မောင်အေး (ဒုတိယဗိုလ်ချုပ်မှူးကြီး): တည်းဖြတ်မှု မူကွဲများ
မောင်အေး (ဒုတိယဗိုလ်ချုပ်မှူးကြီး) (ပြင်ဆင်ရန်)
၀၃:၅၀၊ ၁၃ စက်တင်ဘာ ၂၀၂၁ ရက်နေ့က မူ
, ပြီးခဲ့သည့် ၈ လတည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
No edit summary |
No edit summary |
||
စစ်တိုင်းမှူးရာထူး ခန့်အပ်ရေးတွင်လည်းကောင်း၊ ဝန်ကြီးအဖွဲ့အတွင်း အပြောင်းအလဲများနှင့် ပတ်သက်ပြီး ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် SPDC နံပါတ် တစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြား အာဏာလွန်ဆွဲမှုများ ရှိသည်ဟု တပ်အသိုင်းအဝိုင်းမှ ထွက်ပေါ်လာသော သတင်းများအရ သိရှိရသည်။SPDC အဖွဲ့၏ အထက်ပိုင်း ရာထူး အဆင့်ဆင့်တွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပေါ် သစ္စာခံသူ အသီးသီးစီ ထားရှိရန် ကြိုးစားကြသည်ဟု နားလည် သဘောပေါက်ကြသည်။ ၂၀၀၅ ခုနှစ်တွင် နအဖ အစိုးရအဖွဲ့ကို ပျဉ်းမနားဒေသသို့ ပြောင်းရွှေ့ခြင်းကို သူ့အနေဖြင့် ဆန့်ကျင်ခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။
[[ဖိုင်:The Chairman of the State Peace and Development Council, Vice Senior General Maung Aye and the Vice President, Shri Mohd. Hamid Ansari witnessing the signing agreement, at Bayintnaung Yeikhta, Nay Pai Taw, in Myanmar.jpg|200px|frameless|right]]
အကဲခတ်သူများက ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးအား ဝိုင်းပိတ်ထားရန် ကြိုးစားလျက်ရှိသည်ဟု ယုံကြည်ကြသည်။ ၂၀၀၈ ခုနှစ်မေလတွင် အခြေခံဥပဒေအတွက် ဆန္ဒခံယူပွဲ ကျင်းပရန် ဆုံးဖြတ်ချက်ချမှတ်ရာတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒုတိယ ဥက္ကဋ္ဌဖြစ်သူကို အသိပေးခြင်း အကြံဉာဏ်ယူခြင်းမပြုခဲ့ပဲ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး ဂေါက်ရိုက်သွားစဉ် တီဗီမှ ကြေငြာချက်ထွက်ပေါ်လာမှ သိရှိရသည်ဟု ဆိုသည်။
ရာထူးမှ ဖြုတ်ချပြီး အကျယ်ချုပ်ချထားခြင်း ခံရသော ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် နှိုင်းယှဉ်လျှင် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးမှာ အမြဲတမ်း ဦးနှောက်ဉာဏ် နည်းသူ အဖြစ်ပြောဆိုလေ့ရှိကြသည်။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်အား မဖြုတ်ချမီ ပထမခြေလှမ်းအဖြစ် ၂၀၀၄ခုနှစ်တွင် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးက တရုတ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းစစ်ဆေးရေး တာဝန်ရှိသည့် အကောက်ခွန်ဝန်ထမ်းများ အပါအဝင် အရပ်ဘက်ဆိုင်ရာ ဝန်ထမ်းများအား အုပ်စုလိုက် အရေးယူခဲ့သည်။
|