ရေးမြို့: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၀၄ -
 
== စီးပွားရေး ==
ရေးမြို့တွင် ရာဘာစိုက်ပျိုးရေး၊ ငါးဖမ်းခြင်းနှင့်ရေလုပ်ငန်း၊ ကွမ်းသီးခြံလုပ်ငန်း၊အခြားစားဖွယ် သီးနှံ စိုက်ပျိုးရေး၊ ဆားလုပ်ငန်းတို့မှာ နာမည်ကျော် အောင်မြင်သောလုပ်ငန်းများဖြစ်ကာ အခြားစီးပွားရေးလုပ်ငန်းများလည်း လုပ်ကိုင်ကြသည်။ ဆားလုပ်ငန်းမှာ အခုအခါ ဆားဈေးမကောင်းသောကြောင့် တောင်သူများခေတ္တရပ်နားထားကြသည်။ ရေးမြို့မှထွက်သော ဒူးရင်းသီး၊ ဒူးရင်းယို မင်းဂွတ်သီး၊ သံပုရာသီးတို့မှာ နာမည်ကြီးလှပေသည်။ နယ်စပ်ဒေသနှင့်နီးကပ်ပြီးနယ်စပ်ဒေသနှင့်နီးကပ်ကာ ဒေသထွက် သီးနှံများ အခြားသောကုန်များလည်းရောင်းဝယ်ဖောက်ကားမှု အချက်အခြာကျရာ ဒေသ ဖြစ်ပြီး မြို့ပတ်ဝန်းကျင်တွင် စိမ်းစိုအုပ်မှိုင်းလျက်ရှိသည့် ဥယျာဉ်ခြံများ ဝန်းရံလျက်ရှိသည်။ အစင်ကျေးရွာနှင့် ဇီးဖြူသောင်ကျေးရွာတို့တွင် ရေလုပ်ငန်းများ ထွန်းကားသည်။ ၂၀၀၅ ခုနှစ်တွင် [[အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန]]မှ ထုတ်ပြန်သောအစီအရင်ခံစာတွင် မြန်မာနိုင်ငံတွင်းရှိ တစ်ဦးချင်းဝင်ငွေအကောင်းဆုံးမြို့ဟု သတ်မှတ်ဖော်ပြခဲ့ပါသည်။ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် ရေးမြို့နယ်၏ တစ်ဦးချင်းဝင်ငွေမှာ ၂၃၇၉၉၂၆ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ရောင်းဝယ်ဖောက်ကားရာ မြသီတာဈေးမှာ အဓိကစည်းကားပြီး ယခင်ရွာကလေးဈေး (ယခုအောင်မင်္ဂလာရပ်ရှိ အောင်သီတာဈေး)နှင့် ဖာလဇေတဝန်ဘုန်းတော်ကြီးကျောင်းအနီးတွင်ရှိသောကြောင့် ဖာလဈေးဟုခေါ်သော ဗိုလ်ချုပ်ဈေးတို့လည်း တည်ရှိသည် ။ ထို့အပြင် ရေးမြို့ရှိ ပုဂ္ဂလိက ရွှေလုပ်ငန်းရှင်များမှ စုပေါင်းတည်ထောင်ထားသော ဝင်းသုခ ရွှေဈေးကြီးသည်လည်း ကမ်းနားလမ်း(ဘုရင့်နောင်လမ်း)တွင် တည်ရှိသည်။
 
ရေးမြို့တွင် အစိုးရဘဏ်များအပြင် ပုဂ္ဂလိကစီးပွားရေးဘဏ်များလည်းရှိသည်။ ကျန်းမာရေးအတွက် ပြည်သူ့ဆေးရုံ(ကုတင်-၁၀၀)ရှိပြီး ပုဂ္ဂလိကဆေးရုံ ၂ ရုံရှိသည်။
မြို့ပေါ်တွင် အထက်တန်းကျောင်း ၃ ကျောင်း ရှိပြီး အလယ်တန်းကျောင်း ၂ ကျောင်းနှင့် မူလတန်း/မူလတန်းလွန်ကျောင်း ၉ ကျောင်း ရှိပါသည်။
 
== ထင်ရှားသော နေရာဒေသများ ==