သိကြားမင်း: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၃၅ -
 
====အသူရာ၏သမီး သူဇာ====
လူ့ပြည်မှ သေလွန်သော် အသူရာပြည်၌ ဝေပစိတ္တိအသုရာနတ်မင်းကြီး၏ သမီးတော်ဖြစ်၏။ ဗျိုင်းဘဝ၊ လူ့ဘဝက သီလအကျိုးသည် အသုရာဘဝတွင် အလွန်တရာလှပသော အကျိုးကို ပေးလေသည်။ လက်ထက်ထိမ်းမြားဖို့ရာ ဖခင်ဖြစ်သူက အသုရာအစည်းအဝေးကျင်းပ၏။ ဤသည်ကို သိကြားမင်း သိ၏။ ထို့ကြောင့် အသုရာယောင် ဖန်ဆင်းကာ အစည်းအဝေးသို့သွား၏။ ဖခင်ဖြစ်သူက မိမိနှစ်သက်သူ၏ အထက်သို့ ပန်းကုံးပစ်ပါဟု ပြောသည့်အခါ ရှေးဘဝရေစက်ကြောင့် သိကြားမင်းကို ချစ်မြတ်နိုးမိသည့် သူဇာသည် သိကြားမင်း၏ အထက်သို့ ပစ်လေသည်။ ထိုအခါ သိကြားမင်းသည် သူဇာ၏ လက်မောင်းကို ဆွဲကာ ကောင်းကင်သို့ ပျံတက်သွား၏။ အသုရာတို့ကိုအသုရာတို့က လိုက်ကြသော်လည်း မင်းကြီးက မလိုက်ရန် ပြောသဖြင့် ဆက်မလိုက်ကြတော့ပေ။
 
ဤသို့ဖြင့် သိကြားမင်းတွင် လူ့ဘဝကတည်းက ရေစက်ပါလာသည့် မိဖုရားကြီးလေးဦးရှိပေသည်။ (ဝိမာဋ္ဌအထာကထာ၌ သိကြားမင်းတွင် မိဖုရားကြီး ၁၆၀၀ ရှိသည်ဟု ဆိုသည်။)<ref name="နတ်ဒေဝါများ"/>