ပြည် နဝဒေးကြီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၃၁ -
 
==နဝဒေးငါးဦး==
[[မြန်မာစာ]]ပေသမိုင်းတွင် “နဝဒေး” ဟုကျော်ကြားထင်ရှားသော စာဆိုတော် ၅-ဦးရှိသည်။ ထို ၅-ဦးမှာ (၁) “အင်္ကုရ” မည်သော ဇင်းမယ်-နဝဒေး ၊ (၂) “လှော်ကားသုံးထောင်မှူး” အမည်ရသော တောင်ငူ-နဝဒေး၊ (၃) ပြည်-နဝဒေး၊ (၄) [[အင်းဝမြို့]]တည် နန်းတည် ဘိုးတော်ဘုရားလက်ထက် စလင်း-နဝဒေး နှင့် (၅) ဝက်မစွတ်မြို့စား နဝဒေး တို့ဖြစ်၏။ အမှန်အားဖြင့် ထိုဘွဲ့နှင့် ကျော်ကြားထင်ရှားသူ ၅-ဦးစလုံးပင် “နဝဒေး” ဟူသော မင်းပေးဘွဲ့ရသူချည်းဟုတ်မည်မထင်။ ပြည်နဝဒေးကြီးနှင့် ဝက်မစွတ်မြို့စား-နဝဒေးကြီးတို့ သာလျှင် ဘုရင်မင်းမြတ်များကိုယ်တော်တိုင်က “အပြစ်ဆိုစရာမရှိသော စာဆိုတော်မှူးမတ်” ဟုအဓိပ္ပါယ်ရသည့် “နဝဒေး” ဘွဲ့ဖြင့် ချီးမြှင့်တော်မူခြင်း ခံရသော စာဆိုပုဂ္ဂိုလ်များဖြစ်ဟန်တူချေသည်။ကျန်နဝဒေးစာဆိုပုဂ္ဂိုလ်များဖြစ်ဟန်တူချေသည်။ ကျန်နဝဒေး သုံးဦးကား စာဆိုအရာတွင် ကျွမ်းကျင် လိမ္မာကြသောကြောင့်သာ နဝဒေးဟု အများပြည်သူတို့် ကြည်ဖြူ မြှောက်စားကြခြင်းဖြစ်ချိမ့်မည်။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ပြည်-နဝဒေးကြီးနှင့် ဝက်မစွတ်မြို့စား-နဝဒေးတို့ကို ဘုရင်မင်းမြတ်များ ကိုယ်တော်တိုင် “နဝဒေး” ဟူသော ဘွဲ့ဖြင့် ချီးမြှင့် သူကောင်းပြုခြင်းကိုကားသူကောင်း ပြုခြင်းကိုကား ထိုစာဆိုတော်နှစ်ဦးတို့၏ ပျို့များ၊ မော်ကွန်းများတွင် အထင်အရှားရေးသားပါရှိသည်ကိုထောက်၍ မည်သူမျှ မငြင်းဆိုနိုင်ကြ။
 
== ကိုးကား ==