လှကျော်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥက္ကဌ +ဥက္ကဋ္ဌ)
 
စာကြောင်း ၁ -
{{unreferenced}}
'''ဦးလှကျော်'''သည် မြန်မာနိုင်ငံ လွတ်လပ်ရေး မရမီ၊ ရန်ကုန်မြို့ မြူနီစီပယ် အုပ်ချုပ်စဉ် အင်္ဂလိပ်များ နိုင်ငံခြားသားများသာ တာဝန်ယူအုပ်ချုပ်နေသော [[မီးသတ်ဦးစီးဌာန|မြူနီစီပယ် မီးသတ်တပ်ဖွဲ့]]တွင် ပထမဦးဆုံးတာဝန် ထမ်းဆောင်ခွင့်ရခဲ့သော မြန်မာနိုင်ငံသား ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ရန်ကုန်မြို့တွင်သာမက မြန်မာနိုင်ငံ တစ်ဝန်လုံးရှိ စေတနာ့ဝန်ထမ်းများ၊ မီးသတ်အစည်းအရုံးများကို စုစည်း သည်။ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကို အကောင် အထည် ဖော်ပြီး ၁၉၄၆ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ မီးသတ် အစည်းအရုံး ညီလာခံ ဖြစ်မြောက်ရေးအတွက် ဦးဆောင် စည်းရုံးပြီး၊ ၁၉၄၆ ခုနှစ် မေလ (၅)ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးရှိခရိုင်ပေါင်း(၁၉၇)ခရိုင်မှ မီးသတ် အစည်းအရုံးကိုယ်စားလှယ်များကို စုစည်း၍ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ မီးသတ် အစည်းအရုံး ညီလာခံကို ရန်ကုန်မြို့၊ ကန်တော်လေးရပ်၊ ဇိနတ်မူဆလင်မိန်းခလေးကျောင်းတွင် ကျင်းပနိုင်ခဲ့သည်၊ ထိုညီလာခံတွင် ဗဟိုအလုပ်အမှုဆောင် ဥက္ကဌအဖြစ်ဥက္ကဋ္ဌအဖြစ် ဦးလှကျော်မှ ရွေးချယ်ခံပြီး၊ အတွင်းရေးမှူး အဖြစ် ဦးလှမှ ရွေးချယ်ခံရသည်။
 
မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံး ပထမအကြိမ်ညီလာခံသို့ တတ်ရောက် လာသော [[ဦးအောင်ဆန်း]]၊ [[ဘချို၊ ဦး (ဒီးဒုတ်)|ဦးဘချို]]၊ [[သခင်မြ]]၊ [[ဦးဘဖေ]]၊ ဦးစိုးညွန့်၊ ဟင်္သာတဦးမြ၊ ဦးတင် (မြန်မာအလင်း)၊ ဦးမြ (ပျော်ဘွယ်)၊ သခင်ဆန်းထွန်း၊ ဦးဘဝင်း၊ ဗန္ဓုလဦးစိန် တို့ကိုလည်း မြန်မာနိုင်ငံမီးသတ် အစည်းအရုံးညီလာခံအစည်းအဝေးကြီး၏ နာယကလူကြီးဖြစ် ရွေးချယ်တင်မြှောက် ကြသည်။