လာအိုနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၀၈ -
[[File:Hmong girls in Laos 1973 2.jpg|thumb|right|upright|မုံ မိန်းကလေးများကို လာအိုတွင် တွေ့ရပုံ၊ ၁၉၇၃]]
 
၁၉၉၃ ခုနှစ်တွင် ယခင်က မုံ စစ်သားဟောင်း တစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံရှိ အကြီးဆုံး မုံ ဒုက္ခသည်စခန်း၏ ခေါင်းဆောင်ဖြစ်သော ဗူးမိုင် အား ဘန်ကောက်ရှိ အမေရိကန်သံရုံးမှ နေရပ်ပြန်လည်စေလွှတ်ခြင်း အစီအစဉ် အောင်မြင်ကြောင်း ပြသရန် အတွက် လာအိုသို့ ပြန်သွားရန် တာဝန်ပေးခြင်းခံရပြီးနောက် ဗီယန်ကျင်းတွင် ပျောက်ကွယ်သွားခဲ့သည်။ အမေရိကန် ဒုက္ခသည် ကော်မတီ၏ အဆိုအရ သူ့အား လာအို လုံခြုံရေးတပ်များမှ ဖမ်းဆီးသွားပြီး နောက်တစ်ဖန် ပြန်မတွေ့ရတော့ပေ။<ref>{{Cite web|url=http://articles.philly.com/1994-05-01/news/25827599_1_vang-pao-vientiane-lao-government|title=Hmong Leader's Vanishing In Laos Reverberates in U.S.|access-date=6 September 2016}}</ref> ဗူးမိုင်၏ အဖြစ်အပျက် ဖြစ်ပွားပြီးနောက်တွင် လာအိုသို့ မုံလူမျိုးများ နေရပ်ပြန်ပို့မည့် အစီအစဉ်နှင့် ပတ်သက်၍ အငြင်းအခုံများ အလွန်ပင် ရေချိန်မြင့်တက်လာခဲ့ပြီး အထူးသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ကာ အမေရိကန်တွင် ကွန်ဆာဗေးတစ်များနှင့် အချို့သော လူ့အခွင့်အရေးလှုပ်ရှားသူများမှ ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြသည်။ ၁၉၉၅ ခုနှစ် အောက်တိုဘာ ၂၃ ခုနှစ်တွင် နေရှင်နယ်ရီဗြူး မဂ္ဂဇင်းတွင် ပါရှိသော ယခင် ဟယ်ရီတေ့ချ်ဖောင်ဒေးရှင်း၏ နိုင်ငံခြားရေးရာ ပေါ်လစီကျွမ်းကျင်သူနှင့် ရီပတ်ဘလစ်ကင် အိမ်ဖြူတော် အကူ ဖြစ်ခဲ့သူ မိုက်ကယ်ဂျွန်၏ ဆောင်းပါးတွင် ကလင်တန် အစိုးရ၏ မုံ နေရပ်ပြန်လည်ပို့ဆောင်ရေး ပေါ်လစီကို သစ္စာဖောက်မှု အဖြစ် တံဆိပ်ကပ်ပြီး မုံလူမျိုးများအား "အမေရိကန်တို့၏ ပထဝီနိုင်ငံရေး အကျိုးစီးပွားကို ကာကွယ်ရင်း သွေးမြေကျသူများ" ဟု ဖော်ပြခဲ့သည်။ <ref name="web.archive.org">{{CiteJohns, Michael (23 October 1995) [https://web|url=.archive.org/web/20070705214752/http://articles.phillyfindarticles.com/1994-05-01p/newsarticles/25827599_1_vang-pao-vientiane-lao-government|title=Hmongmi_m1282/is_n20_v47/ai_17443642 Leader's"Acts Vanishingof InBetrayal: LaosPersecution Reverberatesof in U.SHmong"].|access-date=6 September''National 2016}}Review''.</ref> ထိုပြဿနာနှင့် ပတ်သက်၍ ငြင်းခုံဆွေးနွေးမှုများ အလျှင်အမြန်ပင် အရှိန်တက်လာခဲ့ပြီး ရီပတ်ဘလစ်ကင် ဦးဆောင်သော အမေရိကန် ဆီးနိတ်လွှတ်တော် နှင့် အောက်လွှတ်တော် နှစ်ရပ်စလုံးမှ ထိုင်းနိုင်ငံအခြေစိုက် မုံလူမျိုးများကို အမေရိကန်ပြည်ထောင်စုတွင် အလျှင်အမြန် နေရာချထားပေးရန် ဘဏ္ဍာငွေကို ချပေးခဲ့သည်။ ကလင်တန်ကမူ ထိုဥပဒေကို ဗီတိုအာဏာဖြင့် ပယ်ဖျက်မည်ဟု တုံ့ပြန်ခဲ့သည်။
 
နေရပ်ပြန်ပို့မည့် အစီအစဉ်ကို ဆန့်ကျင်သည့် အနေဖြင့် ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကင် ကွန်ဂရက်လွှတ်တော် အမတ်တို့သည် လာအိုတို့၏ အစိုးရအနေနှင့် မုံလူမျိုးတို့၏ လူ့အခွင့်အရေးကို စနစ်တကျ ချိုးဖောက်နေခြင်း မဟုတ်ဆိုသည့် ကလင်တန်အစိုးရ၏ ရပ်တည်မှုကို စိမ်ခေါ်ခဲ့ကြသည်။ အမေရိကန် ကိုယ်စားလှယ် စတိဗ်ဂန်းဒါဆင် က ဥပမာ အနေနှင့် မုံတို့ စုဝေးရာတွင် ပြောကြားခဲ့သည်မှာ "ကျွန်တော့် အနေနဲ့ ကျွန်တော်တို့အစိုးရကို ဆန့်ကျင်ပြီး ခင်ဗျားတို့ အမှန်အတိုင်း မပြောဘူး ဆိုတာ ပြောနေရတာကို ပျော်နေတာတော့ မဟုတ်ဘူး။ ဒါပေမယ့် အမှန်တရားနဲ့ တရားမျှတမှုကို ခုခံကာကွယ်ဖို့ လိုအပ်တယ် ဆိုရင်တော့ လုပ်ရမှာပဲ။" ဟူ၍ ဖြစ်သည်။<ref name="web.archive.org" /> ရီပတ်ဘလစ်ကင် တို့အနေနှင့် မုံလူမျိုးတို့ ဖိနှိပ်ခံနေရကြောင်း စွပ်စွဲချက်များကို ကွန်ဂရက်ကြားနာမှုများ မကြာခဏ ပြုလုပ်ခဲ့ပြီး မုံလူမျိုးတို့ကို နေရပ်သို့ပြန်ပို့သည်ကို သူတို့အနေနှင့် ဆန့်ကျင်ရာတွင် ထောက်ခံမှုများ ပိုမိုရရှိစေရန် ကြိုးစားခဲ့ကြောင်း ထင်ရှားသည်။