လေးမောင်၊ သခင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး removed ZWSP
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၃ -
၁၉၃၁ ခုနှစ်တွင် [[ရန်ကုန်တက္ကသိုလ်]]မှ သိပ္ပံဘွဲ့ကို ရရှိခဲ့သော်လည်း ဗြိတိသျှ ကိုလိုနီ ပညာရေးစနစ်ကို ဆန့်ကျင် ကန့်ကွက်သောအားဖြင့် ဘွဲ့ကို ငြင်းပယ်ခဲ့သည်။ ၁၉၃၀ ပြည့်နှစ် စက်တင်ဘာလတွင် ကျင်းပသော ကျောင်းသားပေါင်းစုံနှင့် လူငယ်ပေါင်းစုံ အစည်းအဝေးကြီးက မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များ အစည်းအရုံး (All Burma Youth League) ကို ဖွဲ့စည်းခဲ့ရာ အမှုဆောင်အဖြစ် ပါဝင်လှုပ်ရှားခဲ့သည်။ သခင်လေးမောင်သည် တက္ကသိုလ်မှ သိပ္ပံဘွဲ့ကို လက်ခံရယူခြင်းမရှိဘဲ လူငယ်များစည်းရုံးရေးအတွက် ၁၉၃၂ ခုနှစ် ဒီဇင်ဘာလမှစ၍ အချိန်ပြည့် ပါဝင်လှုပ်ရှား ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များ အစည်းအရုံးတွင် အကျိုးဆောင်အဖြစ် တာဝန်ယူခဲ့သည်။
 
၁၉၃၄ ခုနှစ် မေလ (၃)ရက်နေ့တွင် သခင်လေးမောင်သည် နိုင်ငံရေးလှုပ်ရှားမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးလ ကျခံခဲ့ရသည်။ ထို့နောက် '[[တို့ဗမာအစည်းအရုံး]]ကြီး၌' ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၃၅ ခုနှစ် မေလ (၃၀)ရက်နေ့တွင် [[ရေနံချောင်းမြို့]] လည်ပေါ်တန်းဆောင်းကြီး၌လည်ပေါ်တန်ဆောင်းကြီး၌ ကျင်းပသော တို့ဗမာအစည်းအရုံး ညီလာခံကြီးက ဌာနချုပ် အလုပ်အမှုဆောင်များကို ရွေးချယ်တင်မြှောက်ခဲ့ရာ သခင်လေးမောင်သည် ဒုတိယ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။
 
၁၉၃၆ ခုနှစ် ဇွန်လ (၂၇)ရက်နေ့မှာ (၂၉)ရက်နေ့အထိ သုံးရက်တိုင် မြင်းခြံမြို့နယ် ကိုးခန်းတန်ဆောင်းကြီး၌ ကျင်းပခဲ့သော ဒုတိယအကြိမ်မြောက် ပြည်လုံးကျွတ် တို့ဗမာအစည်းအရုံးနှင့် လူငယ်များအစည်းအရုံးတို့၏ နှစ်ပတ်လည် ညီလာခံကြီးက သခင်လေးမောင်ကို ဌာနချုပ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
 
၁၉၃၈ ခုနှစ် ၊ မတ်လ (၂၂)ရက်နေ့တွင် [[ပြည်မြို့]] ဘောလုံးကွင်းရှိ ညီလာခံမဏ္ဍပ်ကြီး၌ ကျင်းပသော တတိယအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ တို့ဗမာအစည်းအရုံး ညီလာခံသဘင်ကြီးက သခင်လေးမောင်အား ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။
၁၉၃၇ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ရေနံမြေသပိတ်နှင့် ၁၉၃၈ ခုနှစ်တွင် ရန်ကုန် အထွေထွေသပိတ်ကို ဦးဆောင်ခဲ့သည်။ မြန်မာနိုင်ငံကို ဂျပန် သိမ်းပိုက်ပြီးနောက် ၁၉၄၃ ခုနှစ် ၊ ဩဂုတ်လ၌ မြန်မာအစိုးရအဖွဲ့တွင် ဆက်သွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။၁၉၅၀ခန့်အပ်ခြင်းခံရသည်။ ၁၉၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ အလုပ်သမားပါတီ၌ ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၅၅ ခုနှစ်မှ ၁၉၅၉ ခုနှစ်အထိ ကမ္ဘာငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ World Peace Congress)တွင် ဒုတိယဥက္ကဋ္ဌအဖြစ် ကမ္ဘာ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် မြန်မာနိုင်ငံ အလုပ်သမားပါတီမှ နုတ်ထွက်ခဲ့သည်။
 
၁၉၄၉ ခုနှစ် တွင် [[ဂျာမနီနိုင်ငံ]]၌ ကျင်းပသော တတိယ ကမ္ဘာ့လူငယ်ပွဲတော်သို့ တက်ရောက်ခဲ့သည်။ ထို့နောက် [[ဂျပန်နိုင်ငံ]]သို့ ဝင်ရောက်လည်ပတ်ခဲ့သည်။ ထိုနှစ်တွင်ပင် [[ဩစတြေးလျနိုင်ငံ]]၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်သို့ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် [[တရုတ်ပြည်သူ့သမ္မတနိုင်ငံ]]နှင့် [[ဆိုဗီယက်ပြည်ထောင်စု]]သို့ သွားရောက်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် [[ဘာလင်မြို့]]၌ ကျင်းပပြုလုပ်သည့် ကမ္ဘာငြိမ်းချမ်းရေးကွန်ဂရက် ဗြူရိုအစည်းအဝေး (Bureau Meeting of World Peace Congress) သို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။
စာကြောင်း ၁၄ -
သခင်လေးမောင်သည် ကျောင်းသားဘဝကပင် စာရေးဝါသနာပါခဲ့သည်။ တို့ဗမာအစည်းအရုံးဝင်အဖြစ်နှင့် နိုင်ငံရေးစာပေများ ရေးသားခဲ့သည်။ ဗမာ့ရေနံ ပြဿနာ ၊ ရာဇဝတ်မှု ပြဿနာများစာအုပ်များ ရေးသားခဲ့သည်။ ရာဇဝတ်မှုပြဿနာများစာအုပ်သည် ၁၉၆၃ ခုနှစ် အနုပညာစာပေဆိုင်ရာဆု(နိုင်ငံရေးစာပေဆိုင်ရာ ဒုတိယဆု)ချီးမြှင့်ခြင်းခံရသည်။ ထို့ပြင် ကမ္ဘာအနှံအပြားသို့ လှည့်လည်ခဲ့စဉ် အတွေ့အကြုံများကိုလည်း ဒေသန္တရဆောင်းပါးများအဖြစ် အများအပြား ရေးသားခဲ့သည်။
 
မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုတွင် စစ်တပ်တစ်အားတစ်တပ်တစ်အား ပါဝင်ခဲ့သော သခင်လေးမောင်သည် ၁၉၉ဝပြည့်နှစ် ၊ မတ်လ (၃)ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
 
==ကိုးကား==
<references/>