ပါဠိ: တည်းဖြတ်မှု မူကွဲများ

→‎သရ (၈) လုံး: ဗျည်း ၃၃-လုံး
စာကြောင်း ၄၃ -
 
=== အက္ခရာများ ===
ပါဠိဘာသာ၌ အသုံးပြုသည့် အက္ခရာအရေအတွက်မှာ (၄၁) လုံး ရှိ၏။ ယင်း အက္ခရာ (၄၁) လုံးကို သရ (၈) လုံးနှင့် ဗျည်း (၃၃) လုံး ဟူ၍ နှစ်မျိုး ခွဲခြားထားသည်။<ref name=":0">အခြေပြုပါဠိသဒ္ဒါ၊ ဦးမြင့်ဆွေ (မဟာဝိဇ္ဇာ - လန်ဒန်) [http://www.kbrl.gov.mm/book/download/000317]</ref>
 
=== သရ (၈) လုံး ===
သရ (၈) လုံးတို့မှာ "အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ" တို့ ဖြစ်ကြသည်။<ref name=":0" />
{| class="wikitable"
|+
စာကြောင်း ၈၄ -
|}
 
ထိုသရ (၈) လုံးတွင် "အ,အာ။ ဣ, ဤ။ ဥ, ဦ" တို့သည် အခြေခံသရများဖြစ်၍ "'''မူလသရ'''" ဟု ခေါ်သည်။ "ဧ, ဩ" သရတို့ကား ထိုမူလသရများမှ တိုးတက်ဖြစ်ပေါ်လာသော သရများဖြစ်၍ "'''ဂုဏသရ'''" ဟု ခေါ်သည်။ ဆိုလိုသည်မှာ "'''ဧ'''"သရသည် "အ/အာ+ဣ/ဤ"တို့ကို ပေါင်းစပ်၍ တိုးတက်ဖြစ်ပေါ်လာရသော သရဖြစ်သည်။ "'''ဩ'''"သရသည် "အ/အာ+ဥ/ဦ"တို့ကို ပေါင်းစပ်၍ တိုးတက်ဖြစ်ပေါ်လာသော သရဖြစ်သည်။<ref name=":0" />
 
မူလသရ (၆) လုံးတွင် "အ၊ ဣ၊ ဥ" တို့သည် အသံတိုသောကြောင့် '''ရဿသရ''' (အရတို) မည်၏။ "အာ၊ ဤ၊ ဦ" တို့သည် အသံရှည်သောကြောင့် '''ဒီဃသရ''' (သရရှည်) မည်၏။ "အ၊ အာ"သည် အသံတို-ရှည် တစုံ။ "ဣ၊ ဤ"သည် အသံတို-ရှည် တစုံ။ "ဥ၊ ဦ"သည် အသံတို-ရှည် တစုံ။ ဤသို့အားဖြင့် မူလသရ (၆)လုံးမှာ အသံတို-ရှည် ၃-စုံဖြစ်သည်။<ref name=":0" />
 
'''မူလသရ - အ,အာ။ ဣ, ဤ။ ဥ, ဦ။'''
စာကြောင်း ၉၂ -
'''ဂုဏသရ - (အာ)။ ဧ။ ဩ။'''
 
[မှတ်ချက် ။ ။ ပါဠိဘာသာ၌"မူလသရ၊ ဂုဏသရ"ဟူ၍ သရအဆင့် ၂-ဆင့်သာရှိ၏။ သက္ကတဘာသာ၌ကား "အဲ၊ အော် (ဪ)"ဟူ၍ တတိယဆင့် အဖြစ် ဝုဒ္ဓိသရ ထားရှိသည်။ "အဲ"သည် 'ဧ'၏ ဝုဒ္ဓိသရဖြစ်၍၊ "အော်" (ဪ)သည် 'ဩ'၏ ဝုဒ္ဓိသရ ဖြစ်သည်။]<ref name=":0" />
 
=== ဗျည်း ၃၃-လုံး ===
ဗျည်းများကို ဝဂ်ဗျည်းနှင့် အ-ဝဂ်ဗျည်းဟူ၍ နှစ်မျိုးခွဲထား၏။ '''<nowiki/>'ဝဂ်ဗျည်း'<nowiki/>''' ဟူသည် အုပ်စုအားဖြင့် စုစည်းထားသော ဗျည်းများသာ ဖြစ်၏။ '''<nowiki/>'အ-ဝဂ်ဗျည်း'''' ဟူသည် အုပ်စုမှလွတ်သော ဗျည်းများကို ဆိုလိုသည်။ 'ဝဂ်ဗျည်း'မှာ ၂၅-လုံးရှိ၍ 'အ-ဝဂ်ဗျည်း'မှာ ၈-လုံးရှိသည်။<ref name=":0" />
 
ယင်းဗျည်းများမှာ အောက်ပါအတိုင်း ဖြစ်၏။
 
=== ဝဂ်ဗျည်း ၂၅ လုံး ===
{| class="wikitable"
|+
!အသံဖြစ်ပေါ်ရာ အရပ်များ (ဌာန်)
!ပထမ
!ဒုတိယ
!တတိယ
!စတုတ္ထ
!ပဉ္စမ
!ဝဂ်
|-
|၁-ကဏ္ဍဇ
(လည်ချောင်းအရပ်၌ ဖြစ်သောအက္ခရာများ)
|က
(ka)
|ခ
(kha)
|ဂ
(ga)
|ဃ
(gha)
|င
(ṅa)
|(က-ဝဂ်)
|-
|၂-တာလုဇ
(အာစောက်အရပ်၌ ဖြစ်သောအက္ခရာများ)
|စ
(ca)
|ဆ
(cha)
|ဇ
(ja)
|ဈ
(jha)
|ဉ
(ña)
|(စ-ဝဂ်)
|-
|၃-မုဒ္ဓဇ
(လျှာထိပ်အရပ်၌ ဖြစ်သောအက္ခရာများ)
|ဋ
(ṭa)
|ဌ
(ṭha)
|ဍ
(ḍa)
|ဎ
(ḍha)
|ဏ
(ṇa)
|(ဋ-ဝဂ်)
|-
|၄-ဒန္တဇ
(သွားအရပ်အရပ်၌ ဖြစ်သောအက္ခရာများ)
|တ
(ta)
|ထ
(tha)
|ဒ
(da)
|ဓ
(dha)
|န
(na)
|(တ-ဝဂ်)
|-
|၅-သြဋ္ဌဇ
(နှုတ်ခမ်းအရပ်၌ ဖြစ်သောအက္ခရာများ)
|ပ
(pa)
|ဖ
(pha)
|ဗ
(ba)
|ဘ
(bha)
|မ
(ma)
|(ပ-ဝဂ်)
|}
 
==ကိုးကားအညွှန်းများ==
{{Reflist|}}
"https://my.wikipedia.org/wiki/ပါဠိ" မှ ရယူရန်