ကရင်နွယ်ဘာသာစကားများ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
==စတင်ခဲ့သောခုနှစ်နှင့်တွေ့ရှိပုံ==
ကရင်ဘာသာစကားကို မြန်မာကက္ကရာဇ် (၁၁၆၀) ပြည့် ခန့်မှစတင်ကာ ပေထက်အက္ခရာတင်ခဲ့ပြီး ကရင်စာပေ ကျမ်းပေါင်း (၁၂၀) နှင့် ကရင်ကျမ်းစာများသည် ပိဋိကတ်တော်များနှင့် ရိုးရာယဉ်ကျေးမှုအပေါ် အခြေခံရေး သားခဲ့ကြောင်းသိရသည်။
[[File:Karen01.jpg|right|thumb|200px|ကရင်ဘာသာ အရေးအသား]]
 
စာပေများကို အနှစ်သာရနှင့် လင်္ကာသဘောရေးနည်းမှ စကားပြောသဘောရေးနည်း သို့အဆင့်ဆင့် ပြောင်းလဲအသုံးပြု လာခဲ့ကြကြောင်း သိရသည်။
ကရင်စာပေကျမ်းကို ၁၈၅၁ ခုနှစ်မှ စတင်ကာရေးသားခဲ့ပြီး သိဒ္ဓတ္ထဝတ္ထုဖြစ်ကြောင်း သိရသည်။ အစော ပိုင်းတွင် ကရင်စာပေကို သာသနာရေး ရည်ရွယ်ချက်ဖြင့် ရေးသားခဲ့ကြောင်းသိရသည်။
 
အဓိပ္ပာယ်စပ် အလင်္ကာရေးနည်း တစ်မျိုးကို အသုံးပြု သုံးစွဲခဲ့ကြပြီး ၁၈၇၀ပြည့်နှစ်နောက်ပိုင်းတွင် သာသနာရေး၊ အမျိုးသားရေးနှင့် စာပေ တည်ဆောက်ရေး ဟူသော ရည်ရွယ်ချက်များဖြင့် ကရင်စာပေကို ခမ်းနား ကြီးကျယ်စွာ ရေးသားခဲ့ကြကြောင်း သိရသည်။
[[File:Karen-brek.gif|right|thumb|200px|ကရင်ဘာသာ အရေးအသား]]
 
==ကရင်စာပေများအကြောင်း==
စနစ်တကျ ဖွဲ့ဆိုထားသော အလင်္ကာစပ်နည်းကို အသုံးပြုသည့် ကရင်စာပေကို ၁၉၂၀ ပြည့်နှစ်တွင် စတင်ကာ စက်တင်ပုံနှိပ် ထုတ်ဝေခဲ့ကြောင်း သိရသည်။ ကရင်စကားပြော အရေးအသားကို ၁၉၆၅ခုနှစ်တွင် စတင်သုံးစွဲခဲ့ပြီး ကရင်ဆောင်းပါးအရေးအသားကို ၁၉၆၈ ခုနှစ်တွင် စတင်တွေ့ရှိရကြောင်း သိရသည်။