အင်တာနက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး 1.46.6.153 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Ninjastrikers ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲများ: နောက်ပြန် ပြန်ပြင်ခြင်း SWViewer [1.4]
No edit summary
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
[[File:Internet map 1024.jpg|thumb|200px|right|အင်တာနက်၏ တစ်စိတ်တစ်ပိုင်းကို ဖြတ်သွားသည့် အမျိုးမျိုးသော လမ်းကြောင်းများကို အမြင်ပုံဖော်ထားပုံ။ ‘The Opte Project’ မှ။]]
 
'''အင်တာနက်''' ({{lang-enene|The Internet}}) ဆိုသည်မှာ စံနမူနာ Internet Protocol Suite (TCP/IP) ကိုသုံး၍ ကွန်ပျူတာ ကွန်ယက်များ ချိတ်ဆက်ကာ သန်းထောင်နှင့်ချီသော ကမ္ဘာအနှံ့သုံးစွဲ သူများအား ဝန်ဆောင်မှုပေးနေသော [[ကမ္ဘာ]]နှင့် အဝှမ်း ချိတ်ဆက်ထားသော စနစ်တစ်ခုပင် ဖြစ်သည်။ ဒေသတွင်းမှသည် ကမ္ဘာလုံးအနှံ့ အတိုင်းအတာအထိ ကျယ်ပြန့်စွာ သွယ်တန်းထားသော [[အီလက်ထရွန်းနစ်]] အချက်အလက်တည်ဆောက်မှုနှင့် အမြင်ဆိုင်ရာ ကွန်ယက်[[နည်းပညာ]]များဖြင့် ချိတ်ဆက်ထားသည့် သန်းပေါင်းများစွာသော ပုဂ္ဂလိက၊ အများပြည်သူ၊ [[ပညာရေး]]၊ စီးပွားရေးနှင့် [[အစိုးရ]]ပိုင်းဆိုင်ရာ ကွန်ယက်များ ပါဝင်သည့် ကွန်ယက်များ၏ ကွန်ယက် တစ်ခု ဖြစ်သည်။ ကမ္ဘာ့ပင့်ကူအိမ်ဟု တင်စားသည့် World Wide Web (WWW) ၏ အချင်းချင်း ချိတ်ဆက်နေသော ဟိုက်ပါတက်(စ်) (hypertext) စာရွက်စာတမ်းများနှင့် အီလက်ထရွန်းနစ်စာပို့စနစ် (electronic mail) ကို ပံ့ပိုးသော အခြေခံဖွဲ့စည်းတည်ဆောက်ပုံကဲ့သို့ အမျိုးအစား များပြားလှစွာသော သတင်းအချက်အလက် အရင်းအမြစ်များ နှင့် ဝန်ဆောင်မှုများကို အင်တာနက်က သယ်ဆောင်ပေးပါသည်။
 
[[တယ်လီဖုန်း]]၊ တေး[[ဂီတ]]၊ [[ရုပ်ရှင်]] နှင့် ရုပ်မြင်သံကြားကဲ့သို့ ထုံးတမ်းစဉ်လာ လူထုဆက်သွယ်ရေးများ သည် အင်တာနက်အားဖြင့် အသွင်သဏ္ဌာန်နှင့် အနက်အဓိပ္ပာယ် တဖန်ပြောင်းလဲလာကြသည်။ သတင်းစာ၊ စာအုပ် နှင့် အခြားပုံနှိပ်လုပ်ငန်းများသည် Websites ဝက်(ဘ်)ဆိုဒ်များ Blogs ဘလော့များနှင့် ကိုက်ညီအောင် ပြုပြင်လာကြသည်။ အမြန်သတင်းပို့ဆက်သွယ်ခြင်း (instant messaging), အင်တာနက် စုပေါင်းဆွေးနွေးခန်းများ (Internet Forums) နှင့် [[လူမှုရေး]]ကွန်ယက်များ (social networking) များတို့မှတစ်ဆင့် လူအချင်းချင်း အပြန်အလှန် ဆက်သွယ်ရာတွင် အသွင်သစ်များကို အင်တာနက်က စွမ်းဆောင်ပေးသည် သို့မဟုတ် အရှိန်မြှင့်တင်ပေးသည်။ အဓိက လက်လီအရောင်းဆိုင်ခွဲ များ၊ လက်လုပ်လက်စား ဈေးသည်များ ၊ ကုန်သည်များ အတွက် အင်တာနက်ပေါ်တွင် ဈေးဝယ်ခြင်း (online shopping) လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးလာသည်။ အင်တာနက်ပေါ်ရှိ စီးပွားရေးလုပ်ငန်းတစ်ခုနှင့်တစ်ခု တိုက်ရိုက်ဆက်ဆံမှု နှင့် ငွေကြေး ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ က စက်မှုလုပ်ငန်းတစ်ခုလုံး ထုတ်ကုန်စီးဆင်းမှု ကို အကျိုး သက်ရောက် စေသည်။