ကျန်စစ်သား: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၈၂ -
ကျန်စစ်သားမင်းအကြောင်းကို ဦးကုလား၏မဟာရာဇဝင်၊ မှန်နန်းမဟာရာဇဝင်တော်ကြီး စသော ရာဇဝင်များမှသာမက၊ ယခုအခါတွင် ကမ္ပည်းကျောက်စာများမှလည်း သိခွင့်ရလာပြီ ဖြစ်သည်။ အထူးသဖြင့် ထိုမင်းနှင့် စပ်လျဉ်း၍ ရာဇဝင်များ၌ မပါရှိသေးသော အချက်အလက်များကို ထိုမင်းလက်ထက်တွင် မွန်ဘာသာဖြင့် ရေးထိုးခဲ့သော ကျောက်စာများမှ၎င်း၊ အချို့ အချို့သော မြန်မာဘာသာဖြင့် ရေးထိုးခဲ့သော ကျောက်စာများမှ၎င်း သိလာနိုင်ကြပြီ ဖြစ်သည်။ ဒေါက်တာဗလက်ဂဒင်သည်
ကျန်စစ်သားမင်းကြီးလက်ထက် ရေးထိုးခဲ့သော မွန်ကျောက်စာများကို လေ့လာ၍ အနက်အဓိပ္ပာယ် ဖွင့်ဆိုခဲ့သည်။ ကျောက်စာဝန်များ ဖြစ်ခဲ့ကြသော မစ္စတာတော်စိန်ခို၊
ပါမောက္ခ ဒူရွာဇဲနှင့် ဦးမြတို့သည်လည်း ကျန်စစ်သားမင်း အကြောင်းနှင့် စပ်လျဉ်း၍ လေ့လာချက်များ ရေးခဲ့သည်။ ထို့ပြင် ရန်ကုန်တက္ကသိုလ် ရှေးခေတ်မြန်မာနိုင်ငံ သမိုင်းနှင့် အာရှအရှေ့ဖျား သမိုင်းဆိုင်ရာ ပါမောက္ခ၊ မြန်မာနိုင်ငံ သုတေသနအသင်း ရွှေတံဆိပ်ရ ဂျီ၊ အိပ်၊ လု(စ)သည်လည်း ထိုမင်းအကြောင်းနှင့် စပ်လျဉ်းသော မိမိ၏လေ့လာချက်များကို '''ရှေးခေတ်မြန်မာနိုင်ငံ'''ဟူသော သမိုင်းကျမ်း၌ တင်ပြခဲ့ပြီးဖြစ်သည်။ အောက်ပါ ကျန်စစ်သားမင်းအကြောင်းသည် မြန်မာရာဇဝင်များအရ၎င်း၊မြန်မာရာဇဝင်များအရလည်းကောင်း၊ ဆိုခဲ့သော ကမ္ပည်းကျောက်စာသုတေသီပုဂ္ဂိုလ်တို့၏ လေ့လာချက်များ အရ၎င်းအရလည်းကောင်း ညှိနှိုင်းလေ့လာထားသော အကြောင်းအကျဉ်းမျှသာ ဖြစ်သည်။
 
==ဘွဲ့နှင့် အမည်များ==
ကျန်စစ်သားမင်းအား ကျောက်စာများ၌ ဂြီတြိဘုဝနာဒိတျဓမ္မရာဇဟု၎င်း၊ ထီးလိုင်မင်းဟု၎င်း၊ ထီးလိုင်ရှင်ဟု၎င်း၊ ကလန်စစ်သားဟု၎င်း ခေါ်သည်။ ဤဘွဲ့နှင့် အမည်များကို ရာဇဝင်များ၌လည်း တွေ့နိုင်သည်။ ထီးလှိုင်ရှင်ဟု ခေါ်တွင်ခြင်းမှာ ကျန်စစ်သားသည် ပုဂံပြည်၌ မင်းမဖြစ်မီ ထီးလှိုင်(ယခု မိတ္ထီလာခရိုင်၊