စဉ့်ကူးမင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၉ -
| predecessor = [[ဆင်ဖြူရှင်မင်း]]
| successor = [[ဖောင်းကားစား မောင်မောင်]]
| suc-type = Successorဆက်ခံသူ
| reg-type =
| regent =
စာကြောင်း ၂၈ -
| signature =
}}
'''စဉ့်ကူးမင်း''' (မြန်မာနှစ် ၁၁၁၈–၁၁၄၃) သည် [[ကုန်းဘောင်မင်းဆက်]]၏ စတုတ္ထမင်း ဖြစ်သည်။ ရတနာပူရမြို့တည် [[မြေဒူးမင်း]] (ဆင်ဖြူရှင်) မင်းတရားကြီးနှင့် မိဖုရားခေါင်တွင် မြင်သည့်သားတော်ဖြစ်ပြီး သက္ကရာဇ် ၁၁၁၈ ခု၊ ကဆုန်လဆန်း(၁၂)ရက် (ခရစ် ၁၇၅၆ ခု၊ မေလ ၁ဝ ရက်) တနင်္လာနေ့ နံနက် (၄) ချက်တီးကျော် မိဿတွင် ဗုဒ္ဓဟူး၊ ပြိဿတွင် တနင်္ဂနွေ၊ မေထုန်တွင် လဂ်နှင့်သောကြာ၊ ကရကဋ်တွင် အင်္ဂါ၊ သိဟ်တွင် ရာဟု၊ ကန်တွင် စန်းနှင့်ကြာသပတေး ကြိုက်၍ ဖွားတော်မူသည်။ ဖခင်ဖြစ်သူ မြေဒူးမင်း (ဆင်ဖြူရှင်) သည် [[အလောင်းမင်းတရား]]ကြီး နတ်ရွာမစံမှီ သားတော်များအစဉ်လိုက် နန်းဆက်ခံရန် မိန့်ကြားခဲ့သည်ကို ပယ်လှန်ကာ သားဖြစ်သူ စဉ့်ကူးမင်းကို ထီးနန်းပေးအပ်ခဲ့သည်။ မိမိနောက်တွင် နန်းတက်ရန်ရှိသည့် ဗဒုံမြို့စား ညီတော် မောင်ဝိုင်း (နောင်တွင် [[ဘိုးတော်ဘုရား|ဗဒုံမင်း]]) အား နန်းတွင်းမှ နှင်ထုတ်ကာထားခဲ့သည်။
'''စဉ့်ကူးမင်း''' (မြန်မာနှစ် ၁၁၁၈–၁၁၄၃) သည် [[ကုန်းဘောင်မင်းဆက်]]၏ စတုတ္ထမင်း ဖြစ်သည်။
 
ရတနာပူရမြို့တည် [[မြေဒူးမင်း]] (ဆင်ဖြူရှင်) မင်းတရားကြီးနှင့် မိဖုရားခေါင်တွင် မြင်သည့်သားတော်ဖြစ်ပြီး သက္ကရာဇ် ၁၁၁၈ ခု၊ ကဆုန်လဆန်း(၁၂)ရက် (ခရစ် ၁၇၅၆ ခု၊ မေလ ၁ဝ ရက်) တနင်္လာနေ့ နံနက် (၄) ချက်တီးကျော် မိဿတွင် ဗုဒ္ဓဟူး၊ ပြိဿတွင် တနင်္ဂနွေ၊ မေထုန်တွင် လဂ်နှင့်သောကြာ၊ ကရကဋ်တွင် အင်္ဂါ၊ သိဟ်တွင် ရာဟု၊ ကန်တွင် စန်းနှင့်ကြာသပတေး ကြိုက်၍ ဖွားတော်မူသည်။ ဖခင်ဖြစ်သူ မြေဒူးမင်း (ဆင်ဖြူရှင်) သည် [[အလောင်းမင်းတရား]]ကြီး နတ်ရွာမစံမှီ သားတော်များအစဉ်လိုက် နန်းဆက်ခံရန် မိန့်ကြားခဲ့သည်ကို ပယ်လှန်ကာ သားဖြစ်သူ စဉ့်ကူးမင်းကို ထီးနန်းပေးအပ်ခဲ့သည်။ မိမိနောက်တွင် နန်းတက်ရန်ရှိသည့် ဗဒုံမြို့စား ညီတော် မောင်ဝိုင်း (နောင်တွင် [[ဘိုးတော်ဘုရား|ဗဒုံမင်း]]) အား နန်းတွင်းမှ နှင်ထုတ်ကာထားခဲ့သည်။
 
ခမည်းတော် ဆင်ဖြူရှင်မင်းတရားသည် သက္ကရာဇ် ၁၁၃၈ ခုနှစ် နယုန်လပြည့်ကျော် ၉ ရက် တနင်္ဂနွေနေ့တွင် သက်တော် ၃၉ နှစ် ၁ဝ လအရွယ်၌၊ နတ်ရွာစံတော်မူလေသည်။ ၎င်းနှစ် ပြာသိုလဆန်း(၁၅)ရက်၊ တနင်္လာနေ့ နံတော်၏ ဂဟပတိအရပ် ဖြစ်သော ရွှေနန်းတော်၏ အနောက် ငါးရာဖျားသနပ်ခြံဝယ် မဟာသင်္ကြန်တော်ကြီး ခေါ်တော်မူပြီးလျှင်<ref>ရွှေစလွယ်ရ ဝန်ထောက်မင်း ဦးမောင်မောင်တင်(I)K.S.M,A.T.M ၏ ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီး စာအုပ်မှ</ref> ထီးဆောင်းမင်္ဂလာ မဟာဦးကင်းသ ဖွင့်တော်မူကာ ရာဇဘိသေကခံ၍ '''မဟာဓမ္မရာဇာဓိရာဇာ''' တံဆိပ်နာမတော်ကို ခံယူတော်မူသည်။ မင်းစည်းစိမ်(၅)နှစ်နှင့် (၈)လ၊ သက်တော်(၂၅)နှစ် (၈)လ ရောက်လတ်သော် အာစရဝိပ္ပတ္တိဖြင့် နန်းကျ၍ သက္ကရာဇ် ၁၁၄၃ ခု၊ တပေါင်းလဆန်း (၄)ရက်နေ့တွင် ဆဒ္ဒါဆင်မင်း သခင် (ဘိုးတော်ဘုရား)မင်းတရားကြီးက ရေမှာဖျောက်တော်မူသည်။