ပါဠိ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁ -
{{Infobox language
|name=ပါဠိ
|nativename={{lang|pi|}} Pāli
|pronunciation=
|states=အိန္ဒိယတိုက်ငယ်
Line ၄၀ ⟶ ၃၉:
 
ဤပါဠိဘာသာသည် မြန်မာနိုင်ငံသို့ အနော်ရထာ မင်းစော လက်ထက်မတိုင်မီကပင် ရောက်နေသော်လည်း အရှင်အရဟံ၏ကျေးဇူးကြောင့် အနော်ရထာမင်းစော လက်ထက်ကျမှပင် ဖွံ့ဖြိုးတိုးတက်ခဲ့ပေသည်။ ထိုအခါမှစ၍ ဗုဒ္ဓဝါဒီမြန်မာဘုရင်များသည် ပါဠိဘာသာကိုလွန်စွာ အားပေးမြှောက်စား တော်မူခဲ့ကြကုန်၏။ ထို့ကြောင့်ပင် ပုဂံခေတ်ကမြန်မာနိုင်ငံတွင်ပါဠိ ဘာသာကို လူတိုင်းလေ့လာကြသည်။ မိန်းကလေးများပင် ထမင်းချက်ရင်း ရေခပ်ရင်း ပါဠိဘာသာကို လေ့လာလိုက်စား ကြကြောင်း အမှတ်အသားများရှိသည်။ ထိုစဉ်အခါက အချို့မိန်းမများသည်ပင် ပါဠိစာပေများကို သူတစ်ပါးအား ချပို့နိုင်ကြောင်း၊ ကျမ်းဂန် များရေးသားနိုင်ကြောင်းများလည်း မှတ်တမ်းရှိသည်။ ဝိဘတျတ္ထမည်သော သဒ္ဒါငယ်ကျမ်းကား ကျစွာ မင်းကြီး၏သမီးတော်တစ်ပါး ရေးသားသော သဒ္ဒါငယ်ကျမ်းတစ်စောင်ဖြစ်သည်။ ထိုပြင်ကျစွာမင်းကြီးသမီးတော် သံပျင်မင်းသမီး စာပေပို့ချသည်ကို ရဟန်းတော်များပင်လိုက် နာသင်ကြား ကြကြောင်း၊ တပည့်ရဟန်းတစ်ပါး သံပျင်မင်းသမီးကို စုံမက်သဖြင့် မင်းကြီးထံတောင်းဆိုးသည်တွင် ကျမ်းတစ်စောင် တစ်ဖွဲ့ရေးသားနိုင်မှ သမီးတော်နှင့်စုံဖက်နိုင်မည်ဟု ဘုရင်ကြီး အမိန့်ရှိချက်အရ နျာသကျမ်း၏ အဖွင့်ဖြစ်သော ဋီကာကျမ်းကို ပါဠိဘာသာဖြင့် ရေးသားဆက်သွင်းလေရာ ဘုရင်ကြီးကျေနပ်နှစ် သိမ့်တော်မူပြီးလျှင် သမီးတော်နှင့်ထိမ်းမြားတော်မူကြောင်း ရာဇဝင်တွင်အဆိုရှိသည်။ ယခုခေတ်တွင်ကား ပါဠိဘာသာကို ဘုန်းတော်ကြီး ကျောင်းများနှင့် တက္ကသိုလ်ကျောင်းများတွင် သာသင်ကြား လေ့လာလျက်ရှိတော့သည်။ ရှေးကလိုအားသွန်ကြိုးပမ်း လူတိုင်းမလေ့လာကြတော့ပေ။ အမှန်စင်စစ်မှာ ဗုဒ္ဓဝါဒီ ပုဂ္ဂိုလ်တိုင်းလေ့လာသင်ယူဖို့သင့်ပေသည်။ အကြောင်းမှာ မြတ်စွာဘုရားဆုံးမ ဟောပြတော်မူချက် မဂ်ဖိုလ်နိဗ္ဗာန်ရောက်ရန် လမ်းအသွယ်သွယ် ပိဋကတ်စာပေထဲမှာပင်ရှိပေသည်။ ပိဋကတ်စာပေဟူသည် ပါဠိဘာသာ၌တည်ဆောက်ထားပေသည်။ မြန်မာဘာသာပြန်ပြန်ပြီး ပိဋကတ် စာပေတွေရှိပါသော်လည်း ပါဠိဘာသာကိုကိုယ်တိုင်ကိုယ်ကျ တတ်သိနားလည်ပြီးသူ တစ်ယောက်ကိုယ် တိုင်လေ့လာသလောက် သဘောမပေါက်နိုင်ပေ။ ထိုပြင် မြန်မာဘာသာအတွင်းသို့လည်း သီလ သမာဓိ ပညာ စသောပါဠိဝေါဟာရများကိုတတ်နိုင် သရွေ့ထည့်သွင်း သုံးနှုန်းစေသဖြင့် ယခုအချိန်အထိပါဠိသည် မြန်မာဘာသာဟုပင် အထင်မှားလောက်အောင်တွင်ကျယ်လျက်ရှိနေပေသည်။ မြန်မာဘာသာဖြင့် ရေးသားပြုစုကြသည့် ကျမ်းစာများတွင် ထိုပါဠိဝေါဟာရတွေကိုပါ ထည့်သွင်း ရေးသားထားလေ့ရှိကြသဖြင့် ပါဠိကိုမကျွမ်းကျင်က မြန်မာဘာသာကို ထိရောက်စွာတတ်မြောက် သည်ဟု ဝန်ခံရန်ခဲယဉ်းပေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)</ref>
 
== ဘာသာဗေဒ ==
 
=== အက္ခရာများ ===
ပါဠိဘာသာ၌ အသုံးပြုသည့် အက္ခရာအရေအတွက်မှာ (၄၁) လုံး ရှိ၏။ ယင်း အက္ခရာ (၄၁) လုံးကို သရ (၈) လုံးနှင့် ဗျည်း (၃၃) လုံး ဟူ၍ နှစ်မျိုး ခွဲခြားထားသည်။<ref>အခြေပြုပါဠိသဒ္ဒါ၊ ဦးမြင့်ဆွေ (မဟာဝိဇ္ဇာ - လန်ဒန်) [http://www.kbrl.gov.mm/book/download/000317]</ref>
 
=== သရ (၈) လုံး ===
သရ (၈) လုံးတို့မှာ "အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ" တို့ ဖြစ်ကြသည်။
 
 
 
 
"https://my.wikipedia.org/wiki/ပါဠိ" မှ ရယူရန်