ရာဇတ်: တည်းဖြတ်မှု မူကွဲများ

→‎ပညာရေး: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၈၇ -
စတုတ္ထတန်း အောင်မြင်သောအခါ ဝက်စလီယန်ယောက်ျားလေးကျောင်းသို့ ပြောင်းရွေ့ခဲ့သည်။ အဋ္ဌမတန်းသို့ ရောက်လျှင် စာသင်ခန်းထဲတွင် ထူးချွန်သဖြင့်ဆရာကြီးက တက္ကသိုလ်ဝင်တန်းသို့ အတန်းကျော်တင်ပေးသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက် ဖြေဆိုရာ ကောင်းစွာအောင်မြင်သည်။
 
ကိုရာဇတ်ကို သူ့မိဘများက [[ရန်ကုန်မြို့]]ကောလိပ်သိပ္ပံကျောင်းသို့လွှတ်ကာ ပညာဆက်လက်သင်ကြားစေသည်။ ဝိဇ္ဇာတန်းတွင်အင်္ဂလိပ်စာဂုဏ်ထူး ယူခဲ့သည်။ ကောလိပ်ကျောင်းပညာဆည်းပူနေစဉ်ကောလိပ်ကျောင်းပညာဆည်းပူးနေစဉ် အင်္ဂလိပ်စာစီစာကုံးပြိုင်ရာ ပထမရရှိသဖြင့် ဘိုင်မြား ရွှေတံဆိပ်ကိုဆွတ်ခူးနိုင်ခဲ့သည်။
 
ကိုရာဇာတ်သည် ပညာဘက်တွင်သာထူးချွန်သည်မဟုတ်သေး [[တင်းနစ်]]၊ [[ခရစ်ကတ်]]၊ [[လက်ဝှေ့]]၊ [[ဘောလုံး]] စသည့် အားကစားဘက်တွင်လည်း ပြောင်မြောက်လေသည်၊ ကောလိပ်ကျောင်း ဘောလုံးအသင်းတွင် ပါဝင်ခဲ့လေသည်။
စာကြောင်း ၉၃ -
၁၉၂၀-ပြည့်နှစ် ပထမကျောင်းသားသပိတ် အရေးတော်ပုံကြီးတွင် သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်လေသည်။ သပိတ်မှောက်ကောင်စီမှ သပိတ်မှောက်ကျောင်းသားများ ပညာရေးတွင် မနစ်နာစေရန် မြန်မာတနိုင်ငံလုံးရှိမြို့ကြီးများတွင် အမျိုးသားကျောင်းများ ဖွင့်လှစ်ရန် ဆုံးဖြတ်လိုက်ပြီးသည့်နောက် ကိုရာဇတ်သည် မန္တလေးမြို့ ဗဟိုအမျိုးသားအထက်တန်းကျောင်းကြီး [[အင်္ဂလိပ်ဘာသာ]] နှင့် [[ပါဠိဘာသာ]] ပြ အထက်တန်းပြဆရာအဖြစ် ၁၉၂၁-ခုနှစ်မှစတင်လုပ်ကိုင်ခဲ့သည်။
 
၁၉၂၁-ခုနှစ်တွင်ပင် [[အမျိုးသားပညာရေးကောင်စီ]] မှ ကြီးမှူးကျင်းပသော ဘီအေစာမေးပွဲကိုဝင်ရောက်ဖြေဆိုရာ ကောင်းစွာအောင်မြင်လေသည်။ ဗဟိုအမျိုးသားကျောင်း တွင် ၁၉၂၃-ခုနှစ်မှစတင်၍ ကျောင်းဆရာကြီးအဖြစ်၎င်း၊ကျောင်းဆရာကြီးအဖြစ်လည်းကောင်း၊ ကျောင်းအုပ်အဖြစ်၎င်းကျောင်းအုပ်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့လေသည်။
 
ဦးရာဇာတ်သည် အင်္ဂလိပ်စာအရေးအသား အစီအကုံးကောင်း၍ အသနားခံစာ စသည်တို့ကို တစ်ပါးသူအတွက် ရေးသားပေးလေ့ရှိသောကြောင့် “စေတနာ့ဝန်ထမ်း လျှောက်လွှာစာရေးကြီး” ဟုပင် ချစ်စနိုးခေါ်ဝေါ်ကြသည်။
စာကြောင်း ၉၉ -
တစ်ခါက အိန္ဒိယ နယူးတိုင်း မဂ္ဂဇင်းသို့ [[ရှမ်းပြည်နယ်]]၌ အထူးကျော်ကြားသော [[၃၆-ကောင် ထီ|၃၆-ကောင်ထီ]]အကြောင်းကို ကြေးစန္ဒီနတ်ရုပ်နှင့် တကွ အတိတ်ပေးပုံ၊ ကပ်တိတ်၊ အနီး ဖေါ်ပြပြီးလျှင် ပေးပို့ခဲ့ရာ ပထမတန်း ဆောင်းပါးဆုကို ရရှိခဲ့ဖူးလေသည်။
 
ဆရာကြီးသည် အင်္ဂလိပ်စာသာမက [[မြန်မာစာ]]လည်းကျွမ်းကျင်သူဖြစ်သည်။လည်း ကျွမ်းကျင်သူဖြစ်သည်။ မြန်မာနှင့် ပါဠိဘာသာရပ်များကို ကျောင်း၌သင်ကြားခဲ့ရခြင်းမဟုတ်ဘဲ ကျောင်းပိတ်ရက်များအတွင်း [[မန္တလေးမြို့]]၊ နန်းတော်ရှေ့တိုက်တော်ကျောင်းတိုက်၊ ခင်မကန် ကျောင်းတိုက်၊ အတုမရှိကျောင်းတိုက် စသည့်ကျောင်းတိုက်များရှိစသည့် ကျောင်းတိုက်များရှိ တိုက်အုပ်ဆရာတော်များထံ၌ သွားကာလေ့လာသင် ယူခဲ့ခြင်းဖြစ်သည်။<ref>[http://myatlayngon.blogspot.com/2010/07/blog-post_3919.html မြတ်လေးငုံ: အာဇာနည် နှစ်ဦးရေးသည့် ကဗျာ<!-- Bot generated title -->]</ref>
[[File:U Razte & Daw Khin Khin.jpg|thumbnail|]]
၁၉၃၈-ခုနှစ်တွင် မြန်မာနိုင်ငံတဝှမ်းလုံး ကျောင်းသားများ သပိတ်မှောက်ခဲ့ကြသည်။ ထိုအခါ [[မန္တလေးမြို့]] ရှိ [[ဥရောပ]]တိုက်သားပညာဝန်နှင့် အရေးပိုင်ကြီးတို့သည် ဆရာကြီး ဦးရာဇာတ်အုပ်ချုပ်ရာ အမျိုးသားကျောင်းသို့ရောက်ရှိလာကြသည်။ ထိုနောက်အရာရှိကြီးများက ကျောင်းသားများ ကျောင်းကို သပိတ်မှောက် မမှောက်မေးကြရာ ဆရာကြီးက ‘ကျုပ်ကျောင်းကို ကျုပ်ကျောင်းသားများ ဘယ်တော့မှ သပိတ်မမှောက်' ဟုဖြေဆိုလိုက်သဖြင့် ဝမ်းသာကာပြန်သွားကြသည်၊
စာကြောင်း ၁၀၅ -
ထို့နောက် နာရီဝက်ခန့်အကြာတွင် ခေါင်းလောင်းတီးပြီး သပိတ်မှောက်သွား ကြလေသည်။ ထိုအခါ အထက်ဖော်ပြပါအရာရှိကြီးနှစ်ဦးသည် ဆရာကြီးထံ ပြန်သွားကြပြီးလျင် ဆရာကြီးညာတယ်။ လိမ်တယ် ဟုပြောကြသည်။ ဆရာကြီးသည် သူတို့အား မည်သို့မျှမဖြေကြားဘဲ ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကို ခေါ်လိုက်လေသည်။
 
သမဂ္ဂဥက္ကဋ္ဌရောက်လာသောအခါ ဆရာကြီးက “မင်းတို့ ငါ့ကျောင်းကိုသပိတ်မှောက် ကြတာလား” ဟုမေးလိုက်ရာ သမဂ္ဂဥက္ကဋ္ဌက “ကျွန်တော်တို့ဆရာကြီးကို ဘယ်တော့မှ သပိတ်မမှောက်ပါ။ ယခုသပိတ်မှောက်ခြင်းမှာ ပညာရေးစနစ်ကို မှောက်ခြင်းဖြစ်သည်”ဟု ဖြေကြားသည်။ အရာရှိနှစ်ဦးလည်း သဘောပေါက်ကာလက်လျှော့ပြန်ရလေသည်၊သဘောပေါက်ကာ လက်လျှော့ပြန်ရလေသည်၊
 
== လူမှုဆက်ဆံရေး ==