ပြည် နဝဒေးကြီး: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂ -
 
နောက် [[စလင်းမြို့]]ပျက်၍ စစ်ကိုင်းတွင် စည်သူကျော်ထင်မင်းပြုပြန်ရာ မင်းလကျ်ာလိုက်ပါသွားရ၍ စစ်ကိုင်းမှာပင် ထောင်သင်းကိုမှူးရသည်။ စစ်ကိုင်းစည်သူ ကျော်ထင်သည် နရပတိဘွဲ့ကိုခံယူလျက် အင်းဝကိုသိမ်းမြန်းစိုးစံစဉ် ဟံသာဝတီဆင်ဖြူများရှင် လုပ်ကြံသဖြင့် အင်းဝပျက်သော် ဆင်ဖြူများရှင် မင်းတရားကြီး၏ ညီတော် ပြည်ဘုရင်သတိုးဓမ္မရာဇာက ထောင်သင်းမှူးကိုတောင်းယူသဖြင့် ပြည်သို့ထောင်သင်းမှူးလိုက်ပါသွားရပြန်သည်။
နောက် [[ဆင်ဖြူရှင်|ဆင်ဖြူရှင်မင်းတရားကြီး]]သည် [[ဟံသာဝတီ|ဟံသာဝတီနေပြည်တော်]]ကို မြို့သစ်နန်းသစ် တည်ထောင်ကာ စိုးစံတော်မူသည်။
 
ထိုအခါ ထောင်သင်းမှူးသည် မင်းရေးမင်းမှုနှင့် စပ်လျှဉ်း၍ [[ဟံသာဝတီ]]သို့ အရောက်တွင် မြို့သစ်နန်းသစ်ကား နန်းမအဆောင်ဆောင်တို့ဖြင့် ရှုမညီးနိုင်ဘွယ် အလွန်တင့်တယ်ပေရကား မြို့သစ်နန်းသစ်ဖွဲ့ ရတုပိုဒ်စုံကို ရေးသား၍ ဆင်ဖြူရှင်မင်းတရားကြီးထံဆက်သွင်းရာ မင်းတရားကြီး အားရနှစ်သက်တော်မူလွန်းလှသဖြင့် စာပေဗဟုသုတ သိပ္ပဖြာဖြာ၌ မတတ် မသိ ပါဟုပြောစရာမရှိလောက်အောင် အတတ်ပညာကြွယ်ဝသည်ဟူသော အဓိပ္ပာယ်ကို ပြညွှန်းသည့် "နဝဒေး" ဟူသောဘွဲ့ထူး ဂုဏ်ထူးကြီးဖြင့် ချီးမြှင့်မြှောက်စားတော်မူသည်။ ထို့ကြောင့် စစ်ကိုင်းထောင်သင်း၊ စလင်းလကျ်ာ၊ ပြည်မှာနဝဒေး ဟု ဘွဲ့မည်ရရာ မြို့နှင့်တွဲ၍ ဆိုရိုးပြုကြလေသည်။