ရေးမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ကိုးကား
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၃၇ -
 
== တည်နေရာ ==
ရေးမြို့သည် မြို့ရွာဖွဲ့စည်းမှုအရ [[မွန်ပြည်နယ်]]၊[[မော်လမြိုင်ခရိုင်]]၊[[ရေးမြို့နယ်]]တွင် တည်ရှိပါသည်။
ရေးမြို့သည် [[ရန်ကုန်မြို့]]မှ ကားလမ်းခရီးမိုင် ၂၈၄ မိုင်၊ [[မော်လမြိုင်မြို့]]မှ မိုင် ၉၈ ခန့်၊ထားဝယ်မြို့မှ မိုင် ၁၀၀ အကွာရှိ မွန်ပြည်နယ်၏ တောင်ဘက်အကျဆုံး မြို့ ဖြစ်သည်။ ရှေးယခင်က မီးရထားလမ်းဆုံးမြို့ဟု လူသိများကြသည်။ ရေးမြို့နယ် သည် မွန်ပြည်နယ်တွင် အကျယ်ဝန်းဆုံးသောမြို့နယ်ဖြစ်သည်။ မြောက်ဘက်တွင် [[သံဖြူဇရပ်မြို့|သံဖြူဇရပ်မြို့နယ်]] တောင်ဘက်တွင် [[တနင်္သာရီတိုင်းဒေသကြီး]] ရေဖြူမြို့နယ်၊ အနောက်ဘက်တွင် အက်ဒမန် ပင်လယ်၊ အရှေ့ဘက်တွင် [[ကရင်ပြည်နယ်]] ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် [[ထိုင်းနိုင်ငံ]] နယ်စပ်တို့တည်ရှိသည်။ ရေးမြို့မှ [[ထားဝယ်မြို့]]အထိ ရထားလမ်းရှိပြီး ကားလမ်းလည်းရှိသည်။ ထို့အပြင် ရန်ကုန်သို့ တိုက်ရိုက်ရထားဖြင့်သွားနိုင်ပြီး ပုဂ္ဂလိကကားလိုင်းများဖြင့် ခရီးသွားလာနိုင်ပြီး ဖြစ်သည်။ ‌