ပြည် နဝဒေးကြီး: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
ဆောင်းကချီ၍-ချီ ကျေးစေရတုရေးသူ ပထမ နဝဒေးကြီးမှာ ၈၉၄-ခုနှစ်တွင် နန်းတတ်သော [[နရပတိ|ဘုရင်နရပတိ]]၏ ယောက်ဖ မင်းဘစော၏ အထိန်းတော်ကြိးဖြစ်၍ [[ပြည်မြို့]]သားဇာတိဖြစ်သည်။ ဘုရင်နရပတိသည် ယောက်ဖတော် မင်းဘစောအား ကွပ်မျက်၍ နှမတော် နရပတိမယ်ကို စလင်းစည်သူကျော်ထင်သို့ပေးရာ နဝဒေးကြီးသည် စလင်းသို့လိုက်ပါသွားရ၍ စလင်းတွင်ပင် မင်းလကျ်ာဟူသောဘွဲ့ကိုရသည်။
 
နောက် [[စလင်းမြို့]]ပျက်၍ စစ်ကိုင်းတွင် စည်သူကျော်ထင်မင်းပြုပြန်ရာ မင်းလကျ်ာလိုက်ပါသွားရ၍ စစ်ကိုင်းမှာပင် ထောင်သင်းကိုမှူးရသည်။ စစ်ကိုင်းစည်သူ ကျော်ထင်သည် နရပတိဘွဲ့ကိုခံယူလျက် အင်းဝကိုသိမ်းမြန်းစိုးစံစဉ် ဟံသာဝတီဆင်ဖြူများရှင် လုပ်ကြံသဖြင့် အင်းဝပျက်သော် ဆင်ဖြူများရှင် မင်းတရားကြီး၏ ညီတော် ပြည်ဘုရင်သတိုးဓမ္မရာဇာက ထောင်သင်းမှူးကိုတောင်းယူသဖြင့် ပြည်သို့ထောင်သင်းမှူးလိုက်ပါသွားရပြန်သည်။
နောက် [[ဆင်ဖြူရှင်|ဆင်ဖြူရှင်မင်းတရားကြီး]]သည် [[ဟံသာဝတီ|ဟံသာဝတီနေပြည်တော်]]ကို မြို့သစ်နန်းသစ် တည်ထောင်ကာ စိုးစံတော်မူသည်။
 
ထိုအခါ ထောင်သင်းမှူးသည် မင်းရေးမင်းမှုနှင့် စပ်လျှဉ်း၍ [[ဟံသာဝတီ]]သို့ အရောက်တွင် မြို့သစ်နန်းသစ်ကား နန်းမအဆောင်ဆောင်တို့ဖြင့် ရှုမညီးနိုင်ဘွယ် အလွန်တင့်တယ်ပေရကား မြို့သစ်နန်းသစ်ဖွဲ့ ရတုပိုဒ်စုံကို ရေးသား၍ ဆင်ဖြူရှင်မင်းတရားကြီးထံဆက်သွင်းရာ[[ဆင်ဖြူရှင်|ဆင်ဖြူရှင်မင်းတရားကြီး]]ထံဆက်သွင်းရာ မင်းတရားကြီး အားရနှစ်သက်တော်မူလွန်းလှသဖြင့် စာပေဗဟုသုတ သိပ္ပဖြာဖြာ၌ မတတ် မသိ ပါဟုပြောစရာမရှိလောက်အောင် အတတ်ပညာကြွယ်ဝသည်ဟူသော အဓိပ္ပာယ်ကို ပြညွှန်းသည့် "နဝဒေး" ဟူသောဘွဲ့ထူး ဂုဏ်ထူးကြီးဖြင့် ချီးမြှင့်မြှောက်စားတော်မူသည်။ ထို့ကြောင့် စစ်ကိုင်းထောင်သင်း၊[[စစ်ကိုင်း]]ထောင်သင်း၊ စလင်းလကျ်ာ၊ ပြည်မှာနဝဒေး ဟု ဘွဲ့မည်ရရာ မြို့နှင့်တွဲ၍ ဆိုရိုးပြုကြလေသည်။
 
ရတုတွင် ပြိုင်ဘက်ကင်း၍ ဘုရင်တဆူ ဖြစ်သော နဝဒေးကြီးသည် အသက် ၉၀-ကျော်တွင် အနိစ္စရောက်လေသတည်း။
စာကြောင်း ၁၀ -
 
==အထ္ထုပ္ပတ္တိအကျဉ်း==
သက္ကရာဇ် ၈၉၄ ခုနှစ်တွင်[[ ပြည်မြို့၌ပြည်မြို့]]၌ ဘုရင်နရပတိမင်းပြုတော်မူသည်။ ပြည်မြို့ဇာတိဖွားဖြစ်သော[[ပြည်မြို့]]ဇာတိဖွားဖြစ်သော နဝဒေးကြီးမှာ ထိုဘုရင်နရပတိ၏ ယောက်ဖ (နှမတော် “နရပတိမယ်” ၏ကြင်ယာတော်) မင်းဘစော၏ အထိန်းတော်ဖြစ်သည်။
 
ဘုရင်နရပတိသည် မင်းဘစောကို “ပွတ်လယ်ရွာ”တွင် ကွပ်၍ နှမတော် “နရပတိမယ်” ကို စလင်း-စည်သူကျော်ထင်သို့ပေးလိုက်သည်။ထိုအခါ နဝဒေးကြီးလည်း စလင်းသို့လိုက်ပါသွားရရာ စလင်းတွင်ပင် “မင်းလက်ျာ” ဟူသောဘွဲ့ကိုရသည်။
 
ထို့နောက် စလင်းမြို့ပျက်၍ စစ်ကိုင်းတွင်[[စစ်ကိုင်း]]တွင် သက္ကရာဇ် ၉၀၇-ခုနှစ်၌ စလင်းစည်သူကျော်ထင် မင်းပြုရာ“မင်းလက်ျာ” လိုက်ပါ ခစားရပြန်၍ ထောင်သင်းကို မှူးရသည်။ ထိုအခါ “ထောင်သင်းမှူး” ဟုတွင်ပြန်၏။
 
သက္ကရာဇ် ၉၁၃-ခုနှစ်သို့ရောက်လျှင် စစ်ကိုင်း-စည်သူကျော်ထင်သည် “နရပတိစည်သူ”“[[နရပတိစည်သူ]]” ဟူသောအမည်ဖြင့် အင်းဝရွှေနန်းကို[[အင်းဝ]]ရွှေနန်းကို သိမ်းမြန်းစိုးစံ၍ ၆-နှစ်အကြာ ဟံသာဝတီ ဆင်ဖြူများရှင် လုပ်ကြံသဖြင့် အင်းဝပျက်လေသော် ဆင်ဖြူများရှင်နှင့် မင်းတရားကြီး၏ညီတော် ပြည်ဘုရင် သတိုးဓမ္မရာဇာက ဆင်ဖြူများရှင်ထံ “ထောင်သင်းမှူး” ကိုတောင်းယူ၍ ပြည်မြို့သို့ခေါ်သွားသည်။
 
ဆင်ဖြူများရှင် မင်းတရားကြီးသည် မြို့သစ်တည်သင့်ကြောင်းနှင့် မှူးတော် မတ်တော်တို့၏ လျှောက်တင်ချက်အရ သက္ကရာဇ် ၉၂၈-ခုနှစ် တန်ဆောင်မုန်းလဆန်း ၁၀-ရက် ကြာသပတေးနေ့မှစ၍ ဟံသာဝတီနေပြည်တော်ကြီးကို မြို့အင်္ဂါခုနှစ်ပါးနှင့် ညီညွတ်အောင် ပြန်လည်တည်ဆောက်တော်မူလေသည်။ တာဝန်းသုံးထောင့်လေးရာရှိသော ထိုဟံသာဝတီ နေပြည်တော်သစ်ကြီးကား နန်းမ အဆောင်ဆောင်တို့ဖြင့် တင့်တယ်လှစွာဖြစ်၏။ ထိုအခါ ထောင်သင်းမှူး-မင်းလက်ျာသည် ဟံသာဝတီသို့ မင်းမှု မင်းရေးနှင့် ပတ်သက်၍ ရောက်ခိုက် ထိုဟံသာဝတီ နေပြည်တော်ကြီး၏ ရှု၍မငြီးနိုင်လောက်သောအဖြစ်ကို တွေ့မြင်လေရကား “ရာဇဌာနီ၊ပြည်ကြီးပီ၍၊တုဿိတာမှ၊ဘုံလျှင်ကျသို့” အစချီသည့် ရတုပိုဒ်စုံကို ရေးသားကာ ဆင်ဖြူများရှင် မင်းတရားကြီးအား ဆက်သွင်း၏။ မင်းတရားကြီးလည်း အားရတော်မူလွန်း၍ ထောင်သင်းမှူးအား “နဝဒေး” ဟူသော ဘွဲ့ထူးဖြင့် ချီးကျူးမြှောက်စားတော်မူလေသည်။ ထိုအခါမှစ၍ တဖန် “ပြည်-နဝဒေးကြီး” ဟု ဝေး-နီး ကျော်ကြားလာပြန်သည်။