါး ၊သစ်များ ၊နှီး များကို စုဆောင်းပြင်ဆင်ထားရသည်။ ''အိမ်တည်ဆောက်ရာတွင် ခေါင်တိုင်ကို မင်္ဂလာ တိုင်အဖြစ် သတ်မှတ်၍ ဦးစွာစိုက်ထူလေ့ရှိသည် တိုင်ကို အိမ်ရှင်ဖြစ်သူ ကိုယ်တိုင်စိုက်ထူရသည်။ ပြီးနောက် မြိုတိုင်းရင်းသားရိုးရာအိမ်များသည် အရှေ့ဖက်တည့်တည့် မျက်နှာမူလေ့မရှိပေ။အလျားလိုက် ရှေ့ဖက်နေထွက်ရာဖက်မှအနည်းငယ်စောင့်ကာ ဆောက်လေ့ရှိသည်။ အမိုးအကာ နှင့် လိုအပ်သည့် အခင်းတို့သည် ဝါးလုံး ၊ ဝါးရွက်နှင့် သက်ကယ် များကို အသုံးပြုကြသည်။ အိမ်ဆောက်လုပ်ရာတွင် `အိမ်မ`နှင်`့ မောင်းကာ` ဟု၍ ရှိသည် ''အိမ်မ''ကို (ကိမ်-Kim ) အိမ်မကို(ကိမ်မာ-Kimma) အိမ်ဖိုကို(ကိမ်တောမ်-Kimtom) ဆောက်လုပ်ပြီးစီးပါက ''မောင်းကာ'' ကိုရှေ့တစ်ဆောင် နောက်တစ်ဆောင် တွဲ ဆောက်လေ့ရှိသည်။ အနောက်ဖက် အဆောင်ငယ်သည် အိမ်တွင်း အသုံးပြု မည့် ပစ္စည်းများ တိုထားရာနေရာ၊ ရှေ့ဖက်အဆောင်ငယ်သည် ဧည့်သည် ခန်း အဖြစ် သတ်မှတ်ပြီး ''အိမ်မ'' သည် မိသားစု အိပ်ခန်း ရိုးရာ တန်ဖို့ထားရသည့် ပစ္စည်းများ ထားရသည် အတွက် အပြင်လူ ဝင်လေ့မရှိ။ အိမ်ခေါင်သည် ခေါင်ချိုး ဖြစ်သည် ဘယ်ဘက်ထောင့်နားမှာ ရေစင်ရှိပြီး ညာဖက်ထောင့်တွင်အိုးခွက် ပန်းကန် ၊[[ဟင်းသီးဟင်းရွက်]]ထားရာစင်၊ အိမ်မ ထောင့်တွင် မီးဖို ရှိသည် မီးဖိုသည် စနေနေ့လုပ်လေ့မရှိပေ အကြောင်းမှာ စနေသည် မီးဖြစ်သည်ဟု ယူဆထားပါသည်။။မီးဖို လုပ်သည့် အခါတွင် မြေသားကို ပလှိုင်းတောင်းဖြင့် စုံ ဂဏန်းမဖြစ်ရ မြေအရေအတွက် မ ဂဏန်းဖြင့်သယ်ရသည် မီးဖိုလုပ်ရာ၌ မရယ်ရ ရယ်မိရင် [[မီးဖို]] အက်ကွဲတတ်သည်ဟု ယူဆကြသည်။ မီးဖိုတန်း ပေါ်၌ ကျပ်စင်တစ်ခုရှိပြီး ရေဘူးခွန်ထည့်ထားပြီး ကြာရှည်ခံရန်နှင့်အနှံကောင်းစေရန် ဖြစ်သည်။ အိမ်တစ်အိမ်တွင် ဓားကိုကြည့်ခြင်းအားဖြင့် လူဘယ်နှစ်ယောက်ရှိသလဲ သိနိုင်ပါသည်။ အိမ်တွင်လူ မရှိပါ က လှေကား ကိုမှောက်လှန်ထားခြင်း၊ဝါးထရံကာထားခြင်း ပြုလုပ်ထားလေ့ရှိသည်။''မြို''တိုင်းရင်းသားတို့၏ရိုးရာအိမ်ဆောက်လုပ်ပုံတွင်ထူးခြားချက်မှာ မိဘများ အသက်အရွယ်ကြီးရင့်လာလျှင် ကွပ်ပျစ်နှင့် တစ်ဆက်တည်းတွင် မိဘဆောင်ကိုတွဲ၍ ဆောက်လုပ်ပေးလေ့ရှိခြင်းပင်ဖြစ်သည်။ ထိုအဆောင်လေးမှာနှစ်လောက်စာနေလောက်ရုံအခန်းငယ်ကလေးဖြစ်သည်။<ref>Housing pattern and food habit of the Mro-tribe community in Bangladesh: A forest dependence perspective <br /></ref>