ထွန်းအုပ်၊ သခင် (ရဲဘော်သုံးကျိပ်): တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၉၄ -
ရန်ကုန်မြို့တွင်နေထိုင်၍ ဆေးကုသပေးနေသော ဂျပန်ဆရာဝန်ကြီးတစ်ဦးက သခင်ထွန်းအုပ်ကို ဂျပန်[[ကောင်စစ်ဝန်]] မစ္စတာဖူးကိုင်းခေါ် မစ္စတာဟုန်းမားနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ပေးခဲ့သည်။ နယ်ချဲ့အစိုးရကိုတော်လှန်ပုန်ကန်ရန် သခင်ထွန်းအုပ်တို့ကတင်ပြသည်ကို ဂျပန်ကောင်စစ်ဝန်ကလက်ခံပြီး သူ၏အကြံပေးချက်အရ [[သခင်လှဖေ]]ကို [[ထိုင်းနိုင်ငံ]]သို့ စေလွှတ်ရန် ကြိုးစားခဲ့သော်လည်းမအောင်မြင်ခဲ့ပေ။ ဒုတိယအကြိမ်အဖြစ် တို့ဗမာအစည်းအရုံးခေါင်းဆောင်တစ်ဦးဖြစ်သော သခင်ဗစိန်ကို ထိုင်းနိုင်ငံသို့သွား၍ ဂျပန်ခေါင်းဆောင်များနှင့်တွေ့ဆုံရန် စေလွှတ်ခဲ့သော်လည်း သခင်ဗစိန်မှာ နယ်ချဲ့စုံထောက်များ၏ ဖမ်းဆီးခြင်းကိုခံရပြီး ထောင်သွင်းအကျဉ်းချခံရသည်။ နောက်ထပ် သခင်အောင်သန်းကို ထိုင်းနိုင်ငံသို့စေလွှတ်လိုက်ရာ ဂျပန်ခေါင်းဆောင်များနှင့်တွေ့ဆုံပြီးလျှင် မြန်မာလူငယ် (၄၀) ကို စစ်ပညာသင်ကြားရန် ဂျပန်ပြည်သို့ရွေးချယ်စေလွှတ်ရေးအတွက် ဆောင်ရွက်ကြရန် သခင်ထွန်းအုပ်ထံသို့ စာဖြင့်အကြောင်းကြားခဲ့သည်။ အင်္ဂလိပ်စုံထောက်များသည် သခင်ထွန်းအုပ်တို့လုပ်ငန်းကို စုံစမ်းထောက်လှမ်းမိလာကြသောကြောင့် ပုလိပ်များရန်မှကင်းဝေးစေရန် [[ပြည်ခရိုင်]] ပုတီးကုန်းမြို့အနီးရှိ ဇာတိသိုက်တောရွာသို့ သွားရောက်ပုန်းအောင်းနေထိုင်ခဲ့သည်။ ထိုအချိန်တွင် သခင်ထွန်းအုပ်အား [[ရန်ကုန်မြို့]]မှ ဂျပန်ကောင်စစ်ဝန်က ဂျပန်ပြည်သို့ စစ်ပညာများသင်ကြားရန် တိတ်တဆိတ် ခေါ်ယူလေသည်။ သခင်ထွန်းအုပ်သွားရမည့် ခရီးစဉ်နှင့် စီးရမည့်သင်္ဘောတို့ကိုလည်း ဂျပန်ကောင်စစ်ဝန်က ပြည့်စုံသွားအောင်စီစဉ်ပေးလေသည်။
 
သခင်ထွန်းအုပ်သည် သခင်ကျော်စိန် (ဗိုလ်မှူးမိုးညို) နှင့်အတူ [[သမ္ဗာန်]]ဖြင့် ရေလယ်သို့ရောက်အောင်လာပြီးမှ ရေလယ်တွင်ဆိုက်ကပ်ထားသော ဂျပန်သင်္ဘောသုံးစီးတွင် မည်သည့်သင်္ဘောပေါ်သို့တက်ရမှန်း မသေချာ၍ ဆိပ်ကမ်းသို့ပြန်ခဲ့ရလေသည်။ နောက်တစ်နေ့တွင် ဂျပန်ကောင်စစ်ဝန်ထံသွားရောက်ပြီး အခြေအနေကိုတင်ပြပြောဆိုရာ နောက်သင်္ဘောနှင့်မှလိုက်ရန် စီစဉ်ပေးမည်ဟု အဖြေပေးလေသည်။ နောက်တစ်လကျော်ခန့်ကြာသောအခါ သခင်ထွန်းအုပ်ထံသို့ သင်္ဘောအမည်၊ ခရီးစဉ်နှင့် လမ်းတွင်သုံးစွဲရန် ငွေတို့ကိုပါ ဂျပန်သံအမတ်ထံမှ လာရောက်ပို့ထားလေသည်။ ရေလယ်သို့ သမ္ဗာန်ဖြင့်သွားရောက်ပြီး သင်္ဘောနောက်ပိုင်းရှိ ကြိုးချထားသောနေရာမှတက်ရန်ပြုသောအခါ သမ္ဗာန်ကုလားက ၎င်းနေရာမှတက်လျှင် ပုလိပ်ဖမ်းမည်ကိုစိုးရိမ်ရသည်ဟပုလိပ်ဖမ်းမည်ကိုစိုးရိမ်ရသည်ဟု ုပြောသောကြောင့်ပြောသောကြောင့် နောက်ဆုံးတွင်တံတားတစ်ခုတွင် ဆိုက်ကပ်လိုက်ရ၏။ မြန်မာစစ်စစ်မှ ဂျပန်တစ်ဦးအသွင် ရုပ်ဖျက်ထားသော သခင်ထွန်းအုပ်ကို ငှက်ပျောသီးတစ်ဖီးနှင့်အတူတွေ့လိုက်ရသော ၎င်းတံတားပေါ်မှ ဂျပန်သင်္ဘောသားအကြီးအကဲတစ်ဦးက အခြေအနေကိုအကဲခတ်မိပြီး ၎င်းတို့နှင့်အတူ သင်္ဘောပေါ်သို့ခေါ်ဆောင်သွားခဲ့သည်။ ဂျပန်သင်္ဘောသားတစ်ဦးမှ ၎င်း၏ဦးထုပ်ကို သခင်ထွန်းအုပ်အားပေးဆောင်းစေပြီး သင်္ဘောပေါ်သို့တက်ကြလေသည်။ သင်္ဘောပေါ်တွင် ပုလိပ်နှစ်ဦးသုံးဦးကိုတွေ့သော်လည်း အခက်အခဲမရှိခဲ့ပေ။ ဂျပန်သင်္ဘောသားတစ်ဦးသည် ပုလိပ်အရာရှိကို အရက်တိုက်ပြီး မိန်းမကိုယ်လုံးတီးပုံများဖြင့် မြှူဆွယ်ထားခိုက်ဖြစ်သောကြောင့် သခင်ထွန်းအုပ်မှာဘေးမသီရန်မခဘဲ သင်္ဘောပေါ်သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။ သခင်ထွန်းအုပ်တို့အား အဝတ်အစားလဲလှယ်စေပြီး သင်္ဘောဝမ်းဗိုက် အောက်ဆုံးထပ်ရှိ အခန်းထဲသို့ပို့ထားလိုက်လေသည်။ ထိုအခန်းထဲတွင် သခင်ထွန်းအုပ်နှင့်အတူ ခရီးထွက်ကြမည့် ရဲဘော်များရောက်နေကြသည်ကို အမှောင်ထဲတွင်ကြားရသော စကားသံများကြောင့် သိသာနိုင်သည်။ အင်္ဂလိပ်[[ရေကြောင်းပြအရာရှိ]]သည် ပင်လယ်ဝအထိ အထူးသင်္ဘောကလေးဖြင့် လိုက်ပါလာ၍ [[ပင်လယ်ဝ]]သို့ မရောက်မချင်းသင်္ဘောကုန်းပတ်ပေါ်သို့ တက်ခွင့်မရပေ။ [[ရှန်ဟိုင်းမြို့]]သို့ရောက်သောအခါ ဂျပန်အခြေခံရေတပ်စခန်းမှ စစ်အရာရှိများက သခင်ထွန်းအုပ်တို့အား သခင်ဗစိန်အခြေအနေကိုမေးမြန်းသေးသည်။ ထိုင်းနိုင်ငံသို့ထွက်ခွါလာစဉ် အင်္ဂလိပ်စုံထောက်များ ဖမ်းမိသွားကြောင်း ပြောပြသောအခါ ဂျပန်အရာရှိများက များစွာနှမြောကြလေသည်။
 
သခင်ထွန်းအုပ်တို့အား ဂျပန်[[ရေတပ်စခန်း]]မှ ကောင်းစွာပြုစုဧည့်ခံပြီးနောက်တစ်နေ့၌ ဂျပန်သို့[[လေယာဉ်]]ဖြင့်ပို့ပေးလိုက်လေသည်။ လေယာဉ်မှာ ၂၁ ယောက်စီးလေယာဉ်ဖြစ်ပြီး ရာသီဥတုမကောင်းသောကြောင့် [[ကျူရှူကျွန်း]]တွင်ဝင်ရောက်ရပ်နားရလေသည်။ [[တိုကျိုမြို့]]သို့ရောက်ပြီး ခေတ္တနားနေပြီးလျှင် ဟာကိုနီ တောင်စခန်းမြို့လေးသို့ပို့၍ ရက်အတန်ကြာ အနားယူစေသည်။ ဂျပန်စစ်အရာရှိများဖြစ်ကြသော [[ဗိုလ်မှူးကြီး ကာဝါရှီးမား]]တို့က လာရောက်တွေ့ဆုံလျက် ဂျပန်ပြည်တွင်နေထိုင်စဉ်အခါ ပြုမူပြောဆိုရမည့်အခြေအနေတို့ကို နည်းလမ်းပြသကြသည်။ ဂျပန်ပြည်၌ရှိနေစဉ် ဂျပန်နာမည်များကိုပြောင်းယူရန်၊ ဗမာဖြစ်ကြောင်းမည်သူ့ကိုမျှမပြောရန်နှင့် ဂျပန်အဝတ်အစားများကိုသာ ဝတ်ဆင်နေထိုင်ကြရန်မှာကြားခဲ့သည်။ သခင်ထွန်းအုပ်၏ ဂျပန်အမည်မှာ အီယှိဟာရအီယှီရို ဖြစ်သည်။
စာကြောင်း ၁၀၆ -
 
သခင်ထွန်းအုပ်သည် နယ်ချဲ့အင်္ဂလိပ်အစိုးရလက်မှ မြန်မာနိုင်ငံကိုတိုက်ခိုက်သိမ်းယူပြီးသည့်အခါ စစ်ရေးလှုပ်ရှားမှုများတွင် မပါဝင်ဘဲ အုပ်ချုပ်ရေးကိုသာ ဦးစီးဆောင်ရွက်မည်ဟု ဆုံးဖြတ်ခဲ့ပြီး ဗိုလ်နာမည်မခံယူဘဲ မူရင်းနာမည်အတိုင်းသာရှိစေခဲ့သူဖြစ်သည်။
 
== ဘဝနိဂုံး ==
၁၉၇၀-ခုနှစ်၊ ဇန်နဝါရီလ(၂၄)ရက်နေ့တွင် ရန်ကုန်မြို့၊ ကီလီလမ်း(ယခု ဝါးတန်းလမ်း) အမှတ်(၂၀၈) နေအိမ်၌ စိတ်ရောဂါဝေဒနာ ခံစားရပြီး ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ခင်တုတ်၊ မွေးစားသား မောင်နန်းမြင့် တို့ကျန်ရစ်ခဲ့သည်။<ref>၂ဝရာစု မြန်မာ့သမိုင်း သန်းဝင်းလှိုင်၊ ၂ဝဝ၉ ခု၊ မေလ၊ ကံကော်ဝတ်ရည် စာပေ။</ref>