လာအိုနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၃၁၁ -
 
== ယဉ်ကျေးမှု ==
[[File:3 Nagas Feast.jpg|thumb|လာအိုဟင်းလျာ၏ ဥပမာတစ်ခု ]]
[[File:Markt Luang Prabang.jpg|thumb|300px|လာအိုနိုင်ငံတစ်နေရာရှိ ဈေးတစ်ခု]]
[[File:Phuan Girls.JPG|thumb|လာအိုအမျိုးသမီးများ ဆင်းဝတ်စုံကို ဝတ်ဆင်ထားပုံ ]]
လာအိုနိုင်ငံ၏ ယဉ်ကျေးမှုတွင် ဗုဒ္ဓဘာသာ၏ လွှမ်းမိုးမှုများ တွေ့ရသည်။ ဘာသာစကားမှအစ ဘုရား ၊ ကန် ၊ ကျောင်း ၊ စာပေ နှင့် အနုပညာများအထိ ဗုဒ္ဓဘာသာ၏ ရိုက်ခတ်မှုများစွာ ပါဝင်သည်။ လာအို တေးဂီတများကို ရိုးရာ တူရိယာများဖြင့် တီးခတ်ကြသည်။
[[File:Lao New Year, dancers.jpg|thumb|နှစ်သစ်ကူးပွဲတော်တွင် တွေ့ရသော လာအိုကချေသည်များ]]
 
ထေရဝါဒ ဗုဒ္ဓဘာသာသည် လာအိုယဉ်ကျေးမှုတွင် ကြီးစွာသော လွှမ်းမိုးမှု ရှိသည်။ ထိုသက်သေများကို နိုင်ငံတဝှမ်းလုံးတွင် တွေ့ရပြီး ဘာသာစကား၊ ဘုရားပုထိုးများ ၊ အနုပညာ နှင့် စာပေတို့ဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။ လာအိုယဉ်ကျေးမှု၏ အစိတ်အပိုင်း အများအပြားသည် ဗုဒ္ဓဘာသာ မတိုင်ခင်က ပေါ်ထွန်းခဲ့သည်များ ရှိသည်။ လာအို ဂီတအား အမျိုးသား တူရိယာ ဖြစ်သော ခန်း တူရိယာက လွှမ်းမိုးထားပြီး ၎င်းမှာ လေမှုတ်တူရိယာဖြစ်ကာ သမိုင်းမတင်မီ ခေတ်ကတည်းက ပေါ်ပေါက်ခဲ့သည်။ ခန်းအား မော်လမ် ဟု ခေါ်သော အဆိုတော်ဖြင့် တွဲဖက်ဖျော်ဖြေပြီး ကျေးလက်ရိုးရာဂီတ၏ ထင်ရှားသော စတိုင်လ် ဖြစ်သည်။
 
ကောက်ညှင်းသည် အဓိကစားစရာ ဖြစ်ပြီး လာအိုလူမျိုးတို့အတွက် ယဉ်ကျေးမှုနှင့် ဘာသာရေးအရ အရေးပါမှု ရှိသည်။ ကောက်ညှင်းအား သာမန်ဆန်ထက် ပို၍ နှစ်သက်ကြပြီး ကောက်ညှင်းစိုက်ပျိုးခြင်းသည် လာအိုနိုင်ငံတွင် စတင်သည်ဟု ယူဆကြသည်။ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ လူမျိုးစုအများကြားနှင့် ကွဲပြားခြားနားသော ပတ်ဝန်းကျင်တို့ကြားတွင် များပြားလှစွာသော ရိုးရာနှင့် ရိုးရာလုပ်ထုံးများ ရှိကြသည်။ ဥပမာအားဖြင့် လွမ်ပရာဘွမ်ရှိ ခမ်မူး လယ်သမားများသည် ခေါင်ခမ် ဆန်အမျိုးအစားကို လယ်တောအိမ်၏ အနီးတွင် ကွယ်လွန်ပြီးသော မိဘများအား သတိရခြင်း အနေနှင့် အနည်းငယ် စိုက်ပျိုးလေ့ ရှိပြီး စပါးခင်း၏ အစပ်တွင် စိုက်ပျိုးသည် ဆိုပါက မိဘများ အသက်ရှင်ဆဲဟု အဓိပ္ပာယ်ရသည်။ <ref>{{cite web|url=http://www.adb.org/Evaluation/case-studies/LAO/Evaluation-Synthesis-on-Rice.pdf|archive-url=https://web.archive.org/web/20070702234215/http://www.adb.org/Evaluation/case-studies/LAO/Evaluation-Synthesis-on-Rice.pdf|archive-date=2 July 2007|title=Evaluation Synthesis of Rice in Lao PDR|access-date=27 June 2010}}</ref>
 
ဆင်း ဝတ်စုံသည် လာအိုအမျိုးသမီးတို့ နေ့စဉ် ဝတ်ဆင်သော ရိုးရာအဝတ်အစား ဖြစ်သည်။ ၎င်းသည် လက်ဖြင့် ယက်လုပ်သော ပိုးထည်ထမီ ဖြစ်ပြီး အမျိုးသမီးတို့၏ ဝတ်ဆင်ပုံကိုလိုက်၍ အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုနိုင်သည်။
 
ဆန်ကို အဓိက စားသုံးကြပြီး ရိုးရာ အစားအသောက်များလည်း ရှိသည်။
[[File:3 Nagas Feast.jpg|thumb|300px|စားချင်စဖွယ် လာအိုအစားအစာတစ်မျိုး]]
===ရုပ်ရှင်===
===ပွဲတော်များ===