ဘုရင့်နောင်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၂၅၀ -
ယိုးဒယားအား ပထမအကြိမ် အောင်မြင်ပြီး ၅ နှစ်အကြာ သက္ကရာဇ် ၉၃၀ (အေဒီ၁၅၆၈) တွင် ဒုတိယအကြိမ်ချီတက်ရန် အကြောင်းဖန်လာသည်။ နန်းကျ ယိုးဒယားမင်းသည် ရဟန်းခံပြီးနောက် ဘုရားဖူးရန်ဟုအကြောင်းပြပြီး ယိုးဒယားသို့ပြန်သွားကာ သားဖြစ်သူ ဗြမဟိန် နှင့်ပူးပေါင်းပြီး ပုန်ကန်တော့သည်။ ထိုသတင်းကို ပိဿလောက်စား ဩယားပိဿလောက် (ယိုးဒယားဘုရင်၏ ယောက်ဖ) က လာရောက် သတင်းပို့လာသောကြောင့် ဗညားလော၊ ဗညားကျန်း၊ ဗညားပရံတို့အား စစ်တပ်ကြီးဖွဲ့ကာ ယိုးဒယားသို့ ချီစေသည်။ ပိဿလောက်မှရောက်လာသော ဩယားအား စော်ဘွားသောင်ကျည်ဘွဲ့ဖြင့် ထီးဖြူမကိုဋ်ကိုပါပေးသည်။ ပိဿလောက်ကို တပ်များခေါ်ပြီး အခိုင်အလုံနေစေသည်။ ထိုအခါ ယိုးဒယားမင်း သည် လင်ဇင်းမင်းကို ပါခေါ်ပြီး ပိဿလောက်ကို လာရောက် တိုက်ခိုက်သည်။ သို့သော် အခုအခံကောင်းလှသဖြင့် မြို့ကို ကျအောင်မတိုက်နိုင်ပဲရံနေရသည်။
 
မိုးကာလလွန်လျှင် မင်းတရားကြီကိုယ်တိုင် စစ်တပ်ကြီးဖြင့်ချီလာတော့သည်။အင်အားစုစုပေါင်းမှာတပ်ပေါင်း၅၉ တပ်၊ စစ်သည် ၉၀၂၈၀ဝ ရှိသည်။ ပိဿလောက်ရောက်အောင် အလျင်သွားပြီးမှ အယုဓျာသို့ချီသည်။ ရောက်လျှင် မြို့ကိုလေးဖက်လေးတန်မှ တိုက်သည်။ စစ်ပွဲမှာပြင်းထန်လှသဖြင့် မြန်မာစစ်သည်တို့မှာ အလောင်းကိုပင် အကာအကွယ်ယူ၍ တိုက်ရသည်ဟုဆိုသည်။ တာဝန်ပေါ့လျော့သဖြင့် တပ်တွင်းကို မီးတိုက်ခံရသောကြောင့် စစ်ဆေးပြီးအပြစ်ရှိသည့် ဗညားစက်နှင့်စောတိုင်ခံတို့ကို ကွပ်မျက်သည်။ ထိုသို့ မြို့ကိုရံစဉ်အတွင်းတွင် နန်းကျရဟန်းလူထွက် ယိုးဒယားဘုရင် ဗြသာဓိရာဇ် လွန်သည်။ မသင်္ဂြိုဟ်နိုင်သဖြင့် ပြဒါးသွပ်ကာ အလောင်းကိုထားရသည်။ယိုးဒယားဘုရင်ငယ် ကအညံ့ခံမည့်အကြောင်း အရေးဆိုလာသော်လည်း မင်းတရားကြီးက လက်မခံပေ။ လင်းဇင်းမင်း ဗြစဲစစ် မငြိမ်မသက်ရှိပြန်သဖြင့် တပ်အချို့ကိုစေလွှတ်ပြီး နှိမ်နှင်းရာ လင်းဇင်းမင်းပြေးလေသည်။ အယုဓျာမြို့တိုက်ပွဲတွင် အသေခံတပ်သားများဖြင့်တိုက်သည့်တိုင် ရဲမက် ၁၀ဝ၀ဝ ကျော်ကျသည်။ နောက်ဆုံးတွင် မင်းတရားကြီးလည်း အကြံဖြင့် ပထမအကြိမ် ယိုးဒယားတိုက်စဉ်က ဖမ်းခေါ်လာသည့် ယိုးဒယားအမတ်ကြီး ဩောက်ဗြစက္ကိကို သစ္စာပေးပြီး မြို့တွင်းသို့ဝင်စေကာ အချိန်းအချက်ပေး၍ မြို့တံခါးကိုဖွင့်စေသည်။ သို့ဖြင့် တိုက်၍မကျနိုင်သောမြို့ဟု ကြော်ကြားလှသည့် အယုဓျာပူရသည် ဘုရင့်နောင်လက်သို့ကျဆင်းရတော့သည်။ အမတ်ကြီး ဩောက်ဗြစက္ကိကို ဂတိအတိုင်းကတိအတိုင်း ပိဿလောက်ကိုစားရန် ပေးသော်လည်း အမတ်ကြီးက ငြင်းဆန်သဖြင့် ဗညား ဘွဲ့ပေးကာ ဒဂုံကိုစားစေသည်။ ယိုးဒယားဘုရင်အဖြစ် သစ္စာခံ ပိဿလောက်စားအား ဩယားဓမ္မရာဇာ (မဟာဓမ္မရာဇာ) ဘွဲ့ဖြင့် တင်မြှောက်သည်။
 
= သီရိလင်္ကာ =