သျှင်မဟာ သီလဝံသ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
→‎မင်းဆရာဖြစ်ခြင်း: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၃၄ -
 
==မင်းဆရာဖြစ်ခြင်း==
တနေ့တွင် ရှင်သီလဝံသသည် အင်းဝဘုရင် [[ဒုတိယ မင်းခေါင်]]ထံသို့ မေတ္တာစာ ရေးသားဆက်သွင်းခဲ့သည်။ ထိုအခါ ရှင်ဘုရင်သည် ရှင်သီလဝံသ၏ အရည်အသွေးကို လေးစားကြည်ညိုပြီး စစ်ကိုင်းမြို့၊ ထူပါရုံစေတီတော်၏ အရှေ့မြောက်ရှိ ရတနာဗိမာန် ရွှေကျောင်းတော်ကြီး ကို တင်လှူခဲ့သည။တင်လှူခဲ့သည်။ သျှင်သီလဝံသသည်၎င်းကျောင်းတော်ကြီးကို ဆက်ခံသော ရှစ်ဆက်မြောက် ကျောင်းထိုင် ပညာရှိရဟန်း ဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ နေပြည်တော်ရှိ ဆရာတော် ရှင်မဟာရဋ္ဌသာရကဲ့သို့ မင်းဆရာအဖြစ် မြောက်စားခံခဲ့ရသည်။ ဆရာတော် ရှင်သီလဝံသသည် မင်းဆရာဖြစ်သော်လည်း မာန်မာနကြွားဝါခြင်းမရှိဘဲ ထူပါရုံစေတီတွင် နေ့စဉ်တံမြက်လှည်းဝတ်ပြုခြင်း၊ တပည့်များအား စာပေပညာပို့ချခြင်း၊ တရားဘာဝနာပွားများခြင်းများကိုသာ ဆောင်ရွက်တော်မှုသည်။
 
မြန်မာသက္ကရာဇ် ၈၅၈ ခုနှစ်တွင် ဘုရင်မင်းခေါင်သည် "ကြားပိမ့်ကျက်သရေ၊ အောင်မြင်စေအံ့" ဟုအစချီသည့် [[တံတားဦး မင်္ဂလာစေတီတော်|တံတားဦးမင်္ဂလာစေတီတော်ကြီး]]၏ အလည်ဌာပနာတိုက်ကို အကြီးအကျယ် တည်ထားသောအခါ ဆရာတော်သည် တံတားဦးမင်္ဂလာစေတီမော်ကွန်းကို စတင်ရေးသားခဲ့သည်။ ထိုစဉ် ရှင်မဟာရဋ္ဌသာရမထေရ်သည် "သုံးဆယ့်နှစ်ပါး ထင်ရှားလက္ခဏာ" အစချီသော တံတားဦးစေတီမော်ကွန်းကို ရေးသားစီရင်ပြီး ဘုရင့်ထံသို့ဆက်သွင်းပြီးဖြစ်ကြောင်း သိရှိရသောအခါ ရေးလက်စ မော်ကွန်းကို ဆက်လက်မရေးသားတော့ဘဲ ရေးပြီးသား ပရပိုက်တို့ကို ဖျက်ဆီးပစ်ရန် တပည့်များအား စေခိုင်းခဲ့သည်။ တပည့်များက ဖျက်စီးရန် နှမြော၍ သိမ်းဆည်းထားသောကြောင့် ယနေ့အထိ ကျန်ရှိနေခဲ့သည်။