အင်းဝမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ဓာတ်ပုံများ: +images
No edit summary
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၆၈ -
== အင်းဝမြို့ သမိုင်း ==
===ပထမအင်းဝ===
အင်းဝမြို့ကို စတင်တည်ထောင်သူမှာ [[အင်းဝမင်းဆက်]]ကို စတင်တည်ထောင်သူ တကောင်းမင်းဆက် [[သတိုးမင်းဖျား]] ဖြစ်သည်။ သတိုးမင်းဖျားသည် [[ပင်းယမြို့]]နှင့် [[စစ်ကိုင်းမြို့]]များကို အောင်နိုင်သိမ်းပိုက်ပြီးနောက် ပင်းယမြို့တွင် ခေတ္တစံနေတော်မူစဉ် မြန်မာသက္ကရာဇ် ၇၂၆-ခုနှစ်၊ တပေါင်းလဆန်း(၆)ရက်၊ အင်္ဂါနေ့ (အေဒီ-၁၃၆၄)တွင် အင်းဝမြို့ကို စတင်တည်ဆောက်ခဲ့သည်။ မြို့တည်သက္ကရာဇ်ကို ထုတ်ခွန်သ အင်းဝတည် ဟူ၍ အမှတ်သညာ ပြုခဲ့ကြသည်။ ကျောက်မျက်ရတနာတို့၏ မြို့တော်အဖြစ် တင်စားကာ ရတနာပူရ အင်းဝရွှေမြို့တော် ဟူ၍ ခေါ်ဝေါ်သမုတ်သည်။ ဧရာဝတီ၊ ဒုဋ္ဌဝတီ၊ စမုံ၊ ဇော်ဂျီ၊ ပန်းလောင် မြစ်ငါးခုဆုံရာအရပ်တွင် အင်းလေးခုကိုဖို့ပြီး ၁၃၆၅တွင် မြို့တော်ကို ရတနာပူရ ဟု၎င်း၊ နန်းတော်အား ရွှေဘုံသာ ဟု၎င်း သမုတ်သည်။ ထိုအချိန်မှအစပြုသည့် အင်းဝမင်းဆက် တစ်လျှောက်လုံးတွင် အင်းဝမှာ မြန်မာ မင်းနေပြည်တော်အဖြစ် အောက်ပြည်အရပ် ရာမညမှ [[မဂဒူး မင်းဆက်]]နှင့် စစ်ပြိုင်ပြုခဲ့ကြသည်။ မင်းဆက်များမှာ ရှမ်းမင်းများ (သို့) ရှမ်းသွေးနွယ်သောမင်းများဖြစ်ကြသည်။ ထို့ကြောင့်အင်းဝခေတ်ကို ပထမရှမ်းခေတ်ဟု ခေါ်ကြသည်။ အင်းဝမင်းဆက်မှ ဒုတိယမင်းဆက်ဖြစ်သူ [[မင်းကြီးစွာစော်ကဲ]]မှသည် စတုတ္ထမြောက် မင်းဆက်ဖြစ်သူ ဘုရင်[[ပထမမင်းခေါင်|မင်းခေါင်]] လက်ထက်များအထိ [[ဟံသာဝတီ]] မွန်ဘုရင် [[ရာဇာဓိရာဇ်]] နှင့် [[အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်]] ကို တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံးမင်းဖြစ်သည့် [[ရွှေနန်းကျော့ရှင်နရပတိ]] လက်ထက် အင်းဝ၏ အင်အားဩဇာ ယုတ်လျော့ ကျဆင်းချိန်တွင် အင်အားကြီးမားလာသည့် [[မိုးညှင်းစလုံ]] နှင့် ၎င်း၏သား [[သိုဟန်ဘွား]]တို့က အင်းဝကို သိမ်းပိုက်လိုက်ပြီး ရွှေနန်းကျော့ရှင်လည်း ကျဆုံးလေသည်။ ထို့နောက် သိုဟန်ဘွားမင်းပြုရာ ရက်စက်လွန်းလှသဖြင့် မြန်မာအမတ် [[မင်းကြီးရန်နောင်]]က ဦးဆောင်လုပ်ကြံလိုက်သည်။ မင်းကြီး ရန်နောင်အား မှူးမတ်တို့က နန်းအပ်သော်လည်း အခြား ရှမ်းစော်ဘွား တစ်ဦးဖြစ်သည့် [[အုန်းဘောင်ခုံမှိုင်း]]အား နန်းအပ်ရန် မှာကြားခဲ့ပြီး ရဟန်းပြုကာ တောထွက်သွားခဲ့သည်။ [[ဘုရင့်နောင်]] ဟံသာဝတီတွင် နန်းတက်ပြီးနောက်တွင် အင်းဝကို သိမ်းပိုက်ကာ ညီတော် မင်းရဲကျော်ထင်အား သတိုးမင်းစောဘွဲ့ဖြင့် အင်းဝဘုရင်ခံအဖြစ် နန်းအပ်ကာ အုပ်ချုပ်စေသည်။ ဘုရင့်နောင်နောက် [[နန္ဒဘုရင်]] လက်ထက်တွင် ဖြစ်ပေါ်လာသည့် နိုင်ငံတော်ပြိုကွဲမှု၏ အစမှာလည်း အင်းဝမှပင် ဖြစ်ရသည်။ နန္ဒဘုရင် နှင့် သတိုးမင်းစောတို့ ဆွေမျိုးများ အချင်းချင်း မသင့်မြတ်ရာမှ ဟံသာဝတီနှင့် အင်းဝတို့ စစ်ပြုရာ အင်းဝဘုရင် သတိုးမင်းစော ကျဆုံးပြီးနောက် နန္ဒဘုရင်က မင်းလက်ယာ၊ ၎င်းလွန်လျှင် သားတော် မင်းရဲကျော်စွာ တို့ကို နန်းအပ်သည်။ နောက်ပိုင်းတွင် ပြည်တွင်းရေး မငြိမ်သက်မှုများကြောင့် အင်းဝမှ မင်းရဲကျော်စွာလည်း ဟံသာဝတီသို့ ပြန်လည်ခေါ်ဆောင်ခံရကာ အင်းဝမှာ မင်းလစ်လပ်နေခဲ့ပြီး မြို့ပျက်ကြီးသဖွယ် နှစ်အတန်ကြာနေခဲ့ရသည်။
 
===ဒုတိယအင်းဝ===