ဆူမားရီးယန်းခေတ်: တည်းဖြတ်မှု မူကွဲများ

စာလုံး "==ဆူမားရီးယန်းများ== ဆီမိုက်အနွ..." လုံးနှင့် စာမျက်နှာအသစ် စလုပ်ရန်
 
စာကြောင်း ၁၃ -
==ပြက္ခဒိန် နှင့် အချိန်နာရီ==
ဆူမားရီးယန်းတို့သည် လအဆန်း၊ အဆုပ်ကို မူတည်တွက်ချက်သည့် လပြက္ခဒိန်ကို တီထွင်ခဲ့ကြသည်။ တစ်နှစ်ကို ၁၂လ အဖြစ်ပိုင်းခြားပြီး ဝါထပ်နှစ် သဘောအတိုင်းပင် ရံဖန်ရံခါ လတိုးလေ့ရှိသည်။ ရေတွက်သည့် သင်္ချာစနစ်သည်လည်း ဆယ်လီစနစ်၊ ရာလီစနစ် စသဖြင့် မဟုတ်ဘဲ ခြောက်ဆယ်ကို အခြေခံကာ ရေတွက်ကြသည်။ ထိုမှ တစ်မိနစ်လျှင် စက္ကန့်ခြောက်ဆယ်၊ တစ်နာရီလျှင် ခြောက်ဆယ်မိနစ် စသဖြင့် အချိန်နာရီ သတ်မှတ်ပုံ အစပြုခဲ့သည်။
 
==မြို့ပြနိုင်ငံခေတ်==
ထိုစဉ်က ဆူမားရီးယန်းတို့သည် မြို့ပြနိုင်ငံစနစ် အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ကြသည်။ အကြီးအကဲဖြစ်သူအား ပါတေးစီ(Patesi) ဟုခေါ်ကြသည်။ အဆိုပါ ပါတေးစီတို့သည် အခွန်အကောက် ကြမ်းတမ်းကာ နိုင်ငံအရေးကိစ္စများတွင်လည်း ခေါင်းမရှောင်တမ်း တာဝန်ထမ်းသဖြင့် အများ၏ချစ်ကြောက်ရိုသေမှုကို ခံယူရရှိသည်။ ထိုသူတို့သည် ကမ္ဘာပေါ်တွင် ပထမဆုံး မြင်းနှစ်ကောင်ဆွဲသည့် နှစ်ဘီး(သို့) လေးဘီးတပ် စစ်ရထားကို အသုံးပြုခဲ့ကြသူများလည်း ဖြစ်သည်။
 
[[Category:သမိုင်း]]
[[Category:ကမ္ဘာ့ သမိုင်း]]
[[Category:အနောက်အာရှသမိုင်း]]
[[Category:အာရှ]]
[[Category:ဘေဘီလိုးနီးယားခေတ်]]